Unicity product အမေရိကန်ထုတ်ဆေးတွေတဲ့

Unicity product အမေရိကန်ထုတ်ဆေးတွေတဲ့

မင်္ဂလာပါဆရာ။ အခုလည်းအပြင်မှာ unicity product ဆိုပြီး ပိန်ဖို့၊ အသားအရေလှဖို့ဆိုပြီးသူ့ member တွေ အတင်းဆွယ်ပြီးရောင်းနေကြပါတယ်။ ကျွန်မတောင် ၁ဝ သိန်းနီးပါးအလိမ်ခံလိုက်ရတယ်ဘဲပြောရမယ်။ ဆရာ အဆင်ပြေရင် အဲ့ဒါလေးနဲ့ပတ်သတ်ပြီးဆွေးနွေးပေးပါအုန်း။ ကျွန်မလိုခံစားနေရသူတွေများမှာစိုးရိမ်လို့ပါ။ အမှားပါရင် ရိုင်းသလိုဖြစ်ရင် ခွင့်လွှတ်ပါဆရာ။

Unicity International ဟာ အမေရိကန် ဆေးဝါးကုန်ပစ္စည်းတွေဖြစ်တယ်။ အူတာပြည်နယ် အိုရမ်မြို့မှာရှိတယ်။ ကိုယ်အလေးချိန်ကျဆေးနဲ့ လဖက်ရည်စိမ်းတွေပါတယ်။ ဒါပေမဲ့ ကြောညာဆေး အဆင့်တွေသာဖြစ်တယ်။ FDA အသိအမှတ်ပြုတောင်းခံဘို့မလိုအောင် Food supplement ခေါင်းစဉ်အောက်နေရောင်းပါတယ်။

Enrich International ကနေ EnRich & Thin ပိန်ဆေး၊ Health food, Vitamin, and mineral supplements ညြဖ့်စွက်အာဟာရနဲ့ ဗီတာမင်တွေထုတ်တယ်။ Personal care အလှအပသုံးတွေထုတ်တယ်။ Bios Life နဲ့ Bios Life Slim အသက်ရှည်ဆေးနဲ့ ပိန်ဆေးတွေလည်းထုတ်တယ်။ Bios Life Matcha ဆိုပြီး လက်ဖက်ရွက် ထုတ်ကုန်တွေ ထုတ်တယ်။ သံပရာသီး၊ ကမ္ဗလာသီး၊ ရှားစောင်းလက်ပတ်၊ လက်ဖက်ရွက်တွေကနေထုတ်တယ်လို့ ဖတ်ရပါတယ်။

• Bios Life C - Canister
• Bios Life C Canister - Unsweetened
• Bios Life C Packets
• Bios Life Slim Canister
• Bios Life Slim Canister - Unsweetened, Unflavored
• Bios Life Slim Canister Protein Pack
• Bios Life2 - Natural
• Bios Life2 - Natural Tropical Fruit Flavor
• Bios Life2 - Original
• Mannos
• Matcha Energy
• Matcha Focus
• Protein Pack
• Unicity Balance Cholesterol

အမေရိကားမှာထုတ်တာဖြစ်လို့ ဆေးဗူးခွံ၊ ကြော်ငြာတွေနဲ့ ဝဘ်ဆိုက်တွေမှာ အာရှ (ထိုင်း၊ တရုပ်၊ ဂျပန်နဲ့ ကိုရီးယား) က ထုတ်တာတွေလို မော်ဒယ်မိန်းကလေးပုံတွေမသုံးတာ သတိထားမိတယ်။ ဘေးထွက်ဆိုးကျိုး ဆိုးစရာမရှိလောက်ပါ။ မတော်တရော်တွေလည်းမပါလောက်ပါ။ အမေရိကန်ထုတ်ကုန်ကို ဝယ်သုံးတယ်ဆိုတဲ့ဖက်ရှင်အရ ရောင်းရပါမယ်။ ဒါပေယ့် ထိရောက်မှုကို ဆေးသုတေသနအရ လက်တွေ့မပြနိုင်ပါ။ ဗီတာမင်ဆိုတာတွေကတော့ မမှားလောက်ပါ။ ဆရာဝန်တွေက ဆေးညွှန်မရေးတဲ့ ဆေးဆိုသောအရာတွေသာဖြစ်ပါတယ်။

ဒေါက်တာတင့်ဆွေ
၁၇-၁-၂ဝ၁၆

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး