Self-discipline စည်းကမ်းရှိရင် အမောသက်သာတယ်

၁။ ဆရာရှင့် ရိုသေစွာမေးမြန်းပါတယ်ရှင့်။ သမီး ကလေးလေး အသက် ၈ လ အောက်သွားဖုံးရောင်တာ ၂ ရက်ရှိပါပြီ။ သွား ၂ ချောင်းထွက်နေပါပြီ။ သွားက ၆ လကျော်မှာစထွက်ပါတယ်။ သွားလေးတွေတိုနေသလိုပဲကြည့်ရင်းက ရောင်မှန်းသိတာပါ။ ဒီနေ့ပိုရောင်လို့ သွားမြုပ်ခါနီးပါပြီရှင့်။ သမီးတို့က့ မြို့ကနေ့ ကိုခဏလာတာ ၂ ပတ်ရှိပါပြီ။ အပူအအေး မမျှတာကြောင့်လား ဘာကြောင့်မှန်းမသိပါရှင့်။ ဝမ်းနည်းနည်းချုပ်ပါတယ်ဆရာ။ သမီးဘာဆေးတိုက်ရမလဲ ဖြေကြားပေးပါရှင့် လေးစားစွာဖြင့်

Paracetamol အရည်သာတိုက်ပါ။ ကလေးအသက်နဲ့ညီအောင်တိုက်ပါ။

ဟုတ်ကဲ့ဆရာ ကျေးဇူးအများကြီးတင်ပါတယ်ရှင့်။

သမီးလေးသက်သာတယ်ဆရာ။ ကျေးဇူးအများကြီးတင်ပါတယ်ရှင့်။

ဆရာလည်း ဝမ်းသာတယ်။ ကျန်းမာကြပါစေ။

၂။ ဆရာရှင့် သမီးသားလေး တီဘီဆေးသောက်နေတာ ၁၆ ရက်ရှိပါပြီရှင်။ အရေပြားယားနေပါတယ် အဖုလေးတွေထွက်လာပါတယ်။ ဘာဆက်လုပ်ရမလဲရှင့်။ ကျမသားလေးအသက်က ၅ နှစ်ပါဆရာ။

Calamine lotion ပါးပါးလိမ်းပါ။

ဟုတ်ကဲ့ပါရှင့်။ ကျေးဇူးတင်ပါတယ်ဆရာ။

ဆရာ ကျမသားယားနာသက်သာပါတယ်ရှင်။ ကျေးဇူးတင်ပါတယ်။

ဆရာလည်း ဝမ်းသာတယ်။ ကျန်းမာကြပါစေ။

နေ့စဉ် မနက်အိပ်ယာထချိန်နဲ့ ညနေနေဝင်ချိန်တိုင်းမှာ မေးခွန်းတွေတန်းစီပြီးဖြေရတယ်။ ခန့်မှန်းခြေ ၃ နာရီစီကြာတယ်။ သာမန်ကာလျှံကာလေးတွေနဲ့ အသက်လုနေရတာတွေအထိပါတယ်။ မေးနည်းစည်းကမ်းနဲ့ညီရင် ရောဂါကြီးပေမယ့် ဖြေရတာမခက်ပါ။ ခုထိလည်း အသက်-ကျား-မ မပြောကြသူတွေကလာတယ်။ မေးနည်းစည်းကမ်းပို့ရင် စည်းကမ်းတကျ ပြန်မေးလာသူက ရှားတယ်။ အဲလိုစနစ်မကျရင် မေးတဲ့သူလည်း ဘာမှအကျိုးမများ ဖြေရသူလည်း စိတ်ရှုတ်ရတယ်။ အချိန်ပုတ်တယ်။ အခုလို ပြန်ပြောလာသူတွေဆီကစာဖတ်ရတော့လည်း အမောပြေပါတယ်။

ဒေါက်တာတင့်ဆွေ
၂၇-၁-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး