Online music videos expose teens to smoking and drinking
အွန်လိုင်းကနေကြည့်နိုင်တဲ့ တေးဂီတာတွေမှာ အရက်နဲ့ ဆေးလိပ်သောက်တာကို အားပေးနေတယ်လို့ သုတေသနသစ်တခုကနေ ထုတ်ဖေါ်လိုက်ပါတယ်။ အဲတဟာ သိသာတဲ့ကျန်းမာရေးအန္တရယ်ကိုဖြစ်စေနိုင်တယ်၊ ထိန်းချုပ်ဘို့လိုတယ်လို့ ကောက်ချက်လည်း ချထားပါတယ်။
ယူကျုဗီဒီယိုထိပ်ဆုံးသီချင်း (၄ဝ) ကို နော်တင်ဟန် တက္ကသိုလ်ကနေ လေ့လာခဲ့ပါတယ်။ ဗြိတိန်မှာ ရုပ်ရှင်ကြည့်တာကို ကန့်သတ်မှုသစ်တွေ ဒီနှစ်မှာစလုက်လိုက်ပါတယ်။ အသက် ၁၃ နှစ်ကနေ ၁၅ နှစ်အရွယ် မိန်းကလေးတွေမှာ အရက်နဲ့ စီးကရက်သောက်တဲ့အလေ့အထကို ထိတွေ့စေတယ်။ ကောက်ခံမှုစနစ် YouGov ကိုသုံးပြီး အသက် ၁၁ နှစ်ကနေ ၁၈ နှစ်အရွယ်ကလေးပေါင်း ၂ဝ၆၈ ယောက်နဲ့ ၁၉ နှစ် အထက် ၂၂၃၂ ယောက်ကို မေးမြန်းခဲ့တယ်။ ၃-၁၁-၂ဝ၁၃ ကနေ ၁၉-၁-၂ဝ၁၄ အတွင်းသူတို့ ကြည့်ကြတဲ့ဗီဒီယိုတွေကိုမေးတယ်။ ဗီဒီယို ၂၃ ခုကို ၂၂% ငယ်သူတွေနဲ့ ၆% ကို ကြီးသူတွေက ကြည့်ခဲ့ကြတယ်။
Jason Derulo ရဲ့Trumpets သီချင်း၊ Robin Thicke ရဲ့ Blurred Lines သီချင်းတွေမှာ ဆေးလိပ်ကိုညွှန်းဆိုထားတယ်။
Pitbull ရဲ့ Timber သီချင်း၊ Beyonce ရဲ့ Drunk in Love သီချင်းမှာ အရက်ကိုဖေါ်ကျူးထားကြတယ်။
Beyonce ဆိုတဲ့သီချင်းစာသားကိုဖတ်ပါ။
I've been drinking, I've been drinking. I get filthy when that liquor get into me
Boy, I'm drinking, get my brain right, Armand de Brignac, gangster wife
Cigars on ice, cigars on ice
သုတေသနလုပ်တဲ့ Dr Cranwell ဒေါက်တာ ခရင်ဝဲလ်က ဗြိတိသျှ ဗီဒီယို ၃၂ ခုဟာ အရက်ကိုဖေါ်ပြမှုပေါင်း ၁ဝဝ၆ သန်းနဲ့ ဆေးလိပ်ကိုဖေါ်ပြမှုပေါင်း ၂ဝ၃ သန်းပါတယ်လို့ထောက်ပြပါတယ်။
ဓါတ်ပုံ = Beyonce's song Drunk in Love http://www.bbc.com/news/uk-35311337
ဒေါက်တာတင့်ဆွေ
၁၇-၁-၂ဝ၁၆

Comments
Post a Comment