Ministries ဝန်ကြီးဌာနများ

ပြည်ပနိုင်ငံရေးလုပ်ရတာတွေထဲမှာ ရှိရှိသမျှအဖွဲ့အစည်းတွေအားလုံးပါတဲ့ အစည်းအဝေးတွေ၊ ညီလာခံတွေမှာ Federal Constitution ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲတာလည်းပါခဲ့ပါတယ်။ လွှတ်တော်မှာ အမျိုးသမီး ကိုယ်စားလှယ် ၃ဝ% ပါရေးနဲ့ အစိုးရအဖွဲ့မှာ ကျား-မတန်းတူညီမျှရေးဝန်ကြီးဌာန ထားရှိရေးတွေလည်းပါတယ်။

ပုဒ်မ ၁၂၉၊ ဝန်ကြီးဌာနများ
ဖက်ဒရယ်ပြည်ထောင်စု အစိုးရသည် အောက်ပါဝန်ကြီးဌာနများအပါအဝင် (၃ဝ) ထက်မပိုသော ဝန်ကြီးဌာနများကို လိုအပ်သလို ဖွဲ့စည်းနိုင်သည်။
့
(၁၇) ကျား-မတန်းတူညီမျှရေး ဝန်ကြီးဌာန
့

စဉ်းစားချက်တွေ မတူကြပါ။ ကျွန်တော်ကတော့ ဒိုင်ခံငြင်းတဲ့သူဖြစ်လို့ အမျိုးသမီးအဖွဲ့တွေက (ဘလက်လစ်စ်) လုပ်ခံခဲ့ရတာ မှတ်မိနေဆဲပါ။ ကျွန်တော်က INGO တချို့နဲ့ သဘောထားမတိုက်ဆိုင်တတ်ပါ။ နိုင်ငံရေးအမြင်မှာ ခေါင်းမာလို့ မဲခွဲရင် မဲမရတတ်ပါ။ ကျွန်တော့်ဖက်က ရှုံးတယ်။

အစိုးရသစ်မှာ ဝန်ကြီးဌာနတွေ အသစ်ဖွဲ့ပါတော့မယ်။ စဉ်းစားချက်သစ်တွေလည်း ပေါ်ထွတ်လာမှာသေချာတယ်။ ဒီမိုကရေစီခြင်းတူပေမယ့် ပြည်ပနိုင်ငံရေးနဲ့ နေပြည်တော်မှာလုပ်ရတဲ့နိုင်ငံရေး မတူပါ။

ဒေါက်တာတင့်ဆွေ
၂၇-၁-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး