Flowering Plants ပွင့်သောပန်းများ လန်းပါစေ

လွှတ်တော်ဟောင်းကာလမှာ -
• ဒေါ်အောင်ဆန်းစုကြည်က (၄) ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးစပြောခဲ့တယ်။
• ပြည်ထောင်စုလွှတ်တော် ဆုံးဖြတ်ချက်က (၆) ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးတဲ့။
• ရန်ကုန်တိုင်းဒေသကြီး ကရင်ဝန်ကြီးက (၁၂) ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးတဲ့။
• စစ်ကိုင်းတိုင်းဒေသကြီး ချင်းရေးရာဝန်ကြီးက အနည်းဆုံး (၁ဝ) ပွင့်ဆိုင်တဲ့၊
• သမတလုပ်ချလိုက်တာက (၄၈) ဦးပါအစည်းအဝေးကြီး။

ဇန္နဝါရီ ၂၅ ရက်နေ့မှာ ဘယ်သူကမှမပြောတဲ့ (၅) နဲ့ (၅) စကားပြောဖြစ်ကြပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် + ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း + ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)  ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ + ဒုတိယဗိုလ်ချုပ်ကြီးမြထွန်းဦး + ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် + ဦးဝင်းထိန် + ဦးဝင်းမြင့် + ဒေါက်တာဇော်မြင့်မောင် + ဒေါက်တာတင်မျိုးဝင်း။

ရွေးကောက်ပွဲလွန်ကူးပြောင်းရေးကာလ၊ တည်ငြိမ်အေးချမ်းရေးကိစ္စရပ်များ၊ လွှတ်တော်နဲ့ပတ်သက်တဲ့ကိစ္စရပ်များ၊ အစိုးရသစ်ဖွဲ့စည်းရေးဆိုင်ရာများ၊ NCA လက်မှတ်ရေးထိုးပြီးနောက်ပိုင်း ထာဝရငြိမ်းချမ်းရေးရရှိရေး ဆက်လက် ဆောင်ရွက်ရမယ့်ကိစ္စရပ်များကို ၂ နာရီကြာ ဆွေးနွေးခဲ့ကြတယ်။ ပွင့်တဲ့ပန်းတွေ မွှေးပါစေ။

ဒေါက်တာတင့်ဆွေ
၂၅-၁-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး