Mosquitoes ခြင်မတွေ သတိထား

ဆရာ တောထဲမှာ ငှက်ရှိရင် ငှက်ဖျားမရှိဘူး၊ လူနေများရင် ငှက်ဖျားမရှိဘူးဆိုတာ ဟုတ်လား။ ဘယ်ချိန်ကိုက်တဲ့ ခြင်က ငှက်ဖျားဖြစ်လဲ။

ခြင်တွေဟာ Nectar feeders ဝတ်ရည်စုပ် အင်းဆက်ကောင်တွေ ဖြစ်တယ်။ အထီးနဲ့ အမ အတော်မတူကြပါ။ ခြင်မက ပိုပြီးသန်မာတယ်။ ပိုလည်းအသက်ရှည်တယ်။ ခြင်ထီးတွေက သွေးမစုပ်သလောက် ဖြစ်ပြီး၊ အပင်တွေကိုသာ မှီခိုအသက်ရှင်တယ်။ ကာဗွန်ဒိုင်အောက်ဆိုက်၊ စိုထိုင်းမှု၊ အပူချိန်၊ (အမိုင်နို-အက်စစ်) နဲ့ မြင်နိုင်စွမ်းကို သုံးပြီး သားကောင်လူကို ခပ်လှမ်းလှမ်းကနေ ရွေးခြယ်နိုင်ကြတယ်။











ခြင်မက ပိုပြီးသန်မာတယ်။ ပိုလည်း အသက်ရှည်တယ်။ သူများ ဒုက္ခပေးတယ်။ ခြင်ထီးတွေက သွေးမစုပ်သလောက် ဖြစ်ပြီး၊ အပင်တွေကိုသာ မှီခိုအသက်ရှင်တယ်။ ကာဗွန်ဒိုင်အောက်ဆိုက်၊ ပါတ်ဝန်းကျင် စိုထိုင်းမှု၊ အပူချိန်၊ (အမိုင်နို-အက်စစ်) နဲ့ မြင်နိုင်စွမ်းကို သုံးပြီး သားကောင်လူကို ခပ်လှမ်းလှမ်းကနေ ရွေးခြယ်နိုင်ကြတယ်။

ခြင်အမတွေဟာ သွေးမစုပ်ဘဲလဲ ရှင်နိုင်ပေမဲ့ ဥအတွက် (ပရိုတင်း) နဲ့ သံဓါတ်လိုတာမို့ Blood meal သွေးစုပ်ကြတယ်။ ခြင်က သွေးမစုပ်ခင် သူ့တံတွေး Saliva ကို အရင်ထုတ်တယ်။ လူ့သွေးဆိုတာ သွေးကြောတွေထဲက ထွက်ရင် ခဲတယ်။ ခြင်ရဲ့ တံတွေးက Anticoagulant သွေးမခဲစေတဲ့ သတ္တိပါတယ်။ ဒါ့ကြောင့် ခြင်ရဲ့ တံတွေးကနေ သွေးခဲစေတတ်တဲ့ ရောဂါတွေကို ကုသဘို့ ကြိုးစားကြတယ်။

Toxorhynchites ခြင်မျိုးက သွေးမစုပ်ပေမဲ့ သက်သတ်လွတ် မဟုတ်ဘူး။ ဇာတ်တူသား စားကြလို့ ခြင်နှိမ်နင်းရေးမှာ သုံးပါတယ်။

ခြင်ကိုက်ခံရရင် စောစောပိုင်းမှာ ဘာမှ မခံစားရဘူး။ ဥပမာ ကလေးငယ်လေးတွေ။ လူ့ကိုယ်ခန္ဓာရဲ့ ရောဂါပြီးစနစ်ကနေ (အင်တီဘော်ဒီ) ခုခံအားတွေ ထုတ်လာတော့မှ နီတာ၊ ယားတာ၊ ရောင်တာတွေ ဖြစ်လာရတယ်။ တချို့လူကြီးတွေ ခြင်ကိုက်တာ ပြီးသလိုနေတယ်။ ကျူးကျော်ရပ်ကွက်နေသူတွေ ခြင်ထောင်မဝယ်နိုင်ကြဘူး။ တချို့ကြ ဆိုးဆိုးဝါးဝါး ဖြစ်ရတယ်။ Skeeter Syndrome လို့ ခေါ်တယ်။

လူကို ကူးစက်စေတဲ့ရောဂါတွေကို ခြင်ကနေသယ်ပေးလို့ Carriers ဒါမှမဟုတ် Vectors လို့ခေါ်တယ်။ ခြင်အမျိုးပေါင်း ၃ဝဝဝ လောက်ထဲမှာ ၃ မျိုးကတော့ လူတွေကို သေစေအောင် ဒုက္ခပေးတယ်။

၁။ Anopheles mosquitoes ခြင်မျိုးကနေ Malaria ငှက်ဖျားဖြစ်စေတယ်။ Protozoa (ပရိုတိုဇိုးဝါး) အမျိုးအစားလို့ ခေါ်တယ်။ တချို့ခြင်တွေက Filariasis ဆင်ခြေထောက်ပိုးကို သယ်ပေးတယ်။ Helminthiasis သန်ကောင် အမျိုးအစား ထဲမှာ ပါတယ်။ တချို့က Encephalitis ဦးနှောက်ရောင်ရောဂါ ရစေတယ်။ Virus (ဗိုင်းရပ်စ်) အမျိုးအစား ဖြစ်တယ်။

၂။ Aedes mosquitoes ခြင်မျိုးကနေ Yellow fever အသားဝါ-အဖျားရောဂါ၊ Chikungunya ဆင်ဖြူတော်-တုပ်ကွေး၊ West Nile virus (အနောက် နိုင်းလ်) ဗိုင်းရပ်စ်၊ St. Louis encephalitis (စိန့်-လူးဝစ်) ဦးနှောက်ရောင်တွေ ဖြစ်စေတယ်။ Dengue fever (DHF) သွေးလွန်တုပ်ကွေးကို Aedes aegypti ခြင်က အများဆုံးဖြစ်စေပြီး Aedes albopictus ခြင်ကနေလဲ ဖြစ်တတ်တယ်။ သူ့ကို Asian tiger mosquito ခြင်ကြားခေါ်တယ်။ နေ့ခင်းကိုက်ခြင်လို့ နာမယ်တွင်တယ်။

၃။ Culex mosquitoes တွေက Filariasis ဆင်ခြေထောက် နဲ့ West Nile virus (အနောက် နိုင်းလ်) ဗိုင်းရပ်စ်၊ Japanese encephalitis ဂျပန်ဦးနှောက်ရောင်၊ St. Louis encephalitis (စိန့်လူးဝစ်) ဦးနှောက်ရောင် နဲ့ Avian malaria (အေဗီယန်) ကြက်ငှက်-ငှက်ဖျားရောဂါတွေ ဖြစ်စေတယ်။

ငှက်ဖျားနဲ့ သွေးလွန်တုပ်ကွေး ဖြစ်စေတဲ့ ခြင်အမျိုးတွေ မတူဘူး။ ငှက်ဖျားခြင်မတွေက တောတောင်၊ စိမ်းစမ်းတွေမှာ နေတာများတယ်။ သွေးလွန်တုပ်ကွေး ခြင်မတွေက မြို့တွေမှာ ရှိတာများတဲ့ ဆိုင်ကယ်-မော်တော်ကား တာယာဟောင်း၊ ပုံးခွံ၊ ပေပါခွံတွေ၊ နေရာတိုင်းမှာ ရှိတတ်တဲ့ ရေအိုး၊ ညောင်ရေအိုးတွေမှာ ကျန်နေအောင်းနေတဲ့ ရေတွေမှာနေကြတယ်။

ရိုးရိုးခြင်နဲ့ ငှက်ဖျားခြင် မတူကြပါ။ ရိုးရိုးခြင်က နားရင် သူ့ကိုယ်နဲ့ လူ့ကိုယ် မျဉ်းတပြေးထဲ ရှိတယ်။ ငှက်ဖျားခြင်က အမြီး ထောင်နေမယ်။ Antenna ဦးမှင်ဟာ Proboscis နှုတ်သီးထက် ရှည်တာက ရိုးရိုးခြင်၊ ဦးမှင်က နှုတ်သီးထက် တိုတာ-ထူတာက ငှက်ဖျားခြင်။ မြေကြီးနဲ့ နီးနီးမှာ ပိုကိုက်တယ်။ လူတွေလိုဘဲ ခြင်တွေမှာ ညာသန်-ဘယ်သန်လဲ ရှိသေးတယ်။

သွေးလွန်တုပ်ကွေး ဖြစ်စေတဲ့ ခြင်မက ဝီရိယကောင်းကြတယ်။ အများအားဖြင့် မနက်မလင်း-တလင်း ကိုက်တာ များတယ်။ မ-သဘာဝ ညကြရင် အိမ်တွင်းပုံးနေတယ်။ ငှက်ဖျားဖြစ်စေတဲ့ ခြင်အများစုဟာ Active at dusk or dawn လင်းအားကြီးနဲ့ ညနေခင်းကိုက် Crepuscular နဲ့ Active at night ညကိုက် Nocturnal မျိုးတွေဖြစ်ကြတယ်။ သိပ်ပူချိန်မှာ ခြင်တွေက အေးတဲ့နေရာတွေသွား နားနေလေ့ရှိတယ်။ မကိုက်ဘဲ နေတာတော့မဟုတ်ပါ။ ငှက်ဖျားဖြစ်စေတဲ့ Anopheles mosquitoes ခြင်တွေက အခန်းအောင်း Endophagic အမျိုး နဲ့ အခန်းပြင် Exophagic အမျိုးတွေ ရှိတယ်။ လူကို ကိုက်ပြီး (သွေးစုပ်) ပြီးရင် တချို့ခြင်တွေက Rest indoors (Endophilic) အခန်းအောင်းကြတယ်။ တချို့ကလဲ Rest outdoors (Exophilic) အပြင်မှာ နေကြတယ်။ ဒါ့ကြောင့် ခြင်နှိမ်နင်းရာမှာ နည်းအတူတူ မရဘူး။

Nocturnal Endophagic Anopheles mosquitoes ညကိုက်-အခန်းအောင်ခြင်ကို ကာကွယ်ဘို့ Insecticide-treated bed nets (ITNs) ခြင်ဆေးသုံး-ခြင်ထောင် သုံးရမယ်။ အိမ်ဆောက်တာမှာ Window screens ခြင်ဇကာ တပ်ရမယ်။ အခန်းထဲကို Indoor spraying of residual insecticides ဆေးဖြန်းနိုင်တယ်။ Exophilic vectors အမျိုးအစားခြင်တွေ နှိမ်နင်းဘို့ Breeding sites ခြင်ပေါက်ဖွါးရာကို အာရုံစိုက်ရတယ်။

လူကိုကိုက်တဲ့ခြင် Anthropophilic နဲ့ တိရစ္ဆာန်ကိုက်ခြင် Zoophilic ဆိုပြီးရှိတယ်။ ငှက်ဖျားခြင် အများဆုံးက လူကို ကိုက်တဲ့အမျိုးအစားဖြစ်ပြီး၊ ရောဂါအများစုဟာ အရွယ်ရောက်ခြင်မတွေ ဖြစ်ပါတယ်။

မှတ်လို့လွယ်အောင် ငှက်ဖျားခြင်က တောသူ၊ သွေးလွန်ခြင်က မြို့သူလို့သာမှတ်ပါ။

ခြင်ထီးနဲ့ ခြင်မ

Antennae ခြင်အထီးနှာမောင်းမှာ အမွှေးနုလေးတွေပိုများတယ်။ အဲတာက အကြားအာရုံအတွက်ဖြစ်တယ်။

Size ခြင်အထီးက အရွယ်အစားပိုသေးတယ်။

Sound ခြင်အမက အသံပိုကျယ်လောင်တယ်။

Proximity to human ခြင်ထီးက သွေးစုပ်စရာမလိုလို့ လူနားမကပ်ပါ။ ခြင်မသာလူနားကပ်တယ်။

Lifespan ခြင်အမကအသက်ပိုရှည်တယ်။ ခြင်ထီးက ၁ ပါတ်သာအသက်ရှည်ပြီး သဘာဝဝန်းကျင်မှာ ခြင်မက ၁-၂ ပါတ်ရှင်နေမယ်။ ခြင်မကို စမ်းသပ်ဘို့ဖမ်းပြီးထာတဲ့နေရာမှာ သူကြိုက်တဲ့အခြေအနေ ဖန်တီးပေးထားရင် ၁ လကျော်အထိ ရှင်နိုင်တယ်။ ခြင်ထီးက ၁ ပတ်သာရှင်နေနိုင်တယ်။ ခြင်ထီးတွေက ပန်းဝတ်မှုံကိုစုပ်ယူစားသုံးတယ်။ ခြင်မတွေအများစုက သွေးမစုပ်ရရင် မျိုးမပွားနိုင်ပါ။

ပုံများ
1. Aedes
2. Asian tiger mosquito
3. Coquillettidia
4. Culicinae
5. Marsh Mosquitoes
6. Haemagogus
7. Psorophora
8. Mansonia
9. Toxorhynchites
10. Psorophora ciliata
11. Yellow fever mosquito

Dr. တင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး