Victoria University Collage ပထမဆုံး ပုဂ္ဂလိကဆေးတက္ကသိုလ် ရန်ကုန်တွင်ဖွင့်မည်

သတင်းကို အခုပဲဖတ်ရပါတယ်။ ကျွန်တော့်သူငယ်ချင်းကဖွင့်မှာပါ။ သူက လက်ရှိ NLD/LA ကိုခေါင်းဆောင်နေပါတယ်။

သတင်းက ဒီလိုဆိုပါတယ်။ မြန်မာနိုင်ငံရဲ့ ပထမဆုံးပုဂ္ဂလိကဆေးတက္ကသိုလ်ဖွင့်လှစ်မယ့် သတင်းစာနယ်ဇင်းမိတ်ဆက်ပွဲ အခမ်းအနားကို ရန်ကုန်မြို့ အထက်ပန်းဆိုးတန်းလမ်းမှာရှိတဲ့ Victoria University Collage (VUC) မှာ ၂၈-၁-၂ဝ၁၆ နေ့လည် (၁) နာရီက ကျင်းပခဲ့ပါတယ်။ NLD နာယက ဦးတင်ဦးက အဖွင့်အမှာစကား ပြောကြားခဲ့ပါတယ်။

Victoria Oxford Medical University (VOMU) လို့ အမည်ပေးထားပြီး ကျောင်းအုပ်ကြီးဒေါက်တာဝင်းနိုင်က သင်ကြားပေးမယ့် MBBS ဘွဲ့ဆိုင်ရာ ဘာသာရပ်တွေအကြောင်းရှင်းပြခဲ့ပါတယ်။ မလေးရှားနိုင်ငံ MAHSA University နဲ့ ပညာရေးပူးတွဲစာချုပ်ချုပ်ဆိုထားပြီး ၂ဝ၁၆ ဇွန်လကုန်မှာ စတင်ဖွင့်လှစ်သင်ကြားမှာဖြစ်ပါတယ်။

ကျွန်တော် နယူးဒေလီမှာနေစဉ်ကတည်းက ဒီကျောင်းဖွင့်ဘို့စီစဉ်နေတာပါ။ အိန္ဒိယကနေ ဆေးစာအုပ်တွေကိုဝယ်ပြီး ရန်ကုန်ကိုပို့ပေးဘို့ပါစီစဉ်ပါတယ်။ ကျွန်တော့်ကိုလည်း ဧည့်သည်ဆရာ လာလုပ်ဘို့ကပါသေးတယ်။ သူ့ညီ ကျွန်တော့် သူငယ်ချင်းကလည်း ကလေးအထူးကုဆရာဝန်။ ကျန်သူငယ်ချင်းတွေလည်း ဆရာတွေလုပ်ကြပါမယ်။

ဒေါက်တာတင့်ဆွေ
၂၉-၁-၂ဝ၁၆
Photo of Dr. Win Naing (The Irrawaddy)

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး