Wednesday, January 27, 2016

Northeast Militants Carrying out Opium Cultivation & Trade in Myanmar

အိန္ဒိယအရှေ့မြောက်ဒေသက လက်နက်ကိုင်အဖွဲ့တွေ မြန်မာပြည်မှာ ဘိန်းစိုက်ပျိုးပြီး ကုန်သွယ်နေ

၂၆-၁-၂ဝ၁၆ နေ့က အိန္ဒိယနိုင်ငံထုတ် Northeast Today ယနေ့အရှေ့မြောက်သတင်းဌာနက ရေးသားလိုက်တာ ဖြစ်ပါတယ်။

နာဂပြည်နယ် ကိုဟီးမားမြို့အခြေစိုက် အာဆမ် (အာသန်) ရိုင်ဖယ်စစ်တပ်ကနေ မြန်မာပြည်အခြေစိုက် NSCN (K), ULFA (I) နဲ့ KLO လက်နက်ကိုင်အဖွဲ့တွေက အဲလိုလုပ်နေကြတယ်လို့ပြောတာပါ။ ဒီအဖွဲ့တွေဟာ မြန်မာပြည် ကချင်ဒေသမှာ အဲလိုလုပ်နေကြပါသတဲ့။ NSCN (K) ဆိုတာ မြန်မာနာဂ Khaplang ကပ်ပလန်ကဦးဆောင်ပါတယ်။ အဖွဲ့ကတော့ စွပ်စွဲချက်ကို ငြင်းဆိုပါတယ်။

Isak Sumi ဆိုရှယ်မီဒီယာကနေ ပုံပါဘိန်းစိုက်ခင်းဟာ ကချင်-တရုပ်နယ်စပ်ကလို့ဆိုပါတယ်။ အာသန်ရိုင်ဖယ်အဆိုအရ Marijuana, Synthetic Drugs like ATS, Methaqualone or Mandrax, Methamphetamine, Ketamine, Opirates စတဲ့မူးယစ်ဆေးဝါးတွေလည်း ဒေသတွင်းကလူငယ်တွေမှာ စွဲနေကြတယ်လို့ဆိုပါတယ်။

ဒေါက်တာတင့်ဆွေ
၂၇-၁-၂ဝ၁၆
http://www.northeasttoday.in/northeast-militants-carrying-out-opium-cultivation-trade-in-myanmar/

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆိုရှယ်လစ်ခေတ်၏ ကောင်းကွက်ကိုရှာခြင်း

လုပ်သားပြည်သူနှင့် ဦးကြီးဟု အခေါ်ခံရသူများ၏ စကားဝိုင်းမှာ ပြောကြတယ်။ လုပ်သားပြည်သူ- အဲဒါ ငစိန်နဲ့ မီးဒုန်းခေတ် ဦးကြီး - ဆန်တပြည် ၆၅ ပြ...