Mother-like မိခင်ကဲ့သို့

ကျွန်တော်က အခေါ်အဝေါ်တွေမှာ အတော်အမြင်ကပ်တာတွေရှိတယ်။ ခဏပေါင်းများစွာရေးထားရပြီးပြီ။ (အဘ) ခေါ်တဲ့ရောဂါကအဆိုးဆုံး။ ကိုယ့်ကိုယ်ကို (သား) လို့ (သမီး) လို့သုံးပြီး ကျန်းမာရေးမေးရင် မေးတဲ့သူလား၊ သူ့သားသမီးလား၊ သူ့မြေးလားလို့ စဉ်းစားနေရတာနဲ့ အချိန်ကုန်တယ်။ (ဆရာကြီး) တို့ (ဆြာ) တို့ခေါ်လာရင်လည်း ပြန်ပြန်ရေးနေရတယ်။ အမျိုးတကယ်မတော်စပ်ပဲ (ဦးကြီး၊ ဦးလေး၊ အကို) ခေါ်တာကိုလည်း သဘောမကျပါ။

ငယ်ကြသူတွေကနေ (အဖေ) လို လေးစားချစ်ခင်တာထက် ကျွန်တော့်ကို (အမေ) လို မြင်ကြတာ (ခေါ်တာမဟုတ်ပါ) ကို ပိုပြီးနှစ်သက်တယ်။ စာလေးတပုဒ်မှာ ရေးဖူးတယ်။ မိမိသားသမီး၏အတွင်းရေးကို တပါးသူငါတွေကို မသိစေအောင် ဖုံးဖိပေးတတ်သော၊ ပြုစုစောင့်ရှောက်တတ်သော မိခင်ကဲသို့ကျင့်ကြံပါအံ့လို့။

ဒေါက်တာတင့်ဆွေ
၂၄-၁-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး