Mother's Day အမေနေ့

• ပြာသိုလပြည့် အမေနေ့။
• ယောက်ျားဝါဆို၊ မိန်းမပြာသို။ ပြာသိုအချမ်းထဲမှာ ကိုယ့်အမေကို လွမ်းကြ တမ်းကြမှာပါ။
• ကျွန်တော့်မှာ ထူးတာလေးတခုရှိတယ်။ ကိုယ်မရှိချိန်မှာ ကိုယ့်အမေကွယ်လွန်သွားတာကို အမေဆုံးပြီးနောက် လေးလလောက်နေမှသာ သိခွင့်ရခဲ့တယ်။
• စစ်အစိုးရအောက်မှာ တိုင်းပြည်ကနေ နိုင်ငံရေးအတွက်ထွက်သွားရသူတိုင်းကို တယောက်မကျန် ကိုယ့်အိမ်ကို ပြန်ဆက်သွယ်လို့ မရအောင် ပိတ်ပင်တားဆီးမှု၊ ခြမ်းခြောက်ဖမ်းဆီးမှုတွေအတွက် လူတွေ၊ ငွေတွေ ဗုံးပေါလအော သုံးခဲ့တယ်။
• ကာလဆိုးကြီးထဲမှာကွယ်လွန်ခဲ့ရတဲ့ ကျွန်တော့်အမေလိုအမေတွေ ဘယ်လောက် များမလည်း။
• ၁၉၈၈ အရေးအခင်းမှာ စစ်သားတွေကိုဆေးကြွေး၊ ဦးနှောက်ဆေးပြီး၊ ကွန်မြူနစ်တွေကတိုင်းပြည် ဆူပူအောင်လုပ်နေတယ်။ ပစ်ဆိုရင် အမေဖြစ်ဖြစ်၊ အဖေဖြစ်ဖြစ် ပစ်သာပစ်လို့ ဖြစ်စေခဲ့တာ စစ်အစိုးရပါ။
• ၂ဝဝ၈ ဖွဲစည်းပုံရေးပြီး၊ ကနေ့ တိုင်းပြည်ရဲ့ အာဏာမှန်သမျှ၊ ကြွယ်ဝချမ်းသာမှုမှန်သမျှကို လက်ထဲမှာပဲ ဆက်ရယူထားနေတာလည်း စစ်အစိုးရထဲကလူနေပဲ။
• အမေနေ့မှာ အမေရှိသူတိုင်းက စစ်အစိုးရကို အမေသတ်သူများလို့ သိကြစေချင်တယ်။
• အမေသတ်သူများအပြီးတိုင် ကျဆုံးပါစေလို့ လွန်ခဲ့တဲ့ ၂ နှစ်ကဆုတောင်း တဝက်ပြည့်ခဲ့ပြီ။
• (နဝတ) လက်ထက် ၁၆-၅-၁၉၉၄ နေ့မှာကွယ်လွန်သွားတဲ့ အမေကို သတိရတယ်။

ဒေါက်တာတင့်ဆွေ
၁၅-၁-၂ဝ၁၄
၂၄-၁-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး