Alphabet အက္ခရာ

သတင်း = သူငယ်တန်းမြန်မာစာ သင်ပုန်းကြီးဖတ်စာသစ်မှာ ဗျည်း (၃၃) လုံးအစား (၈) လုံးဖြုတ်ပြီး ဗျည်း (၂၅ ) လုံးဖြင့်သာ သင်ကြားမည့်အစီအစဉ်

အဘိဓာန်မှာ Alphabet = အက္ခရာ၊ ဗျည်းသရအက္ခရာလို့ ဘာသာပြန်တယ်။ ဗျည်း၊ သရ၊ အက္ခရာ၊ မတူကြပါ။

ဘာသာစာတခုတိုင်းမှာ အက္ခရာအရေအတွက် သတ်သတ်မှတ်မှတ်ရှိတယ်။ မြန်မာစာမှာ ရုရှားနဲ့အတူတူ (၃၃) လုံး ရှိတယ်။ အင်္ဂလိပ်စာမှာ ဂျာမန်နဲ့အတူတူ (၂၆) လုံးရှိတယ်။ စပိန် (၂၉) လုံးနဲ့ ဟင်ဒီ (၁၁) လုံးရှိကြတယ်။ တရုပ်စာကို Characters သင်္ကေတစာလို့ခေါ်တယ်။ သုံးထောင်ကျော်ရှိတယ်။ ဂျပန်စာကလည်း နှစ်ထောင်ကျော်ရှိတယ်။

ပညာရေးကိုလက်တည့်စမ်းသူတွေလက်ချက်နဲ့ မြန်မာစာ ဒုက္ခိတဖြစ်ရတော့မယ်။

• ဈေးသည်ဈေးဝယ် ကွယ်၊ ဈေးပေါင်ကျိုး အရိုးရောဂါထင်မှားမိ၊ ဈေးချို မန္တလေးမှာမလိုတော့လားမသိ၊
• ဈာပနကို အသုဘလို့မသိ၊ ဈာန်တရားမရ၊ ဈာန်ပျံမကြွ၊ မဇ္ဈိမဒေသ ဘုရားဖူးမသွားကြ၊ မဇ္ဈိမပဋိပဒါတရား ကျင့်ကြံဘို့မလိုတော့တာလား။

• ဃနာနို့ဆွမ်း ဘာမှန်းမသိ၊ သံဃာ လာတရားမဟောနဲ့၊ ဃရာဝါသအမှုသာပြု၊

• ဥက္ကဋ္ဌမရှိ၊ ဒုဥက္ကဋ္ဌဘယ်သူဖြစ်လာမှန်းမသိ၊

• ဋီကာကျော် မကျော်တော့၊ ဋီကာချဲ့မရ၊

• ပါဠိ အနိစ္စရောက်သွားရ၏။ ဝေဠုဝန်ကျောင်းတော်ကြီး ကွယ်ပျောက်သွားတော့သတည်း။

ဒေါက်တာတင့်ဆွေ
၂၈-၁-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး