Posts

Showing posts from January, 2016

A Clarification ရှင်းလင်းချက်

Image
ကျွန်တော့်ပို့စ်တခု = Dr. Tin Mar Aung ဒေါက်တာတင်မာအောင် ကွန်မင့် (၁) = MrChit Htwe dr စိုင်းခမ်းလိတ် တို့လို့ စိတ်ထားမျိုး မထား နိုင်တာပဲ အနားယူသွားတဲ့ လူကို အပြစ်တင် ကွန်မင့် (၂) = Ko Oo Naing ပြည်သူတရပ်လုံးကိုယ်စား အမေ့ကို အနီးကပ် လိုလေသေးမရှိပြုစုစောင့်ရှောက်ပေးတဲ့ Dr တင်မာအောင်ကို ပြောမပြတတ်အောင် ကျေးဇူးအထူးတင်ရှိပါတယ်။ အနာဂတ်တိုင်းပြည်ရဲ့ ခေါင်းဆောင် PA ကို နားလည်ပေးစေချင်ပါတယ် ဆရာခင်ဗျား ကွန်မင့် (၃) = Pe Thet Han ဘာကိုဆိုလိုချင်တာလဲ။ ရင်ထဲက အမှတ်အတေးနဲ့ မကျေနပ်နေတာလား။ မဖြစ်သင့်ပါ။ ဒီအချိန်မှာ ပိုပြီးညီညွတ်သင့်ပါတယ်။ • ဒေါက်တာစိုင်းခမ်းလိတ်အဖြစ်တာတော့ မသိပါ။ သူက ကျွန်တော်သူငယ်ချင်းပါ။ • ဒေါက်တာတင်မာအောင်ကိုလည်း ဆရာဝန်ချင်းဖြစ်လို့ မောင်နှမလို့ပဲသဘောထားပါတယ်။ လေးစာပါတယ်။ သူ့နောက်ခံကို သူနဲ့ဌာနတခုတည်းမှာ အလုပ်လုပ်ခဲ့တဲ့ ကျွန်တော့်သူငယ်ချင်းအရင်းကိုလည်း ဟိုအရင်ကတည်းက မေးမြန်းထားပြီးဖြစ်ပါတယ်။ • ကျွန်တော်ရေးတာက ဒေါက်တာတင်မာအောင်မှားတယ်လို့ ရေးတာမဟုတ်ပါ။ သူက သူ့တာဝန်အရ အတိအကျ အကြောင်းကြားတယ်။ ကျွန်တော်ကလည်း သူပြောတဲ့အတိုင်း တလုံးမကျန် အစည်းအဝေးမှာပြောပြတယ်။ တကယ်လုပ်သွားတ

Dr. Tin Mar Aung ဒေါက်တာတင်မာအောင်

Image
ဒေါ်စုရဲ့ ကိုယ်ရေးအရာရှိ ဒေါက်တာတင်မာအောင် လက်ရှိတာဝန်ကနေ အနားယူတော့မယ်တဲ့။ အမှတ်ရတာလေးတခု ရှိပါတယ်။ ၂ဝ၁၁ တုံးက အိန္ဒိယကို ဒေါ်အောင်ဆန်းစုကြည့်လာတော့မယ်ဆိုတော့ ပြင်ကြဆင်ကြရပါတယ်။ အိန္ဒိယကနေ ဒေါ်စုကို ဖိတ်တာကလည်း နိုင်ငံခေါင်းဆောင်တယောက်အဆင့်နဲ့ အလားတူဖြစ်လို့ ဒေါ်စုသွားမယ့်လာမယ်ခရီးစဉ်တွေ၊ တွေမယ့်သူတွေ၊ လုံခြုံရေးစတာတွေအသေးစိတ်ကို အစိုးရကနေတာဝန်ယူပါတယ်။ Protocol department ကနေ အားလုံးစီစဉ်တယ်။ တခြားအစီအစဉ်တွေနဲ့အတူ မြန်မာကွန်မြူနတီနဲ့ပါတွေ့ဘို့ပါတယ်။ ဒေါ်စုသိထားတာက သူဆုရတဲ့ငွေနဲ့ ဖွင့်ထားတဲ့ Prospect Burma ကျောင်းသာရှိတော့ (ပရိုတိုကော်လ်) အရာရှိတွေက အဲဒီကျောင်းကိုလာကြတယ်။ ကျွန်တော်က ကျောင်းကောင်စီဥက္ကဋ္ဌဖြစ်လို့ ဆွေးနွေးရတယ်။ အချိန်က စုစုပေါင်းတနာရီတိတိရမယ်တဲ့။ (ပရောစပက်ဘာမား) ကျောင်းလေးကသေးသေးလေး။ ဒေလီမှာနေကြတဲ့ မြန်မာပြည်က လူဦးရေက ၄-၅ ထောင်။ အဲတာနဲ့ ရတဲ့တနာရီကို ၂ နေရာခွဲရအောင် (ပရိုတိုကော်လ်) အရာရှိတွေနဲ့ ညှိရတယ်။ (အောက်စဖို့ဒ်) ကျောင်းကို ရွေးတယ်။ အဲဒီကျောင်းကို ဦးမောသီရိ (ကွယ်လွန်) မိသားစုကပိုင်တာပါ။ ဆရာမကြီးကိုသွားပြောရတယ်။ ဝမ်းသာအားရ လက်ခံပြီး စီစဉ်ပေးမယ်လို့သိရတယ်။ ဒေါ်စုကို လ

The Guests သပြေပင်နား လက်ဖက်စားခြင်း

Image
ကိုတရုပ်ကြီး (ခေါ်) ကိုမြင့်တိုးနဲ့ မစူးတို့အိမ်မှာ ဧည့်သည်လုပ်၊ လက်ဖက်သုပ်စားခဲ့ပါတယ်။ အဲတာက ကရင်နဲ့ မွန်အိမ်က ကလေးမွေးနေ့မှာ ထမင်းစားခဲ့ပြီးအပြန်မှာပါ။ အိမ်မပြန်ခင် Gold Mon Grocery မွန်စတိုးဆိုင်မှာ ဈေးဝင်ဝယ်ပါတယ်။ ဆိုင်ရှင် မွန်အမျိုးသားက စိတ်ဝင်စားလို့ နိုင်ငံရေးအခြေအနေ မေးတယ်။ သူက မြန်မာပြည်မှာ NLD အစိုးရတက်မှမို့ တိုင်းပြည်အတွက် အားတက်စရာလို့ဆိုပါတယ်။ ဒေါက်တာတင့်ဆွေ ၃၁-၁-၂ဝ၁၆

Zika virus ဇီကာဗိုင်းရပ်စ်

Image
တောင်အမေရိကတိုက်နဲ့ ကရစ်ဘီယန်ဒေသမှာ ကူးစက်နေတဲ့ ဇီကာဗိုင်းရပ်စ် ကိုယ်ဝန်ဆောင်မိခင်ကို ကူးစက်ခံရရင် Microcephaly ဦးနှောက်သေးတဲ့ကလေးမျိုးမွေးလာစေနိုင်တယ်။ ကလေးကခေါင်းသေးနေမယ်။ အသက်တိုမယ် ရှင်နေသလောက်လည်း အဆင့်မမီပါ။ ကူးစက်ခံရရင် ကိုယ်ပူမယ်။ မျက်စိနာမယ်။ ခေါင်းကိုက်မယ်။ အဆစ်တွေနာမယ်။ အရေပြားမှာ အနီပြင်ထွက်မယ်။ ရှားတဲ့ Guillain-Barre ဆင်ဒရုမ်းဖြစ်ရင် ယာယီလေဖြတ်သလိုနေမယ်။ ကာကွယ်ဆေးမပေါ်သေး။ ပျောက်အောင် ကုသပေးနိုင်တဲ့ဆေး မပေါ်သေးပါ။ နားနေခိုင်းပြီး အရည်များများသောက်ဘို့သာတတ်နိုင်သေးတယ်။ ဇီကာဗိုင်းရပ်စ်ကို ၁၉၄၇ တကည်းက အာဖရိကတိုက်၊ ယူဂန်ဒါမှာ စတွေ့တာဖြစ်ပါတယ်။ လူ ၂ ယောက်သာတွေ့ခဲ့တယ်။ နိုက်ဂျီးရီးယားမှာ ၁၉၅၄ မှာတွေ့လာတယ်။ ဒိနောက် အရှေ့တောင်အာရှနဲ့ ပစိဖိတ်ကျွန်းတွေဆီအထိရောက်လာခြံပြီး အခုမှသာ လက်တင်အမေရိကကိုရောက်လာတယ်။ ကူးစက်မှုကို Aedes aegypti ခြင်ကနေတဆင့်ဖြစ်တယ်။ ဒီခြင်က ရေသန့်-ရေသေမှာနေတယ်။ အဝါရောင်အဖျားရောဂါနဲ့ သွေးလွန်တုပ်ကွေးကိုလည်း ကူးစက်စေတယ်။ အဲလို ဦးနှောက်သေးတဲ့ကလေးမျိုးမွေးတာနဲ့ ဗိုင်းရပ်စ်ဆက်စပ်မှုကိုတော့ တိတိကျကျမပြောနိုင်သေးပါ။ ဖြစ်နိုင်ခြေ ပိုများတယ်လို့တော့သိတယ်။ ဘရာဇီးလ်

Gold plate sets မျက်နှသာပေး ရွှေရေးပန်းကန်တက်

Image
သမ္မတ၊ ဒုသမ္မတ ဘယ်သူဘယ်ဝါ၊ ပြောကြတာများပြီ။ ဖေ့စ်ဘုတ်မှာက ဘာဟုတ်သေးလည်း၊ ရေဒီယိုတွေမှာ တဝီဝီညံ၊ ဂျာနယ်တွေမှာလည်း ပလူပျံနေတာပဲ။ မကြာမီကြေညာမည်ဆိုတော့ ထီမထိုးပဲ ပေါက်ချင်သူမျိုးလည်း ရှိမှာပဲ။ ပြောတဲ့အသံတွေနားထောင်၊ တင်တဲ့သတင်းခေါင်းစီးတွေကြည့်ရင် အရည်အသွေးကို မှန်းလို့ရတယ်။ တချို့ဟာတွေကို ကြားရတာ အားတက်စရာမကောင်းပါ။ ထင်ကြေးပေးရင်း ထောက်ပြတဲ့အချက်အလက်တွေက အပြုသဘောတော့ မှန်ပါတယ်။ ဒါပေမယ့် အခွံတွေကများတယ်။ ကျွန်တော်တို့တိုင်းပြည်မှာ တိုင်းရင်းသားအရေးနဲ့ ဘာသာရေးကို ပြောရတာ အတော်ကို (အတော်ကြီးကို) သတိထားရတယ်။ အဲလို အထိမခံရွှေပန်းကန်ဖြစ်နေတာ ကောင်းစေတဲ့လက္ခဏာာမဟုတ်ပါ။ ကွဲလွယ်ရှလွယ်တဲ့အရာဆိုတာ နေရာတိုင်းမှာအသုံးမကျပါ။ အပြောမခံရတိုင်းတော့ အဟုတ်မှတ်မနေနဲ့။ မျက်နှသာပေး ရွှေရေးပန်းကန်တက်၊ ခက်တယ်ဗျာ။ ဒေါက်တာတင့်ဆွေ ၃၁-၁-၂ဝ၁၆

Cataract မျက်စိတိမ်

Image
ဆရာ မျက်စိအတွင်းတိမ်ကို ခွဲကုမှပျောက်မှာပါလား ဆရာ။ တခြားနည်းရှိသေးလားဆရာ။ ဘာ့ကြောင့် တိမ်ဖြစ်ရတာလဲသိချင်ပါတယ်။ ရေပေါင်တက်နေတယ်လဲ ပြောပါတယ်ဆရာ။နားသိပ်မလည်လို့ ရှင်းပြပေးစေချင်ပါတယ်ဆရာ။ နာတာကျင်တာ ဘာမှမခံစားရဘဲ တဖြေးဖြေးနဲ့ ရေရှည် မျက်စိမှန်ဘီလူးမှာ တိမ်လိုဖြစ်လာတာကို ခေါ်တယ်။ အမြင်စွမ်းအားက တဖြေးဖြေးမှုံဝါးလာမယ်။ ကြာရင် မျက်စိကွယ်တဲ့အထိ ဖြစ်နိုင်တယ်။ • Blurry Vision မျက်စိမှုံမယ်၊  • Glare ဝေဝါးလာမယ်၊ အလင်းရောင်များတာကို မခံနိုင်ဘူး။ ညအချိန်ကားမောင်းဘို့ ခက်လာမယ်။ • Double Vision (diplopia) အရုပ်ကို နှစ်ခုမြင်လာမယ်။ • Color Changes အရောင်တွေကိုခွဲခြားရတာခက်လာမယ်။ အညိုနဲ့ အဝါခွဲဘို့ခက်လာမယ်။ နောက်ပိုင်းမှာ အပြာနဲ့ ခရမ်းရောင်ကိုခွဲဘို့ခက်လာမယ်။ • Second Sight တခါတလေ အနီးကိုကြည့်ရတာ ခဏတာ ပိုကောင်းလာတတ်တယ်။ ကြာရင်တော့ ပိုပိုဆိုးလာမယ်။ • New Prescription မျက်မှန်တပ်နေရသူဆိုရင် ပါဝါလဲလဲပေးရမယ်။  • အသက်ကြီးမှဖြစ်တာများပေမဲ့ ငယ်သူတွေမှာလဲ ဖြစ်တတ်တယ်။ အမေရိကားမှာ အသက် ၆၅ နှစ်ကျော်သူတွေမှာ တဝက်မက တိမ်ရှိကြတယ်။ မွေးကတည်းက ရောဂါကြောင့်ဖြစ်ဖြစ်၊ ခိုက်မိလို့ဖြစ်ဖြစ် တိမ်ဖြစ်တာလဲ ရှိတတ်တယ်။

Laser Eye Operation လေဆာနဲ့ မျက်မှန်မလိုအောင်လုပ်ခြင်း

Image
၁။ ကျွန်တော်က အသက် ၂၃ နှစ်၊ အဝေးမှုန် မျက်မှန်တပ်ပါတယ်။ တက္ကသိုလ် ပထမနှစ်လောက်မှ စတပ်တာပါ။ အခု ကျောင်းပြီးပါပြီ။ ပါဝါက ဘယ် ၃ဝဝ၊ ညာ ၁၅ဝ ရှိပါတယ်။ ဒီပါဝါမှာတင် တန့်နေတာကြာပါပြီ။ ထပ်မတိုးပါ။ အဲဒါ လေဆာနဲ့ ဖျောက်လို့ရ၊ မရသိချင်ပါတယ်။ လေဆာနဲ့ ပါဝါဖျောက်ခြင်းရဲ့ ကောင်းကျိုး၊ ဆိုးပြစ် ကုသမှုစရိတ် ဘယ်လောက် ကုန်နိုင်မလဲပါ သိချင်ပါတယ်။ နောက်ပြီး လေဆာနဲ့ တကြိမ်ဖျောက်ပြီးရင် အရင်လို ပါဝါ ပြန်တက်လာနိုင် မလားလဲ သိချင်ပါတယ်။ ၂။ ဆရာလို့ရေးရအောင် အသက်က နှစ် ၄ဝ လောက်ကွာနေတော့ သိပ်ရေးမထွက်ဖူး။ ကျန်မက စကားပြောရင် ခင်ဗျား၊ ကျန်တော်လို့ ပြောတာ အကျင့်ပါနေတယ်။ အဲ့ဒါ တောကျတယ်လို့ ပြောကြတာပဲ။ ဖုန်းနဲ့ ရေးရင်း လက်ကွက်က ဖုန်သွား မမြင်ရတော့ဘူး။ မျက်စိပါဝါဖျောက်မလို့ စုံစမ်းတာ တစ်ဖက်ကို ၈ သိန်းလောက်ကုန်မယ်တဲ့။ ဘယ်ဘက်မျက်စိက -450 နဲ့ ညာဘက်မျက်စိက -500 မျက်ကြည်လွှာရောဂါ။ ဆလင်ဒါ မရှိဘူးပြောတာပဲ။ မျက်စိအဝေးမှုန်တဲ့သူတွေအတွက် အကြံလေးရေးပါဦး။ မျက်ကပ်မှန်တခါတလေ တပ်ပါတယ်။ မေးတာ-ရေးတာတွေကို သဘောပေါက်အောင် ၄-၅ ခေါက် ကြိုးစားဖတ်ပါတယ်။ သိပ်တော့ နားမလည်သေးပါ။ မေးတဲ့သူက အမျိုးသမီးလား၊ အမျိုးသားလား မသိပါ။ အသက်လဲမသိပါ။ ဖုန်းနဲ့

Old Black and White

Image
လွန်ခဲ့တဲ့ (၄) နှစ်တုံးက သမီးတင်ခဲ့တဲ့ပို့စ်ကို မနေ့ကနဲ့ကနေ့ ကွန်မင့်တွေထပ်လာလို့ထင်ပါတယ်၊ ပြန်ပေါ်လာလို့။ June 16, 2012 Happy Father's Day ဖေဖေ ဒေါက်တာ Tint Swe ဓါတ်ပုံကတော့ ဟိုလွန်ခဲ့တဲ့ ၁၉၇၇ ခုနှစ်၊ မြို့သာမှာတိုက်နယ်ဆရာဝန်လုပ်ခဲ့စဉ်ကဖြစ်ပါတယ်။ ဒေါက်တာတင့်ဆွေ ၃၁-၁-၂ဝ၁၆

Dinner ဒင်နာ

Image
သမီးနေနေအိမ်မှာ ညနေစာ၊ ဘာနေ့ရယ်တော့ မဟုတ်ပါ။ ဝက်စတူးမှာ ကန်စွန်းရွက်တင်၊ ဝက်ခေါက်ကင်နဲ့ အချဉ်၊ ပုဇွန်ဟင်းတခွက်နဲ့ ပဲသီးချက်၊ ပဲလိပ်ပြာရွက်သုပ်၊  ငရုပ်သီးစိမ်းထောင်း၊ မြိန်ယှက်စားကောင်း။ လက်ဖက်ခြောက်ကောင်းမွှေးမွှေးနဲ့ ရေနွေးကြမ်း၊ ဇယန်းလက်ဖက်၊ မနက်စာအတွက်လည်းထည့်ပေး၊ ကလေးတွေလည်းဆော့ကစား ပျော်ပျော်ပါးပါး။ အမေရိကားမှာ ဗမာလိုသာစားတဲ့ မိသားစုများ။ ဒေါက်တာတင့်ဆွေ ၃ဝ-၁-၂ဝ၁၆ Photo by Thadar Tint Swe

1947 and 2008

Image
ဖွဲ့စည်းပုံအခြေခံဥပဒေ ၁၉၄၇ နှင့် ၂ဝဝ၈ နှိုင်းယှဉ်ချက် (နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ အရည်အချင်းများ) ၂ဝဝ၈ ဖွဲ့စည်းပုံကို မပြင်ချင်သူတွေက အဲတာဟာ ဗိုလ်ချုပ်အောင်းဆန်းရေးခဲ့တဲ့ ၁၉၄၇ အတိုင်းဘဲလို့ ပြောနေကြတယ်။ အဲလိုပြောတာ မှားပါတယ်။ ၁၉၄၇ ဖွဲ့စည်းပုံကို မြန်မာဘာသာနဲ့ အလွယ်မရှာနိုင်သေးလို့ အင်္ဂလိပ်လိုသာကိုးကားပါရစေ။ ၁၉၄၇ ထဲမှာ ပုဒ်မ ၄၉၊ (၁) နဲ့ (၂) ပါပြီး၊ ၂ဝဝ၈ မှာ (က) ကနေ (ဆ) အထိပါပါတယ်။ THE CONSTITUTION OF THE UNION OF BURMA 1947 49. No person shall be eligible for election to the office of President unless he – (i) is a citizen of the Union who was, or both of whose parents were, born in any of the territories included within the Union, and ဖွဲ့စည်းပုံအခြေခံဥပဒေ (၁၉၄၇ ခုနှစ်) ၄၉။ (က) မိမိကိုယ်တိုင်သော်၎င်း၊ မိမိ၏မိဘနှစ်ပါးသော်၎င်း၊ ပြည်ထောင်စုနိုင်ငံ၏ပိုင်နက်အတွင်း၌ မွေးဖွားခဲ့၍ ပြည်ထောင်စုနိုင်ငံသားလည်းဖြစ်သော၊ ထို့အပြင် (ii) is qualified for election to the Union Parliament. (ခ) ပါလီမန်အမတ်အဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံနိုင်သည့် အရည်အချင်းနှင့်ပြည့်စုံသည်လည်းဖြစ်သော ပုဂ

Stay away အမြဲခွါရှင်း ဖဲကြဉ်မင်း

Image
• ဗူးခါးရေနဲ့ ကြမ်းကြားလေ၊ • မိုးခါးရေသောက်သူတွေများလို့ ကျောင်းကား ဇရပ်သွင်ဖြစ်ရ၏။ • ရေဗူးပေါက်တာ မလိုချင်ဘူးဆိုလို့၊ • အညွန့်အဖူးလေးတွေ အပေါက်ဆန်ခါတွင် စာသင်ကြရ၏။ • ပညာရှာ ပမာသူဖုန်းစား၊ • ဘုန်းတန်ခိုးထွားသူတွေများလို့ ကျောင်းသားတွေ သူဖုန်းစားဖြစ်ရ၏။ • သူတော်မဟုတ် ယုတ်သည့်စရိုက်၊ • လူသူမိုက်ကို မကြိုက်မချစ်၊ • ရန်သူစစ်သို့ မနှစ်သက်ဘဲ၊ • ဝေးစွာရှဲ၍ အမြဲခွါရှင်း၊ ဖဲကြဉ်မင်း။ ဒေါက်တာတင့်ဆွေ ၉-၂-၂ဝ၁၄ (လောကသာရဆုံးမစာကို မှီငြမ်းပါသည်။)

Pantoprazole ပန်တိုပရာဇိုးလ်

Image
ဆရာ ပုံပါဆေးကို အမြဲသောက်လို့ရလားဆရာ။ (ပန်တိုပရာဇိုးလ်) ဆေးဟာ လူသုံးများတယ်။ Proton pump inhibitors အမျိုးအစားဆေးဖြစ်တယ်။ အစာအိမ်လေနာ၊ အူသိမ်အစပိုင်းလေနာ၊ အစာမျိုပြွန်ကနေ အစာခြေရည်အထက်ဆန်တာအတွက်ပေးတယ်။ အစာအိမ်က အက်စစ်ရည် ထွက်တာကို နည်းစေတယ်။ ရင်ပူတာသက်သာစေမယ်။ အစာမျိုခက်တာနဲ့  မပြတ်တမ်းချောင်းဆိုးနေတာအတွက်ပါ ပေးနိုင်တယ်။ ဆေးန်ာမည်အမျိုးမျိုးရှိတယ်။ Pantocid 40 နာမည်နဲ့လည်းလာတယ်။ ဆေးဘယ်လိုပေးမလည်း • Duodenal ulcer အူသိမ်အစပိုင်းလေနာဆိုတာ Helicobacter pylori infection ဗက်တီးရီးယားကနေဖြစ်တယ်။ • Zollinger-Ellison Syndrome ရောဂါအတွက်လည်းပေးတယ်။ အဲတာက ရှားတဲ့ သရက်ရွက်နဲ့ အူသိမ်အစပိုင်းမှာ အကျိတ်ဖြစ်တာ။ အစာခြေရည်တွေအများကြီးထွက်စေတယ်။ • အူသိမ်အစပိုင်းလေနာအတွက် 40 mg တနေ့ ၁ ကြိမ်၊ ၂-၄ ပါတ်။ Helicobacter pylori infection ကြောင့်ဖြစ်ရင် ပိုးသေဆေးနဲ့ပါတွဲပေးရတယ်။ • Gastric ulcer အစာအိမ်လေနာအတွက် 40 mg တနေ့ ၁ ကြိမ်၊ ၄-၈ ပါတ်။ • Reflux oesophagitis အစာခြေရည်အထက်ဆန်လို့ရောင်တာတာအတွက် 40 mg တနေ့ ၁ ကြိမ်၊ ၄-၈ ပါတ်။ • Zollinger-Ellison Syndrome ရောဂါအတွက် 40 mg တနေ့ ၂ ကြိမ်။ • Gastro-oesop

911 လက္ခဏာရေးသုံးပါး

Image
• ကျွန်တော်နေရတဲ့နေရာမှာ (နိုင်းဝမ်းဝမ်း) ဆိုတာ လက္ခဏာရေးသုံးပါး။ • မီးသတ်ကားလား၊ ရဲလား၊ လူနာတင်ကားလား၊ သုံးခုလုံးလား။ • မြန်မာပြည်မှာ တော်တီတော်တီ အသံမည်ကား၊ • လူကြီးကားလား၊ လူနာကားလား၊ • ခွဲခြားမရ ဖယ်ပေးကြရ၊ မရဏ၊ အနိစ္စနဲ့ ဒုက္ခပါတကား။ ဒေါက်တာတင့်ဆွေ ၃ဝ-၁-၂ဝ၁၆ Photo: Hillary Clinton makes historic visit to Burma as she attempts to persuade regime to sever nuclear ties with North Korea on 1 December 2011

Graceful

Image
လက်ရှိလွှတ်တော်နောက်ဆုံးနေ့ကသတင်းတွေ ဖတ်ရတယ်။ အထက်လွှတ်တော်ဥက္ကဋ္ဌက ဒေါ်စုကိုအလှဆုံးလို့ အကဲဖြတ်တာကိုလည်း ကြားရပါတယ်။ ကျွန်တော်နယူးဒေလီမှာနေတုံးက အိန္ဒိယနိုင်ငံရေးသမားတွေ၊ ပညာရှင်တွေနဲ့ မီဒီယာကပုဂ္ဂိုလ်တွေနဲ့ နေ့တိုင်း တွေ့ဆုံ ပြောဆို ဆွေးနွေးရပါတယ်။ တခါတော့ ဒေါ်အောင်ဆန်းစုကြည်ကို ချောမောတဲ့သဘော အင်္ဂလိပ်လိုအသုံးအနှုန်းသုံးဘို့ နည်းနည်းအခက်အခဲရှိနေတဲ့ အိန္ဒိယပညာရှင်တယောက်ကို ကျွန်တော်က Graceful လို့ထောက်ပေးလိုက်တာ သူက သဘောကျ လက်ခံသွားပါတယ်။ မြန်မာစကားမှာလည်း အမျိုးသမီးတဦးကို လှတယ်၊ ချောတယ်လို့ပြောတာမှာ နေရာနဲ့ လူပုဂ္ဂိုလ်ရွေးချယ်ရပါတယ်။ ကျွန်တော်သာ ဒေါ်စုလိုအရွယ်နဲ့ ဂုဏ်ရှိတဲ့အမျိုးသမီးတဦးကို လူအများရှေ့မှာ မှတ်ချက်ပေးစရာရှိလာရင်တော့ ကျက်သရေရှိတယ်လို့သာ ပြောမှာပါ။ Graceful = Beautiful, Elegant, Smart, Stylish, Well-dressed, Well-designed, Sophisticated, Attractive ဒေါက်တာတင့်ဆွေ ၃ဝ-၁-၂ဝ၁၆

Amazing beauty benefits of Neem တမာရဲ့ဆေးစွမ်း

Image
(၁) Treating Skin Infections အရေပြားနာများ တမာရွက်ကို နူးသွားအောင်ပြုတ်ပါ။ ပြုတ်ရည်ကအစိမ်းရောင်ဖြစ်လာမယ်။ အရွက်တွေအရောင်ပြောင်းလာမယ်။ ပြုတ်ရေကို ဆေးအဖြစ်လိမ်းပါ။ ရေချိုးရေထဲလဲထည့်သုံးပါ။ (၂) Addressing Acne Problems ဝက်ခြံ တမာရွက် ပြုတ်ရည်ကို ဂွမ်းစလေးနဲ့ ဝက်ခြံပေါ်လိမ်းပေးပါ။ (တမာ+သခွါးသီး) နဲ့ (တမာ+ရောဂတ်) တွေကို မျက်နှာမှာ ကပ်နိုင်တယ်။ (၃) Used as Skin Toner အရေပြားတင်းဆေး တမာရွက် ပြုတ်ရည်ကို မျက်နှာအရေးအကြောင်းတွေထင်နေတာ သက်သာစေမယ်။ ငယ်ရုပ်ဆင်စေမယ်။ ဝက်ခြံအမာရွတ် ထင်နေတာ သက်သာစေမယ်။ (တမာ+နှင်းဆီ) ကိုမျက်နှာမှာကပ်နိုင်တယ်။ ပြီးရင်မျက်နှာသစ်လိုက်ပါ။ (၄) Remedy for Dry Skin အရေပြားခြောက်နေရင် တမာမှုံ့ထဲမှာ စပျစ်စေ့ဆီနဲ့ရောပြီး မျက်နှာကို ညီညီညာညာလိမ်းပါ။ မိနစ်အနည်းငယ်ကြာရင် ရေအေးနဲ့မျက်နှာသစ်ပါ။ (၅) Cure for Skin Pores အရေပြားအပေါက်များ ဝက်ခြံခေါင်းမဲကနေ ကျန်ရစ်တဲ့အပေါက်တွေကို သက်သာစေမယ်။ (တမာရွက် + လိမ်မော်ခွံ) ရောထောင်းပါ၊ (ပျားရည် + ရောဂတ် + ပဲပုပ်ဆီ) နဲနဲစီရောပါ၊ တပါတ် ၃ ကြိမ်လိမ်းပါ။ တမာဆီလဲသုံးနိုင်တယ်။ (၆) Takes care of Hair Troubles ဆံပင် ဆံပင်ပေါက်သန်စေမယ်။ တမ

U Labang Grong သမိုင်းကောင်းကြပါစေ

Image
ပင်လုံညီလာခံကိုတက်ရောက်ခဲ့တဲ့ ကိုယ်စားလှယ်တွေထဲမှာ ကချင်ကိုယ်စားလှယ် ဦးလဘန်ဂရောင်ပါခဲ့တယ်။ ၁၉၉ဝ ရွေးကောက်ပွဲ ကာလမှာတော့ ဒီနာမည်ဟာ လူတွေကို အော့နှလုံးနာစေခဲ့တယ်။ (တစည) ပါတီဟာ NLD ရဲ့ အဓိက ပြိုင်ဘက်ဖြစ်လို့ (တစည) ကိုသာ အပြစ်မြင်ခဲ့ကြတယ်။ သူ့တူမ ရွှေကူမေနှင်းကနေ အင်တာဗျူးလုပ်တော့ ဒီလိုဖတ်ရပါတယ်။ “အန်ကယ် ဒေါ်စုကို ဘာလို့ ကန့်ကွက်တာလဲဟင်။ အန်ကယ့် ဘာသာ ကန့်ကွက်တာလား။ ပါတီက ခိုင်းတာလား” “ဒီမယ် မိစံမေ၊ ငါ့ကို ဘယ်သူက ခိုင်းလို့ ရမှာလဲ။ ငါ့ဟာငါ ကန့်ကွက်တာ” “ဘာဖြစ်လို့” “ဟ ဘာဖြစ်ရမှာလဲ။ သူက ဗဟန်းမှာ လာဝင်တယ်၊ ငါကလည်း ဗဟန်းဆိုတော့ ငါ ကန့်ကွက်ရမှာပေါ့။ အဲဒီ ဥပဒေက သူ့ အဖေကိုယ်တိုင် လုပ်ခဲ့တာပါ။ နင်သိချင်ရင် ဥပဒေစာအုပ်မှာ သွားကြည့်။ နင့်မှာစာအုပ်မရှိရင် စာကြည့်တိုက်မှာသွားရှာ။” ကောက်ချက် (၁) သမိုင်းကောင်းခဲ့သူတွေလဲ လူပေါင်းမှားတတ်တယ်။ (၂) ကိုယ်နဲ့ပြိုင်ဖက်ဟာ ဘယ်သူဖြစ်နေနေ ငါ့ရန်သူဘဲလို့ သတ်မှတ်သူလဲရှိတယ်။ (၃) မှန်တယ်ထင်ပြီးလုပ်ပေမဲ့ သမိုင်းမကောင်းဖြစ်သွားတတ်တယ်ဆိုတဲ့ သင်ခန်းစာတွေရစေပါတယ်။ ဒေါက်တာတင့်ဆွေ ၃ဝ-၁-၂ဝ၁၄ ဓါတ်ပုံထဲမှာ ရပ်နေတဲ့ရှေ့တန်း ညာအစွန်က U Labang Grong ဖြစ်ပါတယ်

Proton beam cancer therapy ကင်ဆာကို ပရိုတွန်ရောင်ခြည်နဲ့ကုသ

Image
ဒီနည်းသစ်မှာ ဘေးထွက်ဆိုးကျိုးနည်းတယ်လို့ လွန်ခဲ့တဲ့ ၂ နာရီကထွက်တဲ့ ဆေးပညာသုတေသနသတင်းကဆိုပါတယ်။ ထိလည်းထိရောက်ပါတယ်။ အသက်ရှင်နှုန်းလည်း အတူတူသာဖြစ်ပါတယ်။ ယူအက်စ် မက်ဆာချူးဆက်ဆေးရုံမှာ ဒေါက်တာတော်ရန်း ယော့ခ်ကနေဦးဆောင်းစမ်းသပ်တွေ့ရှိတာဖြစ်ပါတယ်။ ၂ဝဝ၃ ကနေ ၂ဝဝ၉ ကြားမှာ Medulloblastoma ခေါ် ဦးနှောက်ကင်ဆာရှိတဲ့ကလေး ၅၉ ယောက်ကို ကုပေးခဲ့တာပါ။ လက်ရှိနည်း X-ray radiotherapy ထက် နှလုံးနဲ့ အဆုပ်မှာဖြစ်လာတဲ့ ဘေးထွက်ဆိုးကျိုးတွေ နည်းတာတွေ့ရတယ်။ တခြား Spinal cord tumours ခါးရိုးဆစ်ထဲကအာရုံကြောကင်ဆာ၊ Sarcomas near the spine or brain ဦးနှောက်နဲ့ ခါးရိုးဆစ်ထဲကအာရုံကြော ဆာကိုးမား၊ Prostate cancer ဆီးကျိတ်ကင်ဆာ၊ Lung cancer အဆုပ်ကင်ဆာနဲ့ Liver cancer အသည်းကင်ဆာတွေကလည်း သုံးနိုင်ပါမယ်။ ဒေါက်တာတင့်ဆွေ ၂၉-၁-၂ဝ၁၆ http://www.bbc.com/news/health-35440016

HIV becoming resistant to Tenofovir ဆေးယဉ်ပါးလာတဲ့ HIV ပိုး

Image
HIV ပိုးဟာ လက်ရှိသုံးနေတဲ Tenofovir ဆေးကို ခံနိုင်ရည်ရှိတာတာ အာဖရိက တချို့နေရာတွေမှာ ၆ဝ% အထိ ရှိတယ်လို့ သိလာရပါတယ်။ အဲလိုသိအောင် လူနာ ၁၉၂ဝ ယောက်ကို ၁၉၉၈ ကနေ ၂ဝ၁၅ အထိ၊ ၁၇ နှစ်ကြာ လေ့လာခဲ့တာပါ။ ဥရောပမှာ အဲလိုဆေးယဉ်တာ ၂ဝ% သာရှိပါတယ်။ ဆေးယဉ်တဲ့ HIV ပိုးရှိသူကနေ နောက်တယောက်ကို ကူးစက်နေတယ်လို့ယူဆနိုင်ပါတယ်။ ဒေါက်တာတင့်ဆွေ ၂၉-၁-၂ဝ၁၆ http://www.bbc.com/news/health-35433856

Sayagyi ဆရာကြီး

Image
- ဆေး-ကျန်းမာရေးလောကမှာ အထူးကုတွေနဲ့ ဌာနမှူးတွေကိုသာ ကြီးထည့်ခေါ်ပါတယ်။ ကျွန်တော်က ဆေးပညာဘွဲ့ တခုသာရတယ်။ - မြို့နယ်ဆရာဝန်လည်း TMO 2 သာလုပ်ရတယ်။ TMO 1 ကိုသာ မြို့နယ်ဆရာဝန်ကြီးလို့ခေါ်တယ်။ - ကြီးထည့်တာမကြိုက်တာဟာ အသက်ငယ်တယ်ထင်စေချင်တာမဟုတ်ပါ။ About မှာ မွေးနေ့အတိအကျ ထည့်ထားတယ်။ ပရိုဖိုင်းပုံကလည်း ငယ်တုံးကပုံမဟုတ်ပါ။ နောက်ဆုံရိုက်ပုံကိုလည်း မကြာမကြာသုံးပါတယ်။ - ဆရာကြီးဆိုပြီး ရွဲ့စောင်းခေါ်တာမျိုးလည်း တချို့နေရာမှာရှိတယ်။ (ဆြာ) လို့ရေးတာလည်း ပြောင်လှောင်ရာကျတယ်။ - လေးစားသမှုကြောင့် အဲလိုခေါ်ပါတယ်လို့ ပြန်ရေးလာတာတွေလည်း မနည်းပါ။ ကျွန်တော့်ရပ်တည်ချက် မပြောင်းပါ။ (ဆရာ) ဆိုတာထက် ပြည့်စုံမှန်ကန်တဲ့စာလုံး မရှိပါ။ အပို-အလိုမရှိပါ။ (ဒေါက်တာ) လို့ရေးတာကိုတော့ ယဉ်နေပါပြီ။ ဒေါက်တာတင့်ဆွေ

Victoria University Collage ပထမဆုံး ပုဂ္ဂလိကဆေးတက္ကသိုလ် ရန်ကုန်တွင်ဖွင့်မည်

Image
သတင်းကို အခုပဲဖတ်ရပါတယ်။ ကျွန်တော့်သူငယ်ချင်းကဖွင့်မှာပါ။ သူက လက်ရှိ NLD/LA ကိုခေါင်းဆောင်နေပါတယ်။ သတင်းက ဒီလိုဆိုပါတယ်။ မြန်မာနိုင်ငံရဲ့ ပထမဆုံးပုဂ္ဂလိကဆေးတက္ကသိုလ်ဖွင့်လှစ်မယ့် သတင်းစာနယ်ဇင်းမိတ်ဆက်ပွဲ အခမ်းအနားကို ရန်ကုန်မြို့ အထက်ပန်းဆိုးတန်းလမ်းမှာရှိတဲ့ Victoria University Collage (VUC) မှာ ၂၈-၁-၂ဝ၁၆ နေ့လည် (၁) နာရီက ကျင်းပခဲ့ပါတယ်။ NLD နာယက ဦးတင်ဦးက အဖွင့်အမှာစကား ပြောကြားခဲ့ပါတယ်။ Victoria Oxford Medical University (VOMU) လို့ အမည်ပေးထားပြီး ကျောင်းအုပ်ကြီးဒေါက်တာဝင်းနိုင်က သင်ကြားပေးမယ့် MBBS ဘွဲ့ဆိုင်ရာ ဘာသာရပ်တွေအကြောင်းရှင်းပြခဲ့ပါတယ်။ မလေးရှားနိုင်ငံ MAHSA University နဲ့ ပညာရေးပူးတွဲစာချုပ်ချုပ်ဆိုထားပြီး ၂ဝ၁၆ ဇွန်လကုန်မှာ စတင်ဖွင့်လှစ်သင်ကြားမှာဖြစ်ပါတယ်။ ကျွန်တော် နယူးဒေလီမှာနေစဉ်ကတည်းက ဒီကျောင်းဖွင့်ဘို့စီစဉ်နေတာပါ။ အိန္ဒိယကနေ ဆေးစာအုပ်တွေကိုဝယ်ပြီး ရန်ကုန်ကိုပို့ပေးဘို့ပါစီစဉ်ပါတယ်။ ကျွန်တော့်ကိုလည်း ဧည့်သည်ဆရာ လာလုပ်ဘို့ကပါသေးတယ်။ သူ့ညီ ကျွန်တော့် သူငယ်ချင်းကလည်း ကလေးအထူးကုဆရာဝန်။ ကျန်သူငယ်ချင်းတွေလည်း ဆရာတွေလုပ်ကြပါမယ်။ ဒေါက်တာတင့်ဆွေ ၂၉-၁-၂ဝ၁၆ Photo of Dr

HPV Vaccine for Ca Cx သားအိမ်အဝကင်ဆာ ကာကွယ်ဆေး

Image
၁။ ဆရာ ကျွန်မ အသက် ၃၁ ရှိပြီး ရန်ကုန်မှာနေပါတယ်။ အိမ်ထောင်ပြုတာ ၃နှစ်ကျော်ရှိပြီး သားသမီးမရှိသေးပါ။ ကျွန်မ miscarriage ဖြစ်တာ၃ခါရှိပါပြီ။ တတိယအကြိမ် ကိုယ်ဝန် ၃ လောက်မှာ ထပ်ဖြစ်လို့ D&C လုပ်ရပါတယ်။ လုပ်ပြီး အသားစအဖြေရတဲ့နေ့မှာပဲ OG ကို သားအိမ်ခေါင်းကာကွယ်ဆေးထိုးချင်တဲ့အတွက် အရင်စစ်ရမလားမေးတော့ စစ်စရာမလိုဘူး တစ်ခါတည်းထိုးလို့ ရတယ်ဆိုလို့ ပထမဆုံး ၁ လုံးကိုထိုးခဲ့ပါတယ်။ အသားစအဖြေအရ သားအိမ်ခေါင်း ကင်ဆာမရှိဆိုတာ စိတ်ချလို့ မစစ်ခိုင်းတာလား၊ Pep Smear Test လုပ်ဖို့များ လိုဦးမလားလို့ ကျွန်မ စိတ်ပူနေမိလို့ပါ။ ဒုတိယဆေးထိုးဖို့လည်း ၁ဝ ရက်ကျော်သွားပါပြီ။ ကျွန်မအရင်စစ်ပြီးမှ ထိုးရမလား။ ဒီတိုင်းပဲဆက်ထိုးရမလား လမ်းညွုန်ပေးပါလားဆရာ။ ဒုတိယဆေးကို အခုမှထိုးရင်ရော မှီနိုင်ပါသေးလားဆရာ။ ဘာလုပ်ရမလဲ ညွှန်ကြားပေးပါဆရာ။ ကျွန်မစိတ်ထဲမှာမရှင်းတာတွေကို မေးဖို့ရာလည်း ဒီကဆရာများက consult လုပ်ပေးလေ့မရှိကြလို့ပါဆရာ။ ၂။ မင်္ဂလာပါဆရာ HPV နဲ့ cervical cancer အကြောင်းလေးကို စုံစုံလင်လင်သိချင်လို့ပါဆရာ။ ဆရာရေးထားတဲ့ အဲ့ဒီအကြောင်းလေးများရှိရင် သမီးကို တချက်လောက်ပို့ပေးစေချင်ပါတယ်ရှင့်။ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးကို ဘယ

The Wiseman ဝိဓူရ

Image
သတင်း = သူရဦးရွှေမန်း နှုတ်ဆက်မိန့်ခွန်း နားထောင်စဉ် အမျိုးသမီးအမတ်အချို့ မျက်ရည်က ဝိဓူရဦးချစ်မောင် မိန့်ခွန်းပြောခဲ့တာကို အမှတ်ရတယ်။ သခင်ချစ်မောင် (၁၉၁၅-၂ဝဝ၅) ဟာ (ဖဆပလ) ခေတ်မှာ (ပမညတ) ပါတီခေါင်းဆောင်တဦးဖြစ်ပါတယ်။ ၁၉၆၂ မှာ ပြည်ထောင်စုမူနဲ့ပတ်သက်တဲ့ ဆွေးနွေးပွဲကြီးကို ဝန်ကြီးချုပ် ဦးနုကဦးဆောင်ပြီးကျင်းပတော့ (ပမညတ) ကိုယ်စားလှယ်အနေနဲ့ မိန့်ခွန်းပြောရတယ်။ အဲဒီနေ့ဟာ ၁-၃-၁၉၆၂ ရက်နေ့ဖြစ်လို့ ဗိုလ်ချုပ်နေဝင်းအာဏာမသိမ်းခင် တရက်အလိုမှာဖြစ်ပါတယ်။ ဦးချစ်မောင်ရဲ့ ဆွေးနွေးချက်ကို ကျွန်တော့ဘလော့တခုမှာ တင်ထားပါတယ်။ http://union-affairs.blogspot.com/2009/03/blog-post_02.html ဇာတ်တော်ကြီးဆယ်ဘွဲ့ထဲက ဝိဓူရအမတ်ကြီးဟာ ကောရဗျမင်းကြီးရဲ့ ပညာရှိအမတ်ကြီးဖြစ်တယ်။ သူ့ဂုဏ်သတင်းဟာ ဘောဂဝတီနဂါးပြည်အထိရောက်တယ်။ နဂါးမင်းကြီးရဲ့မိဖုရားက ဝိဓူရအမတ်ကြီးရဲ့တရားကို နာယူလိုတာနဲ့ မိန်းမတို့ မာယာသုံးပြီး နဂါးမင်းကြီးကို ချဉ်းကပ်ပြီး၊ ဝိဓရအမတ်ကြီးရဲ့ နှလုံးသည်းပွတ်ကိုစားသုံးလိုကြောင်းလျှောက်ပါသတဲ့။ နဂါးမင်းကြီးရဲ့သမီးတော် နဂါးမင်းသမီးလေး ဣရန္ဓတီက သူရအောင်ယူပေးမယ်လို့ကတိပေးတယ်။ နတ်၊ ဂန္ဓဗ္ဗဘီလူး၊ နဂါး၊ ကိန္နရာနဲ့ လူပညာရှိ

VOA interview on U Shwe Mann

Image
နေ့ခင်းတုံးက VOA ကမေးလို့ ဦးရွှေမန်းနှုတ်ဆက်မိန့်ခွန်းအပေါ်သုံးသပ်ချက်ဖြေရတယ်။ ရေဒီယိုရဲ့ အချိန်အကန့်အသတ်ကြောင့်  (၂) ချက်သာ အသံလွှင့်နိုင်တယ်။ (၁) ၅ နှစ်စာ လွှတ်တော်ဥက္ကတာဝန်အရ ကြည့်ရင်တော့ ဦးရွှေမန်းဟာ စွမ်းနိုင်သလောက်လုပ်သွားသူအဖြစ် အသိအမှတ်ပြုရမယ့်ပုဂ္ဂိုလ်ဖြစ်ပါတယ်။ (၂) ဒေါ်အောင်ဆန်းစုကြည်နဲ့ တရင်းတနှီးလုပ်ဆောင်ချက်တွေကိုကြည့်ရင် ဘယ်သူကနေ ဘယ်သူ့ကိုစည်းရုံးသလည်း မပြောနိုင်ပေမယ့် အကျိုးရလဒ်ဟာ သိသာပြီး တိုင်းပြည်အတွက် ကောင်းမယ်လို့ယူဆပါတယ်။ (၃) ဦးရွှေမန်းဟာ စစ်တပ်တာဝန်ရှိစဉ်တုံးက ဗခမကသန်းရွှေပြီးရင် နောက်တက်မယ့်သူလို့တစ်ပြေးထားသူဖြစ်တယ်။ သူ့အဝန်းအဝိုင်းမှာ ခရိုနီတွေရှိတယ်။ အဲဒီလို အနုတ်သဘောဒေါင့်ကနေ လွန်ခဲ့တဲ့ ၅ နှစ်အစမှာ စောင့်ကြေည့်နေခဲ့ရသူ ဖြစ်တယ်။ (၄) မြောက်ကိုရီးယားနဲ့ဆက်ဆံရေးမှာ ဦးရွှေမန်းဟာ အရေးအပါဆုံးပုဂ္ဂိုလ်ဖြစ်တယ်။ မြောက်ကိုရီးယားနဲ့ ဘာတွေ သဘောတူခဲ့သလည်းက နိုင်ငံတော်လှို့ဝှက်ချက်လုပ်တားတယ်။ မြောက်ကိုရီးယားနဲ့ မြန်မာစစ်တပ်ဆက်ဆံရေးကို အမေရိကန်က စောင့်ကြည့်နေတယ်။ (၅) တပ်မတော်သားအမတ်တွေကို သူကနေ သတိပေးစကားမျိုးပြောခဲ့တာရှိတယ်။ သတ္တိရှိပါတယ်။ ဒါပေမယ့် မထွက်ရခင်လေးမှာ NLD ကိုယ်

An injectable HIV treatment could be ready by 2017

Image
ကနေဒါနိုင်ငံ ဗင်ကူးဗားမြို့အခြေစိုက် CytoDyn Inc. ဆေးကုမဏီကနေ ၂ဝ၁၇ မှာ HIV ကုသဘို့ ထိုးဆေး ပေါ်လာမယ်လို့ ပြောလိုက်ပါတယ်။ ဒီဆေးသုတေသနကို PRO 140 monotherapy ဆေးထိုးကုသနည်းလို့ခေါ်ပါတယ်။ စမ်းသပ်နေတာ တချို့လူနာတွေ ၁၇ လရှိပါပြီ။ အဆင့် (၁) မှာ လူနာပေါင်း ၂၃ ယောက်ကိုစမ်းသပ်နေပါတယ်။ ဒီဆေးကနေ Complete viral-load suppression ဗိုင်းရပ်စ်အရေအတွက်ကိုဖိနှိမ်ထားစေပါမယ်။ ဆေးက တမျိုးတည်း ဖြစ်ပါတယ်။ လက်ရှိသုံးနေတာက HAART combination therapy ဆေးအတွဲစားဆေးဖြစ်ပါတယ်။ PRO140 ဆေးကနေ T-cells တွေပေါ်မှာရှိတဲ့ HIV co-receptor CCR5 ကို ဘလော့ခ်လုပ်ပေးလို့ HIV ဗိုင်းရပ်စ်တွေ ဝင်မလာစေနိုင်တော့ပါ။ ဆေးဟာ ခုခံအားခေါ် (အင်တီဘော်ဒီ) ဖြစ်ပါတယ်။ ဆေးထိုးကာလသတ်မှတ်မှုကို အတည်မပြုသေးပါ။ ၁၂ ပတ် အနည်းဆုံးထိုးမယ်။ ၆ဝ ပတ်အထိ ထိုးတာကိုလည်း စမ်းသပ်နေပါတယ်။ ဒေါက်တာတင့်ဆွေ ၂၈-၁-၂ဝ၁၆ http://www.hivequal.org/hiv-equal-online/breaking-an-injectable-hiv-treatment-could-be-ready-by-2017

Union spirit of Bogyoke Aung San ဗိုလ်ချုပ်အောင်ဆန်းနှင့် ပြည်ထောင်စုစိတ်ဓာတ် (ခ)

Image
ဗိုလ်ချုပ်အောင်ဆန်းနှင့် ပြည်ထောင်စုစိတ်ဓာတ် ရေးသားသူ = ဦးအေးသာအောင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ CRPP ၏ (၅၃)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် တိုင်းရင်းသားခေါင်းဆောင်များ၏ ပြည်ထောင်စုသဘောတရားများစာအုပ် ကောက်နုတ်စာ အပိုင်း (ခ) တိုင်းရင်းသားလူမျိုးများအပေါ် သဘောထား သို့မဟုတ် ပြည် ထောင်စုစိတ်ဓာတ်ကို ဖဆပလ ပဏာမပြင်ဆင်မှုညီလာခံတွင် တင်သွင်းခဲ့သော အဆိုများ၌ ပီပြင်စွာတွေ့မြင်ရသည့်အပြင် မြန်မာနိုင်ငံရှိ တိုင်းရင်းသား လူမျိုးများ၏ ဖြစ်တည်မှုအခြေခံနှင့်လည်း အလွန်ကိုက်ညီမှုရှိသည်ကို တွေ့ ရပေသည်။ ဖဆပလ ပဏာမပြင်ဆင်မှုညီလာခံတွင် အဆို (၁၄)ချက်ကိုတင် သွင်းခဲ့ရာ အပိုဒ် (၃)တွင် အောက်ပါအတိုင်း ဖေါ်ပြထားသည်- ၃(၁) အောက်ပါ အင်္ဂါလက္ခဏာအားလုံးနှင့်သော်လည်းကောင်း၊ အချို့ သော်လည်းကောင်း၊ ပြည့်စုံ၍ (ခ)(ဂ)(ဃ)(ခ)တို့၌ ဖော်ပြထားသော နယ်မြေများသည် ဤတိုင်းပြုပြည်ပြုလွှတ်တော်က ဆုံးဖြတ်သတ်မှတ်၍ နောင်အခါ နိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေတွင် ထိုသို့ ဆုံးဖြတ် သတ်မှတ်သောတရားဥပဒေနှင့်အညီပြည်ထောင်စုပြည်နယ် အဆင့်အတန်းကိုဖြစ်စေ၊ ကိုယ်ပိုင်အုပ်ချုပ်ရ ပြည်နယ်အဆင့်အတန်းကိုဖြစ်စေ လူမျိုးစုပြည်နယ် အဆင့်အတန်းကိုဖြစ်စေရ

Union spirit of Bogyoke Aung San ဗိုလ်ချုပ်အောင်ဆန်းနှင့် ပြည်ထောင်စုစိတ်ဓာတ် (က)

Image
ရေးသားသူ = ဦးအေးသာအောင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ CRPP ၏ (၅၃)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် တိုင်းရင်းသားခေါင်းဆောင်များ၏ ပြည်ထောင်စုသဘောတရားများစာအုပ် ကောက်နုတ်စာ အပိုင်း (က) ဤကမ္ဘာ၌ များစွာသောနိုင်ငံတို့သည် လူမျိုးအများအပြား ပါဝင်ပေါင်းစပ်လျက် ပြည်ထောင်စု နိုင်ငံတော်များကို ဖွဲ့စည်းခဲ့ကြ၏။ ဤသို့ ဖွဲ့စည်းခဲ့ကြသည့် ပြည်ထောင်စုများအနက် အချို့သော ပြည်ထောင်စုတို့၌ တန်းတူညီမျှသော အခြေခံဖြင့်ဖွဲ့စည်းကာ၊ အမျိုးသား အကျိုးစီးပွါးကို အညီအမျှပြု၍ ဖွံ့ဖြိုးတိုးတက် ငြိမ်းချမ်းလျက်ပင်ရှိကြ၏။ ပြဿနာကြီးငယ် ပေါ်ပေါက်သည်ကိုလည်း ဆွေးနွေးညှိနှိုင်း ဖြေရှင်းကာ ပြေငြိမ်းစေ၏။ အချို့သော ပြည်ထောင်စုများတွင်မူ အပေါ်စီးရနေသော၊ အင်အားကြီးသော၊ လူဦးရေအားဖြင့် များသောလူမျိုးများက လွဲမှားသော အမျိုးသားရေးဝါဒ ကို ကျင့်သုံးလျက် လွှမ်းမိုးအုပ်ချုပ်ကြ၏။ ပြည်ထောင်စုဖွဲ့ရာ၌လည်း မညီမျှသော အခွင့်အရေးများကို ပြဌာန်း ကျင့်သုံးကြ၏။ အချို့မှာမူညီမျှသော အခွင့်အရေးများကိုပင် ပြဌာန်းထားသော်လည်း၊ ထိုအခွင့်အရေးများကို ကျန်လူမျိုးများက မကျင့်သုံးနိုင်အောင် ဖိနှိပ်လွှမ်းမိုးထားကြ၏။ ထိုကြောင့် နိုင်ငံရေး၊ စီးပွါးရေး၊ လူ

Signature Psychology လက်မှတ်စိတ္တဗေဒ

Image
လူတယောက်ရဲ့လက်မှတ်ဟာ သူ့ရုပ်ပုံဖြစ်တယ်။(စနက်ပ်ရှော့) ဖြစ်တယ်။ သူ့ (ဆယ်လ်ဖီ) ဖြစ်တယ်။ လက်မှတ်ပုံစံ၊ စာလုံးအကြီးအသေး၊ ထင်ထင်ရှားရှား၊ မထင်မရှား၊ ပြတ်ပြတ်သားသား၊ မှုံဝါးဝါး၊ အကောက် အဖြောင့် စတာတွေကို ကြည့်ပြီး လက်မှတ်ပိုင်ရှင်အကြောင်း မှန်းသိနိုင်တယ်။ အဆုံးမှာ အစက်အပျောက်ချတာ၊ အောက်မှာမျဉ်းဆွဲတာ၊ ဒေါင့်ကျတာ၊ အစဆုံးစာလုံးနဲ့ အဆုံးစာလုံးတွေကိုလည်း ကြည့်ရတယ်။ ရိုးသားမှု၊ ဆက်သွယ်ရေးကောင်းမွန်မှု၊ ဖန်တီးနိုင်စွမ်း၊ စိတ်လှုပ်ရှားမှု၊ ကိုယ့်ကိုယ်ကိုယုံကြည်မှု စတာတွေကလည်း သိနိုင်တယ်။ သူ့အကြောင်းဆိုတာထက် သူကနေသူများတွေကိုပြလိုတာလို့ပြောရင် ပိုမှန်တယ်။ လက်မှတ်အောက်မှာ မျဉ်းလေးတကြောင်းတည်းဆွဲသူမျိုးက ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်တတ်သူ။ အစဉ်အလာ ယုံကြည်စရာနဲ့ တန်ဘိုးထားမှုတွေကို လိုက်နာသူဖြစ်မယ်။ အဲဒီမျဉ်းက နည်းနည်းကောက်နေရင် သူများတွေရဲ့ အာရုံစိုက်မှုကို ဖမ်းစားချင်သူဖြစ်မယ်။ (ဇစ်ဇက်) လိုဖြစ်ရင် သူ့အမူအယာ မသေချာတတ်သူဖြစ်မယ်။ (ဇစ်ဇက်) ရှည်လေ အဲမသေချာမှု ကဲလေ။ ရှေ့သွားလိုက်နောက်ပြန်လိုက်ဆိုရင် စိတ်ရှုတ်ထွေးမှုရှိသူဖြစ်မယ်။ လှိုင်းလိုတွန့်နေရင် ဟာသသဘောရှိတဲ့သူ။ လက်မှတ်အရွယ်အစားဟာ သူများကသိစေလိုတာကိုညွှန်းတယ