Taj Mahal တာ့ခ်ျမဟာ

စောစောကတင် ရာဇဓါတုကလျာအတွက် မေတ္တာဘွဲ့တွေဖွဲ့ဆိုတဲ့ နတ်သျှင်နောင်ကိုရေးတယ်။ အခုလည်း မေတ္တာကို ဗိသုကာလက်ရာနဲ့ အမွှမ်းတင်ခဲ့တာကိုရေးပါမယ်။

(တာ့ခ်ျမဟာ) ဆိုတာ အိန္ဒိယတိုက်ငယ်ကိုအုပ်စိုးသွားတဲ့ ပါရှားနဲ့ အာရတ်မင်းဆက်ရဲ့ အထင်ရှားဆုံး ရှေးဟောင်း ဗိသုကာလက်ရာတခုဖြစ်တယ်။ အိန္ဒိယနိုင်ငံ၊ ယူပီပြည်နယ်ထဲက Agra အာဂရာမှာ တည်ရှိပါတယ်။ Mughal မူဂေါလ် အင်ပါယာသခင် ဘုရင်ကြီး Shah Jahan (ရှားဂျဟန်) ကနေ သူ့ရဲ့ကွယ်လွန်သူ မိဖုရား Mumtaz Mahal (မွန်မ်တာ့ဇ် မဟာ) အတွက် အထိမ်းအမှတ်အနေနဲ့ တည်ဆောက်ပေးခဲ့တာဖြစ်ပါတယ်။ The jewel of Muslim art မွတ်ဆလင် အနုပညာရဲ့ရတနာလို့ တင်စားကြပါတယ်။ UNESCO ကမ္ဘာ့ရှေးဟောင်းအမွေအနှစ် စာရင်းဝင်လည်းဖြစ်ပါတယ်။ Islamic အစ္စလမ်၊ Persian ပါရှန်၊ Ottoman Turkish တူရကီ အော်တိုမန် နဲ့ အိန္ဒိယဗိသုကာလက်ရာတွေ ပေါင်းစပ်ထားတာ ဖြစ်တယ်။ ၁၆၃၂ ခုနှစ်မှာစတည်ပြီး ၁၆၅၃ မှာ ပြီးစီးခဲ့တယ်။

(တာ့ခ်ျမဟာ) ဟာ
• ချစ်မေတ္တာလို့လည်း သရုပ်ဖေါ်တယ်။
• အသည်းကွဲတာလို့လည်း တင်စားကြတယ်။
• အနုပညာဗိသုကာလက်ရာလို့လည်း ချီးမွမ်းကြတယ်။
• တန်ခိုးအာဏာရဲ့သက်သေလို့လည်း ထောက်ပြကြတယ်။
• သက်ဦးဆံပိုင်စနစ်ရဲ့ ပြယုဂ်လို့လည်း ကဲ့ရဲ့ကြတယ်။
• ကမ္ဘာလှည့်ခရီးသွား စီးပွါးရေးလည်းဖြစ်တယ်။

မှတ်ချက်။ သူတို့ဆီမှာ နောက်အစိုးရတွေက (တာ့ခ်ျမဟာ) ကို ထုံးသုတ်တာ၊ ရွှေချတာမလုပ်ကြပါ။ မြန်မာပြည်မှာတော့ အာဏာပိုင်တွေက ရှေးမြန်မာပညာရှင်တွေရဲ့ သတ်ပုံကိုပါထုံးသုတ်တယ်။ အနန္တသူရိယအမတ်ရေးခဲတဲ့ အမျက်ဖြေလင်္ကာပါ (တ) တွေကို (တစ်) တွေလုပ်မှ ထုတ်ဝေခွင့်ပေးတယ်။

ဒေါက်တာတင့်ဆွေ
၂၇-၁-၂ဝ၁၅
၂၃-၁-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး