Intellectual property အတတ်ပညာပိုင်းဆိုင်ရာ ပိုင်ဆိုင်မှု
ကျွန်တော့်ပို့စ်တခု = Tuborg Beer တူးပို့ မဟုတ်ပါ
ကွန်မင့်တခု = Yan Cho စကားတစ်ခု စကားလုံးတစ်လုံးကို ဘယ်သူမှ ပိုင်ဆိုင်ခွင့် မရှိဘူးလို့ ထင်မိပါတယ်
သဒ္ဒါမှာ အများဆိုင်နာမ်နဲ့ ကိုယ်ပိုင်နာမ်ရှိပါတယ်။ ဥပဒေအရ မှတ်ပုံတင်ပိုင်ခွင့်ဆိုတာရှိတယ်။ မြန်မာပြည်မှာက အသုံးနည်းသေးတယ်။ တိုးတက်တဲ့တိုင်းပြည်တွေမှာ (ပေးတင့်) ဆိုတာ သိပ်အလေးထားကြတယ်။ အဲတာသူ့ကိုယ်ပိုင်ပဲ။ Patent ဆိုတာ အစိုးရကနေ ပေးအပ်ထားတဲ့ သည်းခြားပိုင်ဆိုင်ခွင့်တခုဖြစ်တယ်။ ကာလသတ်မှတ်မှုရှိတယ်။ Intellectual property အအတ်ပညာပိုင်းဆိုင်ရာ ပိုင်ဆိုင်မှုတခုဖြစ်တယ်။
Intellectual property (IP) ဆိုတာ ဥပဒေအရ (မိုနိုပိုလီ) လုပ်ပိုင်ခွင့်ရရှိထားတယ်။ Trademarks ကုန်သွယ်ရေး အမှတ်တံဆိပ်၊ Copyright ကော်ပီခွင့်၊ Patents ပေးတင့်၊ Industrial design rights စက်မှုဒီဇိုင်းအခွင့် စတာတွေ ပါတယ်။ Music တေးဂီတ၊ Literature စာပေ၊ Artistic works အနုပညာအလုပ်များ ပါဝင်တယ်။ Discoveries and inventions ရှာဖွေတွေ့ရှိမှုနှင့် အသစ်တီထွင်မှု၊ Words စကားလုံး၊ Phrases စကားစု၊ Symbols သင်္ကေတနဲ့ Designs ဒီဇိုင်းတွေလည်းအကျုံးဝင်တယ်။
မြန်မာပြည်မှာလည်း စာရေးဆရာ၊ ကဗျာဆရာတွေနာမည်ကို တခြားလူကယူသုံးတာရှိတယ်။ သူတို့စာတွေ၊ ကဗျာတွေ၊ သီချင်းတွေကိုလည်းအဲလိုပဲ။ အဲတာတွေကို ကျွန်တော်သိသလောက် မှတ်ပုံတင်မထားကြပါ။ ဒါပေမယ့် ပိုင်ရှင်အစစ်က ကန့်ကွက်တာ တရားနည်းလမ်းကျပါတယ်။
ဒေါက်တာတင့်ဆွေ
၁၅-၁-၂ဝ၁၆

Comments
Post a Comment