The right side စာပေပညာရှင်များ

မြန်မာစာပေသမိုင်းမှာ နတ်ရှင်နောင်ဟာ ရတုဖွဲ့ဆိုခြင်းမှာ အထူးချွန်ဆုံးဖြစ်တယ်။ ရာဇဓါတုကလျာကိုဖွဲ့တယ်၊ စစ်ချီရတုလဲဖွဲ့တယ်။ ပြည်လှဖေသီဆိုခဲ့တဲ့ တပ်တော်ဦးဆီ မျှော်လိုက်ပြန်တော့ ရဲတံခွန်တွေ လေကစား ကြွားတစ်တလူလူဝေ၊ တပ်ဦးဆီမျှော်လိုက်ပြန်တော့ တံခွန်တွေ၊ အလံတွေ၊ ရဲမာန်ပွားလောက်ပေ့ သီချင်းဟာ အတော်ကိုနာမည်ကြီးပါတယ်။ ဒါပေမဲ့ တောင်ငူဘုရင် နတ်ရှင်နောင်ဟာ ပေါ်တူဂီ ငဇင်္ကာနဲ့ပူးပေါင်းလို့ သံလျင်မှာ ကားစင်တင်ပြီး ကွပ်မျက်ခံခဲ့ရပါတယ်။

ခေတ်သစ်မြန်မာ့သမိုင်းမှာတော့ လူအများက လေးစားအားထားခံရတဲ့ စာပေနဲ့အနုပညာရှင်တွေကို ဆန်းစစ်လိုက်ရင် သခင်ကိုယ်တော်မှိုင်း၊ ဆရာတင်မိုး အစရှိတဲ့ပညာရှင်တွေဟာ နာမည်ကောင်းနဲ့ ကဗ္ဗည်းကောင်းထိုးနိုင်ကြပြီး၊ တိုင်းပြည်နဲ့ လူမျိုးဖက်မှာသာ ပြတ်ပြတ်သားသားရပ်တည်ခဲ့ကြတယ်။

လူထုဖက်ကမဟုတ်တဲ့ အနုပညာနဲ့ စာပေသမားတွေကတော့ အတန်းအစားသိပ်မမြင့်မားကြတာကို သတိထားမိတယ်။ သူတို့ဟာ အာဏာရှိနေသူဖက်မှာသာနေကြတယ်။ တာရှည်လည်းမခံကြပါ။ လုပ်သားပြည်သူ့နေ့စဉ်မှာ စာမျက်နှာပြည့်၊ နေ့စဉ်ရက်ဆက် ရေးခွင့်ရခဲ့သူတွေ အခုဆိုခေါင်းမဖေါ်နိုင်ကြတော့ဘူး။ သူတို့ရဲကလောင်သက်ဟာ အာဏာအပေါ်မှာသာ မှီတည်တယ်။ လူထုဆိုတာကအမြဲရှိနေတာ။

လူတွေ စာကောင်းပိုဖတ်နိုင်ကြပါစေ။ စာတွေလည်းကောင်းလာပါစေ။ စာကောင်းဆိုတာ လူထုကပြောပြနေတာကို အမှန်အတိုင်းရေးတာဖြစ်တယ်။ တချိန်တုံးကလို နင်းပြားတွေ၊ လူမွဲတွေသာ လူထုလို့ထင်တာ မဟုတ်ပါ။ လူထုဆိုတာ အမျိုးအစားစုံတယ်။ အစိုးရသစ်မှာလည်း အာဏာရသူဖက်မှာချည်းလိုက် မရေးသင့်ပါ။ အစိုးရကိုဝေဖန်နေမှသာ ရပ်တည်ချက်မှန်မယ်ထင်တာလည်း အမှန်မဟုတ်ပါ။

တပ်မတော်သားစာဆိုတွေပါ ထွက်ပေါ်လာပြီး၊ တံခွန်တွေ၊ အလံတွေ၊ ရဲမာန်ပွားနိုင်ကြပါစေ။

ဒေါက်တာတင့်ဆွေ
၂၃-၁-၂ဝ၁၅
၂၃-၁-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး