Health Education ပညာပေးစာရေးရတာ ခပ်ကြောက်ကြောက်နဲ့ပါ

ကျွန်တော့်ပို့စ်တခု = Karaoke night လူလုံးမလှ အဖြစ်ရှုံးရတဲ့ ကာရာအိုကေည

ကွန်မင့်တခု = Myo Maung ဆရာ ဆေးဝါးတွေကို post တစ်ခုအနေနဲ့ တင်ပေးပါလား

အရင် တင်ဖူးပါတယ်။ ဘလော့ခ်မှာ အားလုံးဖတ်နိုင်ကြပါတယ်။ နည်းပေးလမ်းပြလုပ်နေတယ်လို့ ပြစ်တင်တာ ၃-၄ ယောက်ရှိလို့ ဖေ့စ်ဘွတ်မှာတော့ ထပ်မတင်ရဲတော့ပါ။

သင်္ကြန်တွင်းမှာ ယူကြုံးမရ မဖြစ်ရအောင်ကို ၂ဝ၁၃ ခုနှစ် သင်္ကြန်ရက်မှာတင်တယ်။ စာဖတ်သူနဲ့ မျှဝေသူ အတော်ကြီး များတယ်။ အဲတာမှာဗာ ဂူဂယ် အင်မေ့ခ်ျကနေရတဲ့ မြန်မာပြည်က မိန်းကလေး သုံးယောက် ခွက်ကိုယ်စီနဲ့ သင်္ကြန်မှာ ပျော်ပါးနေတဲ့ပုံကိုတွဲတင်မိတယ်။ အီးမေးလ်ကနေ ဆရာ အဲဒီထဲက ကျမပုံဖြစ်နေလို့ ဖြုတ်ပေးပါဆိုတာနဲ့ ချက်ချင်း ဖြုတ်ရပါတယ်။ ဖေ့စ်ဘွတ်မှာ တင်ထားတဲ့စာကိုသာပြင်လို့ရတယ် ပုံပြင်လို့မရတာနဲ့ ပို့စ်ကို ဖျက်လိုက်ပြီးမှ ပုံအသစ်နဲ့ ပြန်တင်ရတယ်။ ကျွန်တော်က စာဖတ်သူဦးရေကို မှတ်သားထားချင်တာ မရလိုက်တော့ဘူး။ အဲဒီပုံက အခုလည်း ဂူဂယ် အင်မေ့ခ်ျမှာရှိနေတာပါ။

HIV Story သမီးလို တခြားမိန်းကလေးတွေ မဖြစ်စေချင်ပါဆရာပို့စ်ကလည်း ကျေးဇူးကြီးတယ်ထင်ပါတယ်။ အများကြီး ဖတ်ကြတယ်။ အဲဒီ စတိုရီပြောတဲ့အမျိုးသမီးနောက်မှာ အခုတယောက်ပေါ်လာတယ်။

လူလုံးမလှအဖြစ်ရှုံးရတဲ့ ကာရာအိုကေညထဲက ကံဆိုးရှာတဲ့အမျိုးသမီးကလည်း စာကိုသူ့ဆီပို့တော့ ဆရာကျန်းမာပါစေ ကျေးဇူးတင်ပါတယ်ဆရာလို့ ရေးလာတယ်။ အခုပဲ။

ဒေါက်တာတင့်ဆွေ
၁၃-၁-၂ဝ၁၆

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး