Living with one kidney ကျောက်ကပ် တလုံးတည်းသာ

ဆရာ ကျတော် male 23 ပါဆရာ။ မွေးရာပါကျောက်ကပ်တလုံးတည်းပါလာတဲ့သူတွေနဲ့ နှစ်လုံးပါတဲ့လူတွေနဲ့ ဘာတွေ ကွာလဲဆရာ။ ကျောက်ကပ်တလုံးတည်းပါလာ သူတွေအနေနဲ့ ဘယ်လိုနေထိုင်သင့်လဲ။ ဘာဆေးတွေရှောင်သင့်လဲ သိချင်လို့ပါဆရာ။

လူအများစုဟာ ကျောက်ကပ်တလုံးတည်းနဲ့ သူလိုကိယ်လိုနေနိုင်ကြပါတယ်။ သတိထားစရာတွေတော့ရှိတယ်။

Renal agenesis မွေးရပါကျောက်ကပ်တလုံးတည်းပါလာသူ၊ လူ ၇၅ဝ မှာ တယောက်က ကျောက်ကပ်တလုံးသာ ပါတယ်။ Blood Pressure သွေးဖိအားစစ်နေသင့်တယ်။ Protein ပရိုတင်းမနည်းအောင်သတိထားသင့်တယ်။ တချို့က Proteinuria နည်းလာတတ်တယ်။ နည်းရင် ခြေထောက်ကစ ရောင်လာမယ်။

Kidney dysplasia မွေးရာပါ ကျောက်ကပ်နှစ်လုံးပါပေမယ့် တလုံးသာအလုပ်လုပ်သူ၊ ရောဂါကြောင့် ကျောက်ကပ်တလုံး ထုတ်ရသူနဲ့ ကျောက်ကပ်အစားထိုးဘို့လှူထားသူတွေဖြစ်ကြတယ်။

ငယ်တုံးက ကျောက်ကပ်ကိုရောဂါကြောင့်ထုတ်လိုက်ရသူမှာ နောင် ၂၅ နှစ်လောက်ကြာရင် ရှိနေတဲ့ကျောက်ကပ်အလုပ် နည်းနည်းအားနည်းလာတတ်တယ်။ သွေးတိုးရှိလာတတ်တယ်။ အဲတာတွေကြောင့်တော့ တိုက်ရိုက်အသက်မတိုစေပါ။

ကျောက်ကပ်တလုံးတည်းသာရှိသူတွေ တနှစ်တခါ Kidney function test (ဆီး + သွေး) ဆေးစစ်နေသင့်တယ်။
ကိုယ်လက်လေ့ကျင့်ခန်းလည်းလုပ်နိုင်ကြတယ်။ ကျောက်ကပ်နေရာကိုသာ မထိခိုက်မိစေဘို့ သတိထားပါ။ Contact Sports ဘောလုံးကန်တာ၊ ဘောက်ဆင်ထိုးတာ၊ သိုင်းကစားတာ၊ နပမ်းလုံးတာမျိုးရှောင်သင့်တယ်။

ကျောက်ကပ်တလုံးတည်းသာရှိသူတွေ အစားအသောက် ထူးရှောင်ဘို့မလိုကြပါ။ ကျောက်ကပ်အလုပ် အားနည်းသူတွေသာ ရှောင်စရာတွေရှိလာပါတယ်။

ဒေါက်တာတင့်ဆွေ
၁၉-၁-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး