Dinner ဒင်နာ

သမီးနေနေအိမ်မှာ ညနေစာ၊ ဘာနေ့ရယ်တော့ မဟုတ်ပါ။

ဝက်စတူးမှာ ကန်စွန်းရွက်တင်၊ ဝက်ခေါက်ကင်နဲ့ အချဉ်၊ ပုဇွန်ဟင်းတခွက်နဲ့ ပဲသီးချက်၊ ပဲလိပ်ပြာရွက်သုပ်၊  ငရုပ်သီးစိမ်းထောင်း၊ မြိန်ယှက်စားကောင်း။

လက်ဖက်ခြောက်ကောင်းမွှေးမွှေးနဲ့ ရေနွေးကြမ်း၊ ဇယန်းလက်ဖက်၊ မနက်စာအတွက်လည်းထည့်ပေး၊ ကလေးတွေလည်းဆော့ကစား ပျော်ပျော်ပါးပါး။ အမေရိကားမှာ ဗမာလိုသာစားတဲ့ မိသားစုများ။

ဒေါက်တာတင့်ဆွေ
၃ဝ-၁-၂ဝ၁၆
Photo by Thadar Tint Swe

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး