Friday, January 22, 2016

Quality Education မဟောသဓလို ပညာတွေတတ်မြောက်ကြပါစေ

- (ပဘာဝတီ) လို့ရေးမှသာမှန်တယ်။ (ပပဝတီ) လို့ရေးတာမမှန်ပါ။
- (မဟောသဓ) လို့ရေးမှသာမှန်တယ်။ (မဟော်သဓာ) လို့ရေးတာမမှန်ပါ။

ကျွန်တော်တို့တုံးကတော့ မင်းဘူးဆရာတော် ဦးသြဘာသရေးတဲ့ ဇာတ်တော်ကြီးဆယ်ဘွဲ့ (တေမိယ၊ မဟာဇနက၊ သုဝဏ္ဏသာမ၊ နေမိ၊ မဟောသဓ၊ ဘူရိဒတ်၊ စန္ဒကုမာရ၊ နာရဒ၊ ဝိဓူရ၊ ဝေဿန္တရာ) ထဲက တတန်းမှာတဘွဲ့ သင်ခဲ့ရတယ်။ ပန်းချီဆရာ ဦးဘကြည်လက်ရာ ဇာတ်တော်ကြီးဆယ်ဘွဲ့စာအုပ်ကနာမည်ကြီးတယ်။

(မဟောသဓ) ကို (မဟော်သဓာ) လို့ ကျောင်းဆိုင်းဘုတ်မှာရေးထားတယ်။ ကျောင်းက ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီဌာနကျောင်းဖြစ်ပြီး၊ ဘုန်းကြီးအဖွဲ့တခုကဦးစီးတဲ့ကျောင်းလို့ ဖတ်ရတယ်။

ကျွန်တော်ဖြစ်စေလိုတဲ့ ကောင်းမွန်တဲ့ပညာရေးဆိုတာ ဗိုလ်လိုကောင်းဘို့သာပြောတာမဟုတ်ပါ။ နိုင်ငံတကာစံတွေလည်းမဟုတ်ပါ။

ဒေါက်တာတင့်ဆွေ
၂၂-၁-၂ဝ၁၆

No comments:

Post a Comment

Note: Only a member of this blog may post a comment.

Taxila တက္ကသိုလ်

Taxila တက္ကသိုလ် ခေါ် တက္ခသိုလ် ခေါ် တက္ကသိလာ ၁။ ဆရာခင်ဗျာ တက္ကသိုလ်လား တက္ကသိုလား ခင်ဗျာ ၁၉၆၂ ခု ဇူလိုင်လထုတ် သတင်းစာပါ တက္ကသို စာလုံးကို မေး...