Media နာခံတတ်သောတပည့်

ပို့စ်တခု = ဒီသတင်းစာ ဘယ်ကထုတ်သလဲ၊ ဒါကဘယ်လိုဖြစ်ရတာလဲ။ အယ်ဒီတာတွေပြန်စစ်သင့်၏။ Aung San တို့က ဘာဖြစ်လို့ ဖြုတ်ခဲ့ရတာလဲ။ ဒီအသုံးမျိုးသည် တခါက ထောက်ချုပ်ထောက်ပြုတ် ခင်ညွှန့်တို့ စော်ကားမော်ကား သုံးခဲ့ကြတဲ့အသုံးမျိုး ဖြစ်ပါ၏။ ခေါင်းကြီးပိုင်းစာလုံးတွေမှားတာ လုံးဝမဖြစ်သင့်ပါဘူး။ (အရှင်နန္ဒမာလာ)

အခုထိ စစ်အစိုးရနဲ့ စစ်ထောက်လှမ်းရေးကနေ သင်ပေးခဲ့တဲ့၊ အမိန့်နဲ့လုပ်ထားခဲ့တဲ့ အသုံးအနှုန်းအခေါ်အဝေါ်တွေကို မြိန်ရေယှက်ရေသုံးနေသူတွေ ရှိနေသေးတယ်။ မီဒီယာတချို့ကလည်း သိပါလျှက်ကနဲ့ အဲလိုသုံးနေတာဖြစ်တယ်။

(ဘိန်းဘုရင်ခွန်ဆာ) ကနေ (ဦးခွန်ဆာ)၊ (သူပုန်ဗိုလ် ဘိုမြ) ကနေ (ဖထီး စောဘိုမြ) ဖြစ်လာခဲ့တယ်။ (စုကြည်) ကတော့ အခုထိ Suu Kyi ဖြစ်နေတုန်းပဲ။ နာမည်ကရှည်လို့ သတင်းခေါင်းစဉ်မှာအဆင်မပြေရင် ဒေါ်စုပေါ့။ ရသလောက်တော့ နောက်ပြန်ဆွဲနေတုန်းပဲ။

ဒေါက်တာတင့်ဆွေ
၁၇-၅-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး