Returning from school လူမျိုးစုံနေတဲ့ကျောင်း

ကျောင်းပြန်ချိန်မှာ မှောင်နေပြီ။ ညနေ ၇ နာရီခွဲမှာကျောင်းဆင်းတယ်။ ရာသီဥတုက ပုံမှန်ဆိုရမယ်။ နှင်းထပ်မကျ၊ မိုးကလည်းမရွာ လေလည်းမတိုက်ပါ။ အေးတော့အေးတယ်။

(ကယန်း) ကျောင်းသားမအားတိုင်း အတူလိုက်နေကြ (ဖလမ်း) ကျောင်းသူက ကနေ့ကျောင်းမတက်နိုင်လို့၊ ကျောင်းအသွားမှာ (ဟားခါး) ကျောင်းသားနဲ့ အပြန်မှာ (မရာ) ကျောင်းသားနဲ့ကားကြုံလိုက်ရတယ်။ ကနေ့ရောက်တဲ့ ကျောင်းသူအသစ်က (မတူပီ) ကတဲ့။ ကျောင်းသာအသစ်က (ကချင်) တဲ့။ ပြီးခဲ့တဲ့အပတ်မှာ အသစ်ရောက်တာက (ဇိုမီး) ကျောင်းသူသုံးယောက်။ ကျောင်းနာမည်က တိုင်းရင်းသားဖွံ့ဖြိုးရေးသိပ္ပံတော့ မဟုတ်ပါ။

အိမ်ချင်းမနီးပေမယ့် လိုက်လိုက်ပို့တတ်တဲ့ (ဗမာ) ကျောင်းသားကားကို ဓါးပြအတိုက်ခံထားရတာ ကနေ့မှသိတယ်။ ခုတလော ရာဇဝတ်မှုတွေများနေတယ်။ လုယက်ခံရတဲ့သတင်းတွေ ခဏခဏကြားနေရတယ်။

ဒေါက်တာတင့်ဆွေ
၂၅-၁-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး