Buddhism in commercial products ဗုဒ္ဓဘာသာကို ရောင်းစားသင့်သလား
ကျွန်တော့်ပို့စ်တခု = Tuborg Beer တူးပို့ မဟုတ်ပါ
ကွန်မင့်တခု = Khin Maung Chin အဲ့ဒီ့ကန့်ကွတ်တဲ့ မြို့မငြိမ်းသားကို အံ့သြတယ်။ ဟိုကနှစ်ရာချီ နေရာယူထားတဲ့ (ကမ္ဘာ့ဈေးကွက် အထူးသဖြင့် မြောက်ဥရောပ စကင်ဒီနေဗီးယန်း ဈေးကွက်က) တံဆိပ်တခုကို မဆင်မခြင် လျှောက်လုပ်ရင် ကိုယ်ကျိုးနည်းမယ့်အပြင် ဗမာ့အကြောင်း ကမ္ဘာကပိုသိလာနိုင်ပါတယ်။
ဗုဒ္ဓအမည်နဲ့ ဘီယာတွေရှိတယ်။
- Ice Cream Mega Buddha (ပုံ)
- Lucky Buddha Beer
- Buddhist Vampires
- Buddha Beer Bar
အဲလို ဗုဒ္ဓဘာသာကို ရောင်းကုန်တွေမှာသုံးတဲ့အတွက် ကျေးဇူးတင်ထိုက်ပါသလား။ Old Monk ရမ်အရက်ကို သီရီလင်္ကာနိုင်ငံမှာ အကြီးအကျယ် ကန့်ကွက်တာဖြစ်ခဲ့တယ်။
Association of commercial products with Buddhism DVD ကို ၄-၁-၂ဝ၁၆ နေ့ကထွက်တယ်။ ဗုဒ္ဓဘာသာအမည်နဲ့ ရောင်းကုန်တွေထုတ်လုပ်နေတာနဲ့ ပတ်သက်ပြီး တိုင်ဝမ် ဗုဒ္ဓဘာသာ (ချန် မာစတာ ရှန်းယန်) ဟောပြောတာဖြစ်ပါတယ်။ ကနေ့လူ့လောကမှာ ကုန်သွယ်စီးပွားအတွက် ဗျူဟာတွေအမျိုးမျိုးသုံးနေကြတယ်။ ဗုဒ္ဓဘာသာကို တိုးပွါးစေလိုတာဆိုရင် မကောင်းတဲ့အရာ မဟုတ်ပါ။ ဒါပေမယ့် ဗုဒ္ဓဘာသာ၊ ဗုဒ္ဓဘာသာဘုန်တော်ကြီးတွေ၊ ထင်ရှားကြော်ကြားတဲ့ ဘာသာဝင်တွေအမည်နဲ့ ဆိုဆုံးမစကားတွေကို သူတို့အကျိုးအမြတ်အတွက်သာ ကြော်ငြာတွေမှာသုံးတာဆိုရင်တော့ အဲတာဟာ ရိုးသားမှုကင်းတယ်။ အဲလိုဆိုရင် ဗုဒ္ဓဘာသာကို ပျက်စီးရာရောက်စေတယ်။ ကံတရားစီမံတာခံကြရမယ်။
ဒေါက်တာတင့်ဆွေ
၁၅-၁-၂ဝ၁၆

Comments
Post a Comment