Progesterone high levels ပရိုဂျက်စတီရုန်း ဟော်မုန်းများခြင်း

ဆရာ သမီး အသက်၂၄ ပါ။ ကိုယ်ဝန်ပျက်တာ၂ ခါ ရှိပြီ။ ပထမက မယူချင်သေးလို့တမင်ဖျက်တာ။ လွန်ခဲ့တဲ့ ၃ လတုန်းကတော့ယူပြီးနောက် ၃ လလောက်မှာ ကလေးပျက်ပြီး ဆရာဝန်တွေကတော့ ဟောမုန်းဓာတ်း အရမ်းများတယ်တဲ့။ သမီးဟော်မုန်းဓါတ်ပုံမှန်ဖြစ်အောင် အစားအသောက် ဘယ်လိုမျိုး စားသင့် မစားသင့် ပြောပြပါအုံးနော်။ ပြီးတော့ ကလေးယူရင် ထိခိုက်နိုင်သလား သမီးသိချင်တယ်ဆရာ။

အမျိုးသမီးတွေမှာသာမက အမျိုးသားတွေမှာလည်း (ပရိုဂျက်စတီရုန်း) ရှိပါတယ်။ ယောက်ျားတွေမှာ သုက်ပိုး ထုတ်ပေးရာမှာ အသုံးဝင်တယ်။ အမျိုးသမီးတွေမှာ မျိုးစပ်ပြီးဥကို သားအိမ်မှာလာပြီးတွယ်ကပ်ဘို့မှာ အသုံးဝင်တယ်။ ကိုယ်ဝန်ရာလာပြီဆိုရင် ကိုယ်ဝန်မြဲနေစဘေို့ အသုံးဝင်တယ်။ သူ့ကြောင့် နို့ရည်မထွက်သေးဘူး။

ရာသီလတိုင်းမှာ မျိုးဥမထွက်ခင်နဲ့ သွေးဆုံးပြီးအမျိုးသမီးတွေနဲ့ ယောက်ျားတွေမှာ = 1 ng/mL ထက်နည်းတယ်။
ရာသီလလယ်မှာ  5 to 20 ng/mL
ကိုယ်ဝန် ပဌမ ၃ လမှာ 11.2 to 90 ng/mL
ကိုယ်ဝန် ဒုတိယ ၃ လမှာ 25.6 to 89.4 ng/mL
ကိုယ်ဝန် တတိယ ၃ လမှာ 48.4 to 42.5 ng/mL

(ပရိုဂျက်စတီရုန်း) များနေတယ်ဆိုတာ
ကိုယ်ဝန်ဆောင်နေသူ၊
ကျောက်ကပ်အထက်မှာရှိတဲ့ အဒရီနယ်ဂလင်းကင်ဆာရှိနေသူ၊ မွေးရာပါ Adrenal hyperplasia ဖြစ်နေသူ၊
မျိုးဥအိမ်ကင်ဆာရှိနေသူ၊။

(ပရိုဂျက်စတီရုန်း) နည်းနေသူဆိုတာ
သားအိမ်ပြင်ကသန္ဓေတည်သူ၊
မျိုးဥမထွက်သူ၊
အထဲမှာ ကလေးသေသွားသူ၊
ရာသီမလာပဲနေသူ၊
ကိုယ်ဝန်ပျက်သူ၊

(ပရိုဂျက်စတီရုန်း) များနေခြင်း
မောပမ်းနေမယ်။
မျိုးဥအိမ်အကျိတ်ဖြစ်နေမယ်။
မျိုးဥထွက်ချိန်ဖြစ်မယ်။
ဗဂျိုင်းနားသွေ့ခြောက်နေမယ်။ လိင်စိတ်ဝင်စားမှုနည်းနေမယ်။

1. Cervical incompetence သားအိမ်အဝမလုံခြင်း
2. Cervical length ကိုယ်ဝန်ဆောင်နဲ့ သားအိမ်လည်ပင်းအရှည်
3. Miscarriage Prevention ကိုယ်ဝန်မပျက်အောင် http://doctortintswe.blogspot.com/2014/12/miscarriage-prevention.html
4. Miscarriage ကိုယ်ဝန်ပျက်ခြင်းတမျိုး
5. Progesterone (ပရိုဂျက်စတီရုန်း) http://doctortintswe.blogspot.com/2014/11/progesterone.html
6. Recurrent miscarriage ကိုယ်ဝန် ခဏခဏပျက်ရခြင်း
7. Susten 100 ကိုယ်ဝန်မှာသုံးတဲ့ဆေးတမျိုး http://doctortintswe.blogspot.com/2014/11/susten-100.html

ဒေါက်တာတင့်ဆွေ
၁၅-၁-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး