Signatures လက်မှတ်ဟောင်းလေးတွေ

၁၉၇၅ ခုနှစ် ဖေါင်ကြီးသင်တန်း ဇေယျအမှတ်စဉ် (၁၉) မှာ အတူတက်ခဲ့သူတွေ လက်မှတ်ထိုးတာကို သူငယ်ချင်းရဲ့ သားဆီကနေရတယ်။

တခုက SRP ခေါ် စစ်ရေးတာလတ်ထိုးဖေါက်ချီတက်ခြင်းခရီးမှာ တပ်စုတခုတည်းအတူသွားခဲ့ကြသူတွေ။ နောက်တခုက ၁၉၇၅ ပြည်ထောင်စုနေ့မှာ ပြဇာတ်ကကြစဉ်ကပါဝင်ကြသူတွေ။ ကျွန်တော့် ကသ နံပါတ်က (၃၂၈)။

ကျွန်တော်က ငယ်ငယ်လေးကတည်းက ပုံဆွဲဝါသနာပါတယ်။ ပန်းချီသောင်းဟန်ဆွဲတာတွေကို သဘောကျလို့ သူ့လက်မှတ်ထိုးနည်းကိုပါ အတုခိုးတယ်။ ခုထိလည်း အဲလိုလက်မှတ်က လက်မှတ်တိုအနေနဲ့ ထိုးပါတယ်။

ဒေါက်တာတင့်ဆွေ
၂၃-၁-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး