Natural disasters everywhere သဘာဝဘေးအန္တရာယ်များ (၂)

(၁) နိုင်ငံတကာ သဘာဝဘေးများ
(၂) မြန်မာနိုင်ငံနဲ့ သဘာဝဘေးများ
(၃) List of epidemics ကူးစက်ကပ်ရောဂါများ

(၂) မြန်မာနိုင်ငံနဲ့ သဘာဝဘေးများ

OCHA (Office for the Coordination of Humanitarian Affairs) ကနေ ပြုစုထားတဲ့စာရင်းဇယားအရ မြန်မာနိုင်ငံမှာ ၂ဝဝ၂ ကနေ ၂ဝ၁၂ ခုနှစ်အထိ ဖြစ်ခဲ့တဲ့ ဆိုက်ကလုံး ၃ ကြိမ်ကြောင့် ၂့၈ သန်းကိုထိခိုက်နစ်နာစေခဲ့တယ်။ ရေကြီးလို့ လူပေါင်း ၅ သိန်းနဲ့ ငလျင်အကြီးစား ၂ ကြိမ်ကြောင့် လူပေါင်း ၂ သောင်းကိုထိခိုက်စေခဲ့တယ်။

၁။ ၂ဝဝ၈ မေလ နာဂစ်ဆိုက်ကလုန်းကြောင့် လူပေါင်း ၁ သိန်း ၄ သောင်ပျောက်ဆုံးခဲ့ရတယ်။ လူပေါင်း ၂့၎ သန်း နေစရာတွေ ပျောက်ဆုံးခဲ့ရတယ်။

၂။ ၂ဝ၁ဝ ဇွန်လ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာရေကြီးလို့ လူပေါင်း ၆၈ ယောက်သေဆုံးခဲ့ရတယ်။ မိသားစု ၂ သောင်း ၉ ထောင်ကို ထိခိုက်စေတယ်။

၃။ ၂ဝ၁ဝ အောက်တိုဘာမှာ ဆိုက်လုန်း (ဂီရိ) ကြောင့် လူပေါင်း ၄၅ ယောက်သေဆုံးရပြီး၊ လူ ၁ သိန်း နေအိမ်တွေ ပျက်စီးတယ်။

၎။ ၂ဝ၁၁ မတ်လတုံးက ရှမ်းပြည်နယ်မှာ ၈့၈ ရစ်ခ်ျတာစကေးရှိငလျင်ကြောင့် ၇၄ ယောက်သေဆုံးပြီး ၁ သောင်း ၈ ထောင်ကိုထိခိုက်စေခဲ့တယ်။

၅။ ၂ဝ၁၁ အောက်တိုဘာလထဲမှာ မကွေးတိုင်းမှာရေကြီးလို့ လူဦးရေ ၃ သောင်းကိုထိခိုက်စေခဲ့တယ်။

၆။ ၂ဝ၁၁ သြဂုတ်လမှာ မြန်မာပြည်တလွှားမှာရေကြီးလို့ လူဦးရေ ၂၈၇ဝဝဝ ယောက်ကိုထိခိုက်စေခဲ့တယ်။

၇။ ၂ဝ၁၂ နိုဝင်္ဘာလထဲမှာ မြန်မာပြည်မြောက်ပိုင်မှာ ငလျင်လှုပ်လို့ လူပေါင်း ၁၆ ယောက်သေဆုံးရပြီး အိမ်ခြေ ၄ဝဝ၊ စာသင်ကျောင်း ၆၅ နဲ့ ဘာသာရေးအဆောက်အဦ ၁ဝဝ ပျက်စီးသွားတယ်။

UN Risk Model ကုလသမဂ္ဂအန္တရာယ်ကျခြင်းမော်ဒယ်အရ မြန်မာနိုင်ငံဟာ သဘာဝဘေးအန္တရာယ် ကျရောက်နိုင်ဆုံး နိုင်ငံများစာရင်းထဲမှာ ပါတယ်။ ရာဝတီမြစ်ဝကျွန်ေးပ်ါဟေဟာ ဆိုက်ကလုံးဒဏ်၊ မုန်တိုင်းနဲ့ ဆူနာမီဒဏ် ခံရနိုင်တယ်။ တိုင်းပြည် နေရာ အတော်များများဟာ ရေကြီးတဲ့ဒဏ်ခံရနိုင်တယ်။ မိုးခေါင်ရေရှားတာနဲ့ မီးလောင်တာကို ခံရနိုင်တယ်။ အဓိကငလျင်ခါးပတ်လမ်းကြီး ၂ ခုကြာမှာကျရောက်နေတယ်။ မီးလောင်တာက အဲတာတွေအားလုံးထဲမှာ ၇၃% ရှိတယ်။ လွန်ခဲ့တဲ့ ၁ဝ နှစ်အတွင်း အကြီးစားငလျင် ၂ ကြိမ်၊ ဆိုက်ကလုံး ၃ ကြိမ်နဲ့ ဆူနာမီ ၁ ကြိမ်လည်း ခံခဲ့ရပြီးဖြစ်တယ်။

မြန်မာပြည်မှာ ခန့်မှန်းချေ လူဦးရေ ၇ဝ% ကတောပိုင်းမှာနေထိုင်ကြတယ်။ စိုက်ပျိုးရေးနဲ့ အသက်မွေးကြတယ်။ ဆင်းရဲမွေတေမှုက ကြီးများကျယ်ပြန့်တယ်။ လူလုပ် (စစ်အုပ်ချုပ်ရေးနဲ့ ညံဖျင်းတဲ့နိုင်ငံရေးစနစ်) ကြောင့်အပြင် သဘာဝ ဘေးကနေလည်း ဆင်းရဲတာကိုပိုဆိုးစေခဲ့တယ်။ Deforestation သစ်တောပြုန်းတီးမှု၊ Over-cultivation စိုက်ပျိုးရေး နည်းမမှန်မှုနဲ့ Resource management ရင်းမြစ်စီမံခန့်ခွဲမှုညံဖျင်းခြင်းတွေကြောင့် အဲလိုဖြစ်ရတယ်။ နောက်ဆက်တွဲအနေနဲ့ ရေကြီးတာ၊ မိုးခေါင်တာနဲ့ မြေပြိုတာတွေကိုဖြစ်လာစေတယ်။ အခြေခံအဆောက်အအုံညံ့တာနဲ့ အိုးအိမ်တည်ဆောက်တာလည်းအဆင့်မမီလို့ မြန်မာပြည်ဟာ အခုလို သဘာဝဘေးအန္တရာယ် အကျရောက်နိုင်ဆုံး နိုင်ငံစာရင်းများထဲမှာ ပါနေရတာလို့ဆိုနိုင်တယ်။

မြန်မာနိုင်ငံဟာ ရာသီဥတုဖေါက်ပြန်မှုကိုလည်းခံနေရပါသေးတယ်။ ကမ္ဘာကြီးပူနွေးလာမှုနဲ့ပါဆက်နေတယ်။ မိုးခေါင်၊ မိုးသည်းထံ၊ ရေကြီး၊ ရေရှား၊ စတာတွေဆက်ဖြစ်တယ်။ ရာသီဥတုရုတ်တရက်ပြောင်းလဲခြင်းကနေ လူမှုရေး၊ နိုင်ငံရေးနဲ့ စီးပွါးရေးအားလုံးကိုသက်ရောက်စေတယ်။

• ၁၉၄၇ ကနေစတွက်ရင် ဆိုက်ကလုံးဒဏ်ခံရတာ ၃၆ ကြိမ်ရှိပြီ။ ၁၁ ကြိမ်က ရခိုင်ဒေသ၊ ၂ ကြိမ်က ဧရာဝတီဒေသမှာ ဖြစ်ခဲ့တယ်။
• ရေကြီးခြင်းဟာ သဘာဝဘေးတွေထဲမှာ ၁၁% ရှိတယ်။ မီးလောင်တာပြီးရင် ဒုတိယလိုက်တယ်။ ဧရာဝတီ၊ ချင်းတွင်း၊ စစ်တောင်းနဲ့ သံလွင်မြစ်တွေတလျှောက်မှာဖြစ်တယ်။ ၁၉၁ဝ ကနေ ၂ဝဝဝ ခုနှစ်အထိ အဓိကရေကြီးတာ ၁၂ ကြိမ်ခံရပြီး ဖြစ်တယ်
• မိုးခေါင်တာလည်း မကွေး၊ မန္တလေးနဲ့ စစ်ကိုင်းတိုင်း အပူပိုင်းဒေသတွေမှာဖြစ်တယ်။ တိုင်းပြည်ဧရိယာ ၁ဝ% နဲ့ မြို့နယ်ပေါင်း ၅၃ ခုကျရောက်တယ်။ ကရင်၊ ကချင်၊ ရှမ်း၊ မွန်နဲ့ ချင်းပြည်နယ်တွေမှာလည်း ရေကြီးတဲ့ဒဏ်ခဲကြရတယ်။
• ၂ဝ ရာစုအတွင် အဓိကမြေငလျင် အနည်းဆုံး ၁၈ ကြိမ်လှုပ်ခဲ့တယ်။ Sagaing Fault passes လို့ခေါ်တယ်။
• ပဲခူး-ဖြူး၊ မန္တလေး-စစ်ကိုင်း-တောင်ငူ၊ ပူတာအို-တနိုင်း၊ ကလေး-ဟုမ္မလင်းလမ်းကြောင်းမှာဖြစ်တယ်။ တောင်ငူ၊ တောင်တွင်းကြီး၊ ပုဂံ-ညောင်ဦး၊ ကျောက်တည်၊ ပြင်ဦးလွင်၊ ရွှေဘို၊ ဝန်းသို၊ ခမ်းတီး၊ ဟားခါး၊ မြစ်ကြီးနား၊ တောင်ကြီးနဲ့ ကွမ်းလုံမြို့တွေကဒဏ်အခံရတဲ့နေရာတွေဖြစ်တယ်။
• ၂ဝဝ၄ ဆူနာမီကြောင့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသမှာ ၃၁ ယောက်၊ ရခိုင်ဒေသမှာ ၂၂ ယောက်နဲ့ တနင်္သာရီဒေသမှာ ၈ ယောက်သေခဲ့ရတယ်။
• မြန်မာပြည်မှာ မီးလောင်တဲ့ဒဏ် ကြီးမားဆိုးဝါးတယ်။ တနှစ်မှာ မီးလောင်မှုပေါင်း ပျမ်းမျှ ၉ဝဝ ရှိတယ်။ ရန်ကုန်၊ ပဲခူး၊ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ၊ စစ်ကိုင်းနဲ့ မန္တလေးမှာအဖြစ်များတယ်။

လူအများကအမျှော်ကြီးမျှော်ပြီး ကြိုးစားလုံးပမ်းနေခဲ့ရတဲ့ နိုငံရေးအပြောင်းအလဲနဲ့ လူမှုရေးအပြောင်းအလဲတွေ လာပါတော့မယ်။ Access to funding ရံပုံငွေလက်လှမ်းမီရေး၊ Capacity building စွမ်းရည်မြှင့်တင်ရေးနဲ့ Technical training နည်းနာနဲ့ နည်းပညာသင်တန်းတွေအတွက် အခွင့်အလမ်းပွင်လာတယ်လို့ မျှော်မှန်းနိုင်လာပါပြီ။

ဒေါက်တာတင့်ဆွေ
၂၂-၁-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ