Commode toilet အိမ်သာတော်လှန်ရေး

ကျွန်တော့်ပို့စ်တခု = Old-stock လူဟောင်းများသို့

ကွန်မင့် (၁) Khin Maung Soe ဆရာသာဒီမှာရှိရင် သုံးထပ်ကွမ်းအမတ် ဖြစ်ပြီ။

Tint Swe အခုတော့ သုံးထပ်သားပြားခင်းအိပ်နေပါတယ်။ Smile

ကွန်မင့် (၂) Nan Cherry အမတ်လုပ်တာထက် အရေးကြီးတာတွေအမျာကြီးရှိပါတယ်ဆရာ။ သုံးထပ်ပြားခင်းအိပ်တာ ခါးနာလို့လားရှင်။

Tint Swe အတိအကျပဲ။ ပိုတိကျအောင်ပြောရရင် ငါးထပ်သားပြားကို ကုတင်နဲ့ ဆက်တီခုံမှာ ခင်းထားရတယ်။ ဟော်တယ်တို့ တခြားနေရာတို့မှာ သွားအိပ်ရရင် ၁-၂ ည ထက်ပိုမအိပ်ချင်လှဘူး။ ထိုင်းနယ်စပ်တောထဲသွားရတော့ Hammock ကြိုးပုခက်နဲ့ မအိပ်ရဲခဲ့ပါ။

ကျွန်တော် ပုလဲမှာမြို့နယ်ဆရာဝန်လုပ်နေတုံးက တင်းနစ်ကစားဖြစ်တယ်။ တရက်မှာ တင်းနစ်ဘောလုံးကို လိုက်ရိုက်ဖို့ ကြိုးစားတာ မြန်ချင်လို့ ကိုယ်အပေါ်ပိုင်းကရှေ့ထွက်ချိန်မှာ အောက်ပိုင်းကမလိုက်နိုင်ပဲ ခါးအကြီးအကျယ်နာပါလေရော။ သက်သာပြီးလည်း တခါတခါပြန်ဖြစ်တယ်။ အဲတာနဲ့ ခါးနာသက်သာစေရန်စာရေးတော့ ကိုယ့်အတွေ့အကြုံလေးပါ ထည့်ရေးလိုက်ပါတယ်။

ခါးတာနာတာကို ဘယ်လိုကာကွယ်မလဲ။ ခေါင်းအုံးမြင့်တာနဲ့ မသင့်ပါ။ အိပ်ရာခင်းမာမာမှာသာ လဲလျောင်းပါ၊ အိပ်ပါ။ မွေ့ယာထူတာမသင့်ပါ။ ကြိုးကုတင်၊ ဒရင်းမ်ဘက်၊ စပရင်ကုတင် မသင့်ပါ။ ထိုင်ရင် ပေါင်ကအောက်ခံမှာထိနေပြီး ကျောကနောက်မှီနဲ့ထိနေရမယ်။ ဖင်ထိုင်ခုံမှာ မထိုင်ပါနဲ့။ ကြမ်းပေါ်တင်ပါးချမထိုင်ပါနဲ့။ ပက်လက်ကုလားထိုင်၊ ဆိုဖါ အိတာမှာ မထိုင်ပါနဲ့။ မျက်နှာသစ်တာ လက်ဆေးတာ ပန်းကန်ဆေးတာလုပ်ရင် ကြွေခွက်၊ စားပွဲ၊ ခုံတွေဟာ ကိုယ်နဲ့ အနေတော်ပါစေ။ မ, စရာရှိရင် ခြေနဲ့သာမပါ၊ ခါးနဲ့ မမပါနဲ့။ အလုပ်လုပ်ရာ အနေအထိုင်မှာ ခါးကိုသက်တောင့်သက်သာ အမြဲရှိပါစေ။ နည်းနည်းလေးမှ မကုံးရစေပါနဲ့။ ရေအိမ်သာ ဒူးကို ၉ဝ ဒီဂရီ ကွေးနိုင်တဲ့ အမျိုးအစားသုံးပါ။

မြန်မာပြည်မှာ ယင်လုံအိမ်သာခေတ်ကိုကျော်ပြီး ရေလောင်းအိမ်သာခေတ်ကနေ ဗိုလ်ထိုင်အိမ်သာခေတ်ကို ရောက်စေချင်ပါတယ်။ Squat toilet ဆောင့်ကြောင့်ထိုင်ပုံစံထက် Commode toilet ဗိုလ်ထိုင်ပုံစံကိုသုံးရင် ခါးတာတာ သက်သာမယ်။ လိပ်ခေါင်းလည်း သက်သာစေတယ်။ သားအိမ်ကျတာပါ သက်သာစေတယ်။ အဲတာမှာလည်း Toilet paper စက္ကူလိပ်သုံးတာက လိပ်ခေါင်းအတွက်မသင့်ပါ။ ရေသုံးတာကောင်းတယ်။ ရေနွေးဆိုရင် လိပ်ခေါင်းကို ကုစားရာရောက်ပါတယ်။

Dr. တင့်ဆွေ
၂ဝ-၁-၂ဝ၁၆
Low Back Pain ခါးနာ သက်သာစေရန် http://doctortintswe.blogspot.com/2014/11/low-back-pain.html

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး