New UK government guidelines for alcohol limit

ယူကေနိုင်ငံအစိုးရကနေ အရက်သောက်သင့်တဲ့ပမာဏကို ၈-၁-၂ဝ၁၆ နေ့က အသစ်သတ်မှတ်ပေးလိုက်ပါတယ်။ ယောက်ျားရော မိန်းမတွေပါ ကန့်သတ်ချက်က အတူတူဖြစ်တယ်။ ၇ ရက်တပါတ်မှာ (၁၄) ယူနစ်ထက်မပိုစေရ။

မနေ့ညက ဒီဆေးပညာသတင်းကိုရေးမပြီးခင် အိပ်လိုက်တယ်။ အခုမနက် ကွန်မင့်မှာ တိုက်ဆိုင်တာတခု တွေ့ပါတယ်။

May May Win ဆရာရှင့် သိချင်လို့ ဖြေပေးစေချင်ပါတာယ်ရှင့်။ ဖိုတိုရှော့သတင်းတခုပါတွဲထားတယ်။ မှုခင်းဖြစ်ရပ်တခုမှာ ဆရာဝန်တွေရဲ့ ဆေးစာထင်မြင်ချက်က အရက်အလွန်အကျွံသောက်ထားသည်လို့ရေးခဲ့တယ်။ ဆိုပါစို့ အလွန်အမင်း သောက်သုံးထားသည် ဆိုတာဘာပါလဲ။ ဘာနဲ့တိုင်းသလည်း မေးခွန်းထုတ်ထားတယ်။ အရက်နံ့လား၊ အပြုအမူ အပြောအဆိုအရလား၊ အနေအထိုင်အရလား။ ငြင်းချက်လည်းပါတယ်။ လူတယောက် အရက် ၁ ပက်သောက်လိုက်ရင် ကလေး၊ လူကြီး၊ တခါမှမသောက်ဖူးသူ၊ အရက်စွဲသောက်နေသူ မတူတာပြောတယ်။ အဲတာကို အရက်ခံနိုင်ရည်လို့ ရေးထားတယ်။

မြန်မာပြည်မှာ အရက်ကို Peg (ပက်) လို့သာပြောကြတယ်။ အရက် အသေး ၁ ပက် = ၃ဝ စီစီ၊ အကြီး ၁ ပက် = ၆ဝ စီစီ။ အလွန်ကြီး ၁ ပက် = ၉ဝ စီစီ။ သူများတွေက အရက်တခါထည့်ကို One measure တခါထည့်လို့ ခေါ်တယ်။ ဆေးပညာအရ Unit ယူနစ်လို့သုံးတယ်။ cc စီစီ = ml မယ်လ်။

အရက် (၁) ယူနစ်ဆိုတာ Pure alcohol အရက်စစ် (၁ဝ) စီစီနဲ့ညီမျှတယ်။ အရက်ပြင်းအားတွေက မတူကြပါ။
၎ဝ% ပြင်းတဲ့အရက် (ဝီစကီ) = ၁ ယူနစ်။
၁၂% သာမန်ဝိုင် ၁၂၅ စီစီ = ၁ ယူနစ်။
၁၂% ပြင်းတဲ့ဝိုင် ၁၂၅ စီစီ = ၁့၅ ယူနစ်။
၅့၂% ပြင်းတဲ့ လက်ဂါ (ဘီယာ) ၁ ပိုင့် = ၃ ယူနစ်။

ဝိုင်ပုလင်းမှာ 13 ABV (Alcohol by volume) ရေးထားရင် အရက် ၁၃% ဖြစ်တယ်။
အပျော့စားဝိုင်က ၃့၅% ရှိတယ်။
သြစတေးလျမှာ ၁၄% ရှိတယ်။
လက်ဂါ (ဘီယာ) က ၅% နဲ့ ၆% ရှိတာများတယ်။
အရက်ပြင်းကို တခါထည့် ၂၅ စီစီဖြစ်တယ်။ တချို့ဆိုင်တွေက ပိုက်ဆံပိုယူပြီး ၃၅ စီစီကနေ ၅ဝစီစီအထိထည့်တယ်။

၁ ယူနစ်ဆိုတာ
၁၃% ဝိုင် ၇၆ စီစီ၊
၎ဝ% ဝီစကီ ၂၅ စီစီ၊
၎% ဘီယာ ၂၅ဝ စီစီ

အရက်အတွက် ကျန်းမာရေးအကြံပြုချက်သစ်အရ အမျိုးသမီးတွေ တနေ့မှာ ၂-၃ ယူနစ်ထက်မပိုသင့်။ အမျိုးသားတွေ တနေ့မှာ ၃-၄ ယူနစ်ထက်မပိုသင့်။ ဒါပေမယ့် ကင်ဆာစတာမဖြစ်စေနိုင်တဲ့ စိတ်ချရတဲ့အရက်သောက်ခြင်းဆိုတာ မရှိပါ။
စကော့တလန်အစိုးရသတ်မှတ်ချက်က တပါတ်မှာ လုံးဝအရက်မသောက်တဲ့နေ့ ၂ ရ က်ထားပါ။

၂-၃ ယူနစ်ဆိုတာ ဝိုင် ၁၇၅ စီစီနဲ့ညီမျှတယ်။ ၃-၄ ယူနစ်ဆိုတာ ဘီယာ၊ လက်ဂါ၊ စီဒါ ၁ ပိုင့်နဲ့ညီမျှတယ်။
၁ ယူနစ်ဆိုတာ ABV 3.6% ရှိတဲ့ လက်ဂါ၊ ဘီယာနဲ့ စီဒါနဲ့ညီမျှတယ်။ ABV 40% ဝီစကီ ၂၅ စီစီနဲ့ညီမျှတယ်။
ABV 12% ဝိုင် ၁၇၅ စီစီ = ၂့၁ ယူနစ်။ ABV 5.2% ဘီယာ ၁ ပိုင့် = ၃ ယူနစ်။
ABV 5% လက်ဂါ ၃၃ဝ စီစီ = ၁့၇ ယူနစ်။
ယူနစ် တိတိကျကျတိုင်းတာဘို့ဆိုရင် အရက်ထုထည် စီစီ နဲ့ ABV% မြှောက်ရတာကို ၁ဝဝဝ နဲ့စားရမယ်။

ဒီစာမှာ အရက်နဲ့မှုခင်းအကြောင်းမရေးပါ။ ခေါင်းစဉ်သပ်သပ်ဖြစ်ပါတယ်။ ရေးပြီးသားကို ထပ်ပြောပါရစေ။ ကင်ဆာ မဖြစ်စေနိုင်တဲ့ စိတ်ချရတဲ့အရက်သောက်ခြင်းဆိုတာ မရှိပါ။

ဒေါက်တာတင့်ဆွေ
၁၄-၁-၂ဝ၁၆
http://www.bbc.com/news/magazine-35255577

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး