Martin Luther မာတင်လူသာ (၁ဝ-၁၁-၁၄၈၃ - ၁၈-၂-၁၅၄၆)
Kyaw Aye မာတင်လူသာကင်းက ဘယ်နှစ်ယောက်ရှိပါသလဲဆရာ။ ခရစ်ယာန်ဘာသာရေးခေါင်းဆောင် မာတင်လူသာကင်းအကြောင်းလည်း သိချင်ပါတယ်။
(မာတင်လူသာ) က ဂျာမန်လူမျိုးဖြစ်ပြီး ခရစ်ယန်ဘာသာသမိုင်းမှာ အရေးပါသူတဦးဖြစ်ပါတယ်။ Protestant Reformation ပရိုတက်စတင့်ပြုပြင်ပြောင်းလဲရေးခေါင်းဆောင်လို့ထင်ရှားတယ်။ ကျွန်တော်တို့ ၅ တန်းဖတ်စာထဲမှာ သူ့အကြောင်းလည်း ပါတယ်။
သူက အလယ်ခေတ် ကက်သလစ်ဘာသာသင်ကြားရေးကိုဆန့်ကျင်ခဲ့သူဖြစ်တယ်။ အကုသိုလ်ကို ငွေဒဏ်ဆောင်တာနဲ့ ပြေမယ်ဆိုတာကို လက်မခံရာကနေစတယ်။ ၁၅၁၇ မှာ သီအိုရီ ၉၅ ခုဖေါ်ထုတ်ရေးသားတယ်။ သူရေးတာတွေကို ပြန်ရုပ်သိမ်းဘို့ ပုပ်ရဟန်းမင်းကြီး ဒဿမမြောက်လီယိုက ၁၅၂ဝ မှာ ညွှန်ကြားတာကိုနာမခံလို့နဲ့ Diet of Worms ခေါ်တဲ့ တီကောင်အာဟာရစာအုပ်ကြောင့် Excommunication ဆက်ဆံမှုအားလုံးရပ်စဲတာခံရတယ်။ ဟိုလီ ရိုမန်ဘုရင် ပဉ္စမမြောက် ချားလ်က အဲလိုချမှတ်တာဖြစ်တယ်။
ဗုဒ္ဓဘာသာလိုပြောရရင် ပတ္တနိက္ကုဇ္ဇန ကံဆောင်တာခံရတယ်။ အမှန်က ၁၉၈၈ မြန်မာပြည်မှာ ဘုန်းတော်ကြီးတွေက ပတ္တနိက္ကုဇ္ဇန ကံဆောင်တဲ့အခါ အင်္ဂလိပ်စာလုံးရှာတော့ Excommunication ကိုပဲလိုက်သုံးရတာသာဖြစ်ပါတယ်။ အတိအကျတော့ မတူပါ။
သူကပဲ လက်တင်ဘာသာသာရှိတဲ့ ဘိုင်ဘယ်ကျမ်းစာကို အများနားလည်နိုင်တဲ့ ဂျာမန်ဘာသာနဲ့ရေးလို့ လူအများစု လက်လှမ်းမီစေတယ်။ အင်္ဂလိပ်လိုလည်းသာသာပြန်တယ်။ Tyndale Bible လို့ခေါ်တယ်။ ကက်သရီနာကိုလက်ထပ်ပြီး ခရစ်ယန်ဘုန်းကြီးတွေလည်း လက်ထပ်ခွင့်ရှိတယ်လို့ ဖြစ်လာစေတယ်။
Lutheranism လူသာရေနီယမ်နဇင် ဆိုတာ မာတင်လူသာရဲ့အယူအဆကိုလိုက်တဲ့ ပရိုတက်စတင့် ခရစ်ယန်ဂိုဏ်း ဖြစ်တယ်။ ဟိုလီ ရိုမန် အင်ပါယာလက်အောက်က ဂျာမန်စကားပြော ကက်သလစ်အုပ်စုအတွင်းမှာ ပြုပြင်ပြောင်းလဲရေး လုပ်ထားတာဖြစ်တယ်။
ကနေ့မှာ ခရစ်ယန်ဂိုဏ်းခွဲတွေရှိတယ်။ ကက်သလစ်၊ အော်သိုဒေါက်နဲ့ ပရိုတက်စတင့်တွေအပြင် ၇ ရက်အသင်းတော် (စနေသင်း)၊ ခရစ်တော်နောက်လိုက်များ၊ အီဗင်ဂျလီကယ်၊ စတာတွေဖြစ်ကြပါတယ်။
ဒေါက်တာတင့်ဆွေ
၁၇-၁-၂ဝ၁၆

Comments
Post a Comment