Change of colors အရောင်တို့၏အပြောင်းလဲများ

- ၂ဝ၁၅ ရွေးကောက်ပွဲကနေ အရောင်ဖွင့်ဆိုချက်တွေ ပြောင်းသွားလာတယ်။ အစဉ်အလာ အနီရောင်ဆိုတာ လက်ဝဲ (ကွန်မြူနစ်၊ ဆိုရှယ်လစ်) ပဲ သတ်မှတ်ထားခဲ့တယ်။ အခုတော့ NLD ကို အနီရောင်တဲ့။

- မင်းတုန်းမင်းလက်ထက်မှာ ဘုန်းတော်ကြီးတွေ သုဓမ္မာနဲ့ ရွှေကျင်ဂိုဏ်း သင်္ကန်းရောင် အနုနဲ့ အရင့် ကွဲပြားသွားခဲ့တယ်။  သင်္ကန်းရောင်ဆိုရင်လည်း ဘုန်းကြီးပဲမှတ်ထားတာ ဒေလီမှာ မကုလားမတွေဝတ်တဲ့ဆာရီရောင်က သင်္ကန်းရောင်နဲ့ ဆင်နေလို့ အတော်အမြင်ကပ်တယ်။

- အစိမ်းရောင်က ဂေဟစနစ်။ အခုတော့ မောဟဖြစ်သွားပြီ။

- ၂ဝ၁ဝ လွှတ်တော်မှာ တိုက်ပုံအဖြူရောက်လွှမ်းမိုးခဲ့ပြီး ၂ဝ၁၆ လွှတ်တော်မှာ ပင်နီရောင်ကလွှမ်းမိုးလာတယ်။

ဒေါက်တာတင့်ဆွေ
၂၇-၁-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး