Second Language ဘိုလိုပြောတော့ ဗိုလ်ဖြစ်ရော့လား

Swe Swe Nwe CNA က မြန်မာ့အရေးဆွေးနွေးပွဲ လွှင့်တာကြည့်လိုက်ရတယ်။ ရိုဟင်ဂျာအရေးဖြစ်ပြီး သိပ်မကြာခင်မှာပါ။ ဒေါက်တာတင်မောင်မောင်သန်းနဲ့ မြန်မာပြည်က နာမယ်ကြီးဂျာနယ်တစောင်ရဲ့ အယ်ဒီတာလဲ ပါတယ်။ CNA က ရိုဟင်ဂျာအရေးနဲ့ပတ်သက်ပြီး ဒေါ်စု ဘာလို့ ရေငုံနူတ်ပိတ်နေတာလဲ၊ ဘာလို့ ဒီ ဓါးစာခံတွေအတွက် ရပ်တည်မပေးတာလဲတဲ့။ အယ်ဒီတာလုပ်စားတဲ့သူက CNA လိုချင်တဲ့အတိုင်း ဒေါ်စု ငြိမ်မနေသင့်ပါဘူး။ ဒီလူတွေအတွက် တခုခုလုပ်ပေးသင့်ပါတယ်လို့ဖြေပါတယ်။ အဲဒီအချိန်မှာ ပြင်သစ်အမျိုးသမီးက ဒေါ်စုရဲ့ ဘေးကျပ်နံကျပ် အခြေအနေကို ရှင်းပြဖို့ ကြိုးစားပါတယ်။ CNA ကဇွတ်အတင်းဖြတ်ပြီး ဗမာတွေကိုပဲဖြေခိုင်းပါတယ်။ ဒေါက်တာတင်မောင်မောင်သန်းက သူက နိုင်ငံရေးသမားပဲလို့ဖြေပါတယ်။ စဉ်းစားမိတယ်။ နိုင်ငံခြားသူကတောင် အမေစုအခြေအနေကို နားလည်နိုင်ပြီး ဗမာတွေကဘာလို့များ ဒေါ်စုကို ရိုဟင်ဂျာတွေအတွက် ရပ်တည်မပေးရကောင်းလားဆိုပြီး ဝေဖန်ကြ၊ တိုက်ခိုက်ကြ။ ပြည်တွင်းကဗမာတွေက ရိုဟင်ဂျာတွေကိုပဲ မျက်နှာသာပေးတယ်ဆိုပြီး ဆဲကြဆိုကြ။ အမေစု နောင်ဘဝမှာများ လူဖြစ်ခဲ့ရင် မြန်မာပြည်နဲ့ဝေးရာမှာ မိသားစုစုံစုံညီညီနဲ့ ဘဝတခုပိုင်ဆိုင်ပါစေ။

Dr. Tint Swe အော့့် တချို့လူတွေက ပြည်ပမှာဖြစ်ဖြစ် ဗိုလ်လိုပြောရတဲ့အခါဖြစ်ဖြစ် ကိုယ့်တိုင်းပြည်အခြေအနေကို ဝေဖန်ရတာကို ဂုဏ်ယူနေကြပုံရတယ်။ နာမည်ကြီးသူကို ဆန့်ကျင်ပြောရဲတာကိုလည်း သတ္တိလို့ထင်ကြပုံရတယ်။ တခါက အဲဒီအုပ်စုထဲကပါပဲ ဒေလီမှာလာပြောတယ်။ စစ်အစိုးရကစီမံတဲ့ နယ်ခြားစောင့်တပ်ကို သဘောမတူတာ မှားတယ်တဲ့။ အားလုံးသဘောတူရင် မြန်မာပြည်ကြီး ငြိမ်းချမ်းရေးရမယ်တဲ့။ ပြည်ခိုင်ဖြိုးအစိုးရတက်တော့ အားလုံးလက်မှတ်ထိုးကြရင် ငြိမ်းချမ်းရေးရမှာတဲ့။

တချို့က ဗိုလ်လိုပြောရရင် ဗိုလ်စကားပြောသူတွေအကြိုက်ပဲ လိုက်ရမယ်များထင်နေကြသလား မပြောတတ်ဘူး။ ကျွန်တော်က အင်္ဂလိပ်စာညံ့ခဲ့လို့ အတင်းကြိုးစားတာ အဲလိုဟာတွေကို ပြိုင်ငြင်းချင်လို့ပါ။ အင်္ဂလိပ်လိုသာသုံးရတဲ့ စင်မြင့်တွေမှာ ကျွန်တော်ရေးခဲ့ပြောခဲ့တာတွေထဲက A War for a Name နာမည်တလုံးအတွက်စစ်ပွဲ (ရိုဟင်ဂျာကိစ္စ) နဲ့ Sanctions မြန်မာနိုင်ငံနှင့် စီးပွားရေးပိတ်ဆို့မှု ပြဿနာ (အမေရိကန်ဆန်ရှင်) အကြောင်းနှစ်ခုအတွက် ကိုယ့်ကိုယ်ကို အားရတယ်။ ကျွန်တော်ကတော့ ဘယ်သူလာလာခံငြင်းတာပဲ။

- A War for a Name နာမည်တလုံးအတွက်စစ်ပွဲ http://doctortintswe.blogspot.com/2015/01/a-war-for-name.html
- Sanctions မြန်မာနိုင်ငံနှင့် စီးပွားရေး ပိတ်ဆို့မှု ပြဿနာ http://doctortintswe.blogspot.com/2015/12/sanctions_8.html

ဒေါက်တာတင့်ဆွေ
၂၈-၅-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး