နဝဒေး

နဝဒေးဆိုတာ မြန်မာဘုရင်တွေလက်ထက်မှာ စာဆိုပညာရှင်တွေကို ပေးခဲ့တဲ့ဘွဲထူးတခုဖြစ်ပါတယ်။ နဝဒေးဘွဲ့ရသူပေါင်း (၅) ဦးရှိတယ်လို့ဆိုပါတယ်။ သူတို့ထဲမှာ ပြည်နဝဒေးကို နဝဒေးကြီးနဲ့ ဒုတိယနဝဒေးလို့သတ်မှတ်တဲ့ ဝက်မစွပ်မြို့စား တို့သာ ထင်ရှားပါတယ်။

ဝက်မစွပ်မြို့စား နဝဒေးကတော့ စစ်ကိုင်းနယ်၊ ဆားတောင်၊ ရွာဝေးသူကြီးမျိုးရိုးဖြစ်တယ်။ ၁၁၁၇ မှာမွေးပြီး မောင်နုလို့ ခေါ်တယ်။ ဘိုးတော်မင်းရဲ့သားတော် ပုဂံမင်းထံမှာခစားရတယ်။ မိတ္တိလာကန်တော်မွမ်းမံစဉ်က ဘိုးတော်ဘုရားထံ ရှုလော့စဉ်ရှည်အစချည်တဲ့ မိတ္တိလာကန်တော်မော်ကွန်းတင်သွင်းလို့ ချီးမြှောက်ခံရတယ်။ ဘုန်းတော်ဘွဲ့၊ ဘုရင့်သားတော် သမီးတော်များမွေးနေ့ရတု၊ နားထွင်း သျှောင်ထုံးရတုတွေလည်းစပ်ဆိုခဲ့တယ်။ အဲတာနဲ့ နဝဒေးဘွဲ့ရတယ်။ မကြာခင်မှာ ဝက်မစွပ်မြို့စားအရာရတယ်။ တွင်းသင်းတိုက်ဝန် မဟာစည်သူ မကွယ်လွန်မီ နောင်ဆက်ခံမယ့် ပညာရှင်အရာကို သူ့ပေးဘို့ ဆားတောင်ဆားလည်း ငန်ပါဘိခြင်းလို့ အကြံပေးသွားခဲ့တယ်။ မော်ကွန်းပေါင်းမြောက်များစွာကိုရေးခဲ့တယ်။ ဝိသာလိနီမော်ကွန်းက အကြော်ကြားဆုံးလို့သတ်မှတ်ကြတယ်။ ရွှေဘိုမင်းလက်ထက် အသက် ၈၅ နှစ်၊ ၁၂ဝ၂ မှာ ကွယ်လွန်တယ်။

နဝဒေးကြီး
စစ်ကိုင်းထောင်သင်း၊ စလင်းလက်ျာ၊ ပြည်မှာနဝဒေးလို့တွင်ခဲ့ တောင်ငူခေတ်ာဆိုကြီးနဝဒေးဟာ ဘုရင်နရပတီရဲ့ ယောက်ဖ မင်းဘစောရဲ့အထိန်းတော်ဖြစ်တယ်။ မင်းဘစောကို ဘုရင်ကကွပ်မျက်ပြီး နှမတော် စည်သူကျော်ထင်ကို ပေးလိုက်လို့ နဝဒေးလည်း စလင်းမြို့ကိုလိုက်ရတယ်။ ၉ဝ၇ ခုနှစ်မှာ စလင်းမြို့ပျက်လို့ စစ်ကိုင်းကို ရောက်လာတယ်။ ၉၁၃ မှာ စည်သူကျော်ထင်က နရပတိအမည်နဲ့ အင်းဝဘုရင်ဖြစ်လာတယ်။ ၃ နှစ်နေတာ့ နရပတိကို ဟံသာဝတီ ဆင်ဖြူများရှင်ကလုပ်ကြံတယ်။ ဟံသာဝတီဘုရင်က သူ့ကို ပြည်ထောင်သင်းမှူးရာထူးပေးတယ်။ အဲဒီမှာနဝဒေးဘွဲရလာတယ်။

နဝဒေးကြီးက ရတုမှာနည်မည်ကြီးတယ်။ ၃ဝဝ လောက်ရေးသားခဲ့တယ်။ တော်ငူခေတ်ကလူတွေလည်း သူ့စပ်ဆိုနည်းကို အတုယူကြတယ်။ စစ်သည်ကြီးလည်းဖြစ်တယ်။ စစ်ချီရတု၊ ဘုရားတိုင်ရတုတွေကိုစပ်ဆိုတယ်။ အသက် (၉ဝ) ကျော်မှာ အနိစ္စရောက်တယ်။

ချစ်တင့်နိုးလွန်၊ ဘုန်းချင်းညွန်၍၊ နတ်ဟန်ရုပ်ရည်၊ မြတ်မူနည်ကို၊ မည်သည်ဖြစ်အင်၊ ဆံမျင်မခြား၊ သစ်သစ်ပွါး၍၊ သည်းဖျားဝျန်လှိုက်၊ လွမ်းစဉ်ကြိုက်ဝယ်၊ တိမ်တိုက်ထက်ဆိုင်၊ ကြူးကာထိုင်လျက်၊ သံပြိုင်သံပြီ၊ လူလျင်သီသို့၊ မိုးချီသန်လျက်၊ ဆင်းသက်သနန်း၊ လှည့်ဝန်းအာကာ၊ ရင့်သန်ဝါနှင့်၊ ဗျာပါစိမ့်မည် ဆင်ဘိသည်။

အဟောင်းဆုံးရတု = စတုရင်္ဂဗလအမတ်၊ အကောင်းဆုံးရတု = နတ်သျှင်နောင်၊ အများဆုံးရတု = နဝဒေးကြီး။

အသွင်ပဝင်း၊ မျိုးရင်းသက်လှယ်၊ နုနယ်ဖြူစင်၊ အိမ့်ရှင်လွမ်းနှင့်လေတော့မည်။

ဒေါက်တာတင့်ဆွေ
၂၄-၁-၂ဝ၁၆

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး

Rape drugs အဓမ္မကျင့်ဘို့သုံးကြတဲ့ ဆေးတွေ