Sunday, January 24, 2016

Mother ကျွန်တော့်အမေ

- ကျွန်တော့်အမေ မင်းတိုင်ပင်တိုက်နယ်သူကြီးသမီး။ အိမ်ထောင်ကျုပြီး ယောင်နောက် ဆံထုံးပါ၊ မင်းရွာမှာလာနေရ။
- သားသမီးတွေက တယောက်ပြီးတယောက်မွေး။ ငါးယောက်မွေးအပြီးမှာ အမေမုံရွာသူဖြစ်လာ။
- နေရာတွေ ဘယ်မှာပြောင်းပြောင်း မပြောင်းရတာက အမေ့ကိုအမြဲလှောင်ထားတဲ့ မီးဘိုချောင်။
- နောင့့် သားတယောက်က နိုင်ငံရေးထဲရောက်၊ အမေ့မျက်ရည်ပေါက်။ အဲဒီသား သူများတိုင်းပြည်ရောက်။ အမေ့မျက်ရည်ပေါက်။
- နောက့့် အမေ့ခြေထောက်ကျိုး။ ဆေးဘိုးချွေတာ၊ အနားမှာ သားနှစ်ယောက်က မရှိ။
- လျှော့ရက်မရှိ လေးနှစ်တိတိကျတဲ့သားက အသုဘချတော့မရှိ။
- ဆရာဝန်ဖြစ်တဲ့ထိ သင်ပေးထားတဲ့သားက မကြားသိ။ အမေဆုံးသွားတဲ့အထိ။

ဒေါက်တာတင့်ဆွေ
(၁၆-၅-၁၉၉၄ နေ့မှာ အမေဆုံးသွားတယ်။)

No comments:

Post a Comment

Note: Only a member of this blog may post a comment.

အရွက် နှင့် အပွင့်

အရွက်တွေသာ ရှိစဉ်က အတူတူ အစိမ်းရောင်သာ။ ပွင့်လာတော့ အရောင်အမျိုးမျိုး။ အဲလိုပါပဲ။ ကိုယ့်သားသမီးတွေ၊ ကိုယ်စာသင်ပေးလိုက်တဲ့ ကျောင်းသူကျောင...