Things to ask for လိုချင်တာမှာ

ပို့လာတဲ့ပါဆယ်ကို ဖွင့်လိုက်ပြီ။ (ပီ) လို့မရေးပါ။
အမိုက်စား ငါးပုတ်ပြားကို ဒေလီမှာနေတုံးမှာ အမတယောက်က ဘုရားဖူးလာရင်း ယူလာပေးတယ်။ ညီတယောက် လာလည်တော့လည်းသယ်လာ။ အခုလည်းပါတယ်။
အန်တီအတွက်ကတော့ လက်ဖက်ခြောက်နဲ့ ပုံးရည်ကြီးသာတည့်တယ်။ ကျွန်တော့်မှာ မတည့်တာမရှိ။
ပါဆယ်ပုံးဖေါက်ပေးတဲ့ မရွှေတာကတော့ မုန့်ပန်းခွေကြိုက်သတဲ့။
အဲတာပို့တယ်လို့ ပို့စ်တင်တော့ တယောက်က ကျွန်မလဲပို့ပေးချင်ပါတယ်ဆရာတဲ့။ ဘယ်မှာနေသူလည်းတော့မသိ။ မှာလိုက်ပြီ့
ကျုံးရေတစည်၊ လယ်တီသိမ်ကအုတ်ခဲနှစ်ချပ်လောက်နဲ့ ပိတောက်ပွင့်တကိုင်း။ Smile

ဒေါက်တာတင့်ဆွေ
၁၆-၁-၂ဝ၁၆

Comments

Popular posts from this blog

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး