Gold plate sets မျက်နှသာပေး ရွှေရေးပန်းကန်တက်

သမ္မတ၊ ဒုသမ္မတ ဘယ်သူဘယ်ဝါ၊ ပြောကြတာများပြီ။ ဖေ့စ်ဘုတ်မှာက ဘာဟုတ်သေးလည်း၊ ရေဒီယိုတွေမှာ တဝီဝီညံ၊ ဂျာနယ်တွေမှာလည်း ပလူပျံနေတာပဲ။ မကြာမီကြေညာမည်ဆိုတော့ ထီမထိုးပဲ ပေါက်ချင်သူမျိုးလည်း ရှိမှာပဲ။

ပြောတဲ့အသံတွေနားထောင်၊ တင်တဲ့သတင်းခေါင်းစီးတွေကြည့်ရင် အရည်အသွေးကို မှန်းလို့ရတယ်။ တချို့ဟာတွေကို ကြားရတာ အားတက်စရာမကောင်းပါ။ ထင်ကြေးပေးရင်း ထောက်ပြတဲ့အချက်အလက်တွေက အပြုသဘောတော့ မှန်ပါတယ်။ ဒါပေမယ့် အခွံတွေကများတယ်။

ကျွန်တော်တို့တိုင်းပြည်မှာ တိုင်းရင်းသားအရေးနဲ့ ဘာသာရေးကို ပြောရတာ အတော်ကို (အတော်ကြီးကို) သတိထားရတယ်။ အဲလို အထိမခံရွှေပန်းကန်ဖြစ်နေတာ ကောင်းစေတဲ့လက္ခဏာာမဟုတ်ပါ။ ကွဲလွယ်ရှလွယ်တဲ့အရာဆိုတာ နေရာတိုင်းမှာအသုံးမကျပါ။

အပြောမခံရတိုင်းတော့ အဟုတ်မှတ်မနေနဲ့။ မျက်နှသာပေး ရွှေရေးပန်းကန်တက်၊ ခက်တယ်ဗျာ။

ဒေါက်တာတင့်ဆွေ
၃၁-၁-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး