Your Excellency အဆွေတော်

မြန်မာစာအရေးအသား ခဏထားပြီး နိုင်ငံရေးစကား ခပ်ပါးပါးပြောအုန်းမယ်။ (ဟယ်လရီ) တို့၊ (အိုဘားမား) တို့လာတော့ NLD ကို အမေရိကားနဲ့ပေးစားကြတယ်။ တရုပ်ကလည်း ဒေါ်စုကို အနောက်အုပ်စုမျက်မှန်တပ်ကြည့်တယ်။ (ယူအက်စ်အေ) က (ဆန်ရှင်) ထပ်တိုးတဲ့ရက်မှာပဲ NLD ကတင်တဲ့သမတ (ဗလာဒီမာ ပူတင်) နဲ့ မော်စကိုမှာ တွေ့ကြတော့ ရုရှားနဲ့ပေးစားကြအုန်းမယ်။

လူတချို့က နိုင်ငံရေးမှာ အခုတွေ့အခုကြိုက်လုပ်ရတယ်လို့ ထင်နေတယ်။ အကြင်လင်မယားမပြောနဲ့ မိတ်ဆွေအဖြစ် သတ်မှတ်လို့ရတဲ့ တိုင်းပြည်ဆိုတာ ၁၉၅ နိုင်ငံထဲမှာ တခုမှမရှိပါ။

(ပူတင်) ကနေ ဦးထင်ကျော်ကို (မစ္စတာ ပရင့်ဆီးဒင့် အင် မိုင်ကူးလိခ်စ်) လို့ နှုတ်ခွန်းဆက်တယ်။ ဦးထင်ကျော်ကလည်း (ယူအာ အိတ်ဆယ်လင်စီ) လို့ ပြန်နှုတ်ဆက်တယ်။ ဟိုအရင် ဆိုဗီယက်ခေတ်တုန်းကတော့ (ကရင်မလင်) ထဲမှာ ကွန်မြူနစ်ခေါင်းဆောင်တွေက (ဒီးယား ကွန်းမရိတ်) လိုပဲသုံးတယ်။ အများရှေ့မှာတော့ အဲလိုပဲပြောဆိုကြရတာပါ။

အိမ်ဖြူတော်၊ ကရင်မလင်နန်းတော်နဲ့ နေပြည်တော်မှာတော့ တကယ့်နိုင်ငံရေးပဲလုပ်ကြရတယ်။

ဟင်နရီ ကစ်ဆင်ဂျာ = သံတမန်အသုံးတွေ လုပ်မနေပါနဲ့ဗျာ။ ကျွန်တော့်ကို အဆွေတော်လို့သာခေါ်ပါ။

ဒေါက်တာတင့်ဆွေ
၁၉-၅-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး