Monday, January 18, 2016

Natural fertilization device for IVF

ကိုယ်ဝန်ကိုတမင်ရအောင်လုပ်နည်းအတွက် ကရိယာသစ်

လွန်ခဲ့တဲ့ ၅ နာရီလောက်ကထွက်ပေါ်လာတဲ့ ဆေးသုတေသနသတင်းဖြစ်ပါတယ်။ ကလေးမရနိုင်တဲ့စုံတွဲတွေကို ဓါတ်ခွဲခန်းထဲမှာ ကျားသုက်ပိုးနဲ့ မျိုးဥပေါင်းစပ်စေပြီး သန္ဓေဖြစ်လာမှ သားအိမ်ထဲ ပြန်ထည့်ပေးနည်းလုပ်ပါတယ်။ အခုနည်းသစ်ကတော့ ဓါတ်ခွဲခန်းထဲမဟုတ်ပဲ သားအိမ်ထဲမှာလုပ်ပေးနည်းဖြစ်ပါတယ်။ အဲဒီနည်းက သဘာဝန်နဲ့တူတာမို့ ပိုကောင်းမယ်လို့ မျှော်မှန်းနေကြပါတယ်။

ကရိယာသစ်ဟာ သေးငယ်တဲ့ပြွန်လေးတခုပါ။ အဲတာထဲမှာ သုက်ပိုးနဲ့မျိုးဥတို့ကို အတူထားပေးပါမယ်။ ပြီးမှ သားအိမ်ထဲထည့်မယ်။ လက်ရှိနည်းက Dish ခေါ်ဖန်ပြားခွက်လေးထဲမှာ မျိုးစပ်ပေးရတာပါ။

အခုတော့ ပုဂ္ဂလိကဆေးခန်းမှာသာသုံးနိုင်သေးတယ်။ ကုန်ကျစရိတ်နဲ့ ထိရောက်မှုကို အစိုးရကျန်းမာရေးဌာနက ဆန်းစစ်ပါမယ်။ တခါလုပ်ရရင် ပေါင် ၇ဝဝ ကုန်ကျပါမယ်။

ဒေါက်တာတင့်ဆွေ
၁၉-၁-၂ဝ၁၆
http://www.bbc.com/news/health-35344195

No comments:

Post a Comment

Note: Only a member of this blog may post a comment.

အမည်ကစ မှားတဲ့ ဆေးနည်း

၁။ အောင်မဲညို ပန်းပွင့်က ကင်ဆာရောဂါဖြစ်မဖြစ်အငြင်းပွားနေကြတယ် ဆရာ။ ဆရာ ရှင်းပြပေးတာလေ သိချင်ပါတယ် ခင်ဗျ။ ၂။ အောင်မဲညို အပွင့်က အဆိပ် ရှိ...