Tuborg Beer တူးပို့ မဟုတ်ပါ

သတင်းတပုဒ်ဖတ်ရတယ်။
တူးပို့အမည်သုံးမှု မြို့မငြိမ်းသား ကန့်ကွက် = ဆရာမြို့မငြိမ်း၏ မြန်မာ့ရိုးရာ သင်္ကြန်သီချင်းကို နိုင်ငံတကာကုမ္ပဏီတစ်ခုမှ တူးပို့အမည်ဖြင့် ဘီယာ ထုတ်လုပ် ရောင်းချနေမှုအား တစ်ပတ်အတွင်း အဆိုပါတံဆိပ်နှင့် ကြောငြာထားမှုများကို ရုတ်သိမ်းပေးရန် မြို့မငြိမ်း၏သားဖြစ်သူ ဦးရွှန်းမြိုင်က ပြောကြားသည်။

TUBORG BEER နာမည်နဲ့ ကုန်သွယ်ရေးတံဆိပ်ကို ယူအက်စ်အေမှာ ၆-၁၂-၁၉၈၂ နေ့က မှတ်ပုံတင်ထားပါတယ်။ အသံထွက်က ခပ်ဆင်ဆင်တော့ဖြစ်ပါတယ်။ အသံထွက်အမှန်က (တူးဘော့ခ်) ဖြစ်ပါတယ်။

အသံထွက်မှန် ဒါမှမဟုတ် မူရင်းအင်္ဂလိပ်စာလုံးသာဆိုရင်တော့ တမျိုးဖြစ်ပါမယ်။ လူသိများထင်ရှားတဲ့ ဂုဏ်တင်စရာ သီချင်းနာမည် (တူးပို့) လုပ်ပြီး ရောင်းကုန်မှာသုံးရင်တော့ မသင့်လျှော်ပါ။

ကုန်သွယ်ရေးတံဆိပ်လင့်ခ် https://inventively.com/search/trademarks/73404951
အသံထွက်လင့် https://www.youtube.com/watch?v=sRkwXCsMlSo

ဒေါက်တာတင့်ဆွေ
၁၅-၁-၂ဝ၁၆
Photo from Mizzima News

Comments