Cataract မျက်စိတိမ်

ဆရာ မျက်စိအတွင်းတိမ်ကို ခွဲကုမှပျောက်မှာပါလား ဆရာ။ တခြားနည်းရှိသေးလားဆရာ။ ဘာ့ကြောင့် တိမ်ဖြစ်ရတာလဲသိချင်ပါတယ်။ ရေပေါင်တက်နေတယ်လဲ ပြောပါတယ်ဆရာ။နားသိပ်မလည်လို့ ရှင်းပြပေးစေချင်ပါတယ်ဆရာ။

နာတာကျင်တာ ဘာမှမခံစားရဘဲ တဖြေးဖြေးနဲ့ ရေရှည် မျက်စိမှန်ဘီလူးမှာ တိမ်လိုဖြစ်လာတာကို ခေါ်တယ်။ အမြင်စွမ်းအားက တဖြေးဖြေးမှုံဝါးလာမယ်။ ကြာရင် မျက်စိကွယ်တဲ့အထိ ဖြစ်နိုင်တယ်။

• Blurry Vision မျက်စိမှုံမယ်၊ 
• Glare ဝေဝါးလာမယ်၊ အလင်းရောင်များတာကို မခံနိုင်ဘူး။ ညအချိန်ကားမောင်းဘို့ ခက်လာမယ်။
• Double Vision (diplopia) အရုပ်ကို နှစ်ခုမြင်လာမယ်။
• Color Changes အရောင်တွေကိုခွဲခြားရတာခက်လာမယ်။ အညိုနဲ့ အဝါခွဲဘို့ခက်လာမယ်။ နောက်ပိုင်းမှာ အပြာနဲ့ ခရမ်းရောင်ကိုခွဲဘို့ခက်လာမယ်။
• Second Sight တခါတလေ အနီးကိုကြည့်ရတာ ခဏတာ ပိုကောင်းလာတတ်တယ်။ ကြာရင်တော့ ပိုပိုဆိုးလာမယ်။
• New Prescription မျက်မှန်တပ်နေရသူဆိုရင် ပါဝါလဲလဲပေးရမယ်။ 

• အသက်ကြီးမှဖြစ်တာများပေမဲ့ ငယ်သူတွေမှာလဲ ဖြစ်တတ်တယ်။ အမေရိကားမှာ အသက် ၆၅ နှစ်ကျော်သူတွေမှာ တဝက်မက တိမ်ရှိကြတယ်။ မွေးကတည်းက ရောဂါကြောင့်ဖြစ်ဖြစ်၊ ခိုက်မိလို့ဖြစ်ဖြစ် တိမ်ဖြစ်တာလဲ ရှိတတ်တယ်။ ဆီးချို၊ ဆေးလိပ်၊ အရက်၊ ထိခိုက်မိတာ၊ (စတီရွိုက်) ဆေးအကြာကြီးသုံးရတာ၊ နေရောင်၊ ဓါတ်ရောင်ခြည်သင့်တာတွေကနေ ဖြစ်စေနိုင်တယ်။ 

မျက်စိစမ်းသပ်ပါ။ လိုအပ်ရင် သူငယ်အိမ်ကျယ်စေပြီးမှ စမ်းရမယ်။
• ခွဲစိတ်ကုသခြင်း၊ အကြည့်ကို မျက်မှန်နဲ့ မမြင်ရတော့ရင် ခွဲစိတ်ရမယ်။ ဆေးရုံမတက်ဘဲလဲခွဲလို့ရတယ်။
• ခွဲစိတ်နည်း ၂ နည်းရှိတယ်။ 
Phacoemulsification (Phaco) နည်းကို အများဆုံးသုံးတယ်။ မှန်ဘီလူးကို Ultrasound waves နဲရှင်းပေးပြီး ထုတ်ပြစ်တယ်။ Intraocular lens (IOL) ကိုအစားထိုးပေးမယ်။ extracapsular cataract surgery နည်းမှာ ဒါးရာပိုကြီးရတယ်။ 
• ခွဲစိတ်နည်းသစ်တွေလဲရှိလာတယ်။ 
• ခွဲပြီးစမှာ အလင်းရောင်ကို ကောင်းကောင်းအထိမခံနိုင်သေးဘူး။ နေကာမျက်မှန်တပ်ရမယ်။ အနာကျက်ဘို့ရာ ၈ ပါတ်လောက် ကြာနေမယ်။ ကြည့်ရတာတော့ ချက်ချင်းဆိုသလို ကောင်းလာမယ်။
• ခွဲပြီး အဆင်မသင့်ဖြစ်တာ ရှားပါတယ်။ သွေးယိုတာ၊ ပိုးဝင်တာ၊ မျက်စိဖိအား ပြောင်းသွားတာတွေ ဖြစ်ချင် ဖြစ်နိုင်တယ်။ Retinal detachment ဆိုတာဖြစ်ရင် ချက်ချင်းကုသရမယ်။ ထပ်ခွဲရတတ်တာလဲရှိနိုင်တယ်။ ဖြစ်တာကို လေဆာနဲ့ ကုသနိုင်တယ်။ 
• တိမ်ဖြစ်လာလို့ ချက်ချင်းလဲ ခွဲချင်မှ ခွဲရတယ်။ 
• ကာကွယ်ဘို့ရာ-
- ဆေးလိပ်မသောက်ပါနဲ့၊
- နေကာမျက်မှန်တပ်ပါ။
- ဆီးချို ရှိရင် ထိန်းနေပါ။
- အရက် မသင့်ပါ။

Cataract မျက်စိတိမ် http://dts-medicaleducation.blogspot.in/2012/03/cataract.html
Eye Astigmatism and Amblyopia သူငယ်အိမ်စောင်းခြင်း နဲ့ ပျင်းတဲ့မျက်စိ http://doctortintswe.blogspot.com/2014/10/astigmatism-and-amblyopia.html 
Laser Eye Operation လေဆာနဲ့ မျက်မှန်မလိုအောင်လုပ်ခြင်း http://doctortintswe.blogspot.com/2016/01/laser-eye-operation.html

Dr. တင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး