အင်ဥ

ရာသီစာ မြန်မာပြည်မှာ ပေါ်ပြီတဲ့။ သမီးက တင်ထားတယ်။ တခြားသူတွေကလည်း တင်ကြတယ်။ မုတ်သုန်ဥတုရှိတဲ့ မြန်မာပြည်နဲ့ ထိုင်းတို့မှာလည်းရှိတယ်။ False Earthstar (Truffle) လို့ခေါ်တယ်။ စည်သွပ်ဗူးနဲ့ ထိုင်းကလာတာကို Thai Truffle လို့ရေးတယ်။ မြန်မာပြည်ထွက်လားတော့ မပြောတတ်။

အင်ပင်တွေအောက်မှာ ရှာရတာ။ အင်ပင်က အတော်အသုံးဝင်တယ်။ အင်ဖက်က အော်ဂဲနစ်ထုပ်ပိုးစရာ။ အင်ဖက်ကို အင်ပြင် ခေါ် အလာဂျီအတွက် ဆေးနည်းလုပ်ကြတယ် မမှန်ပါ။ မှားတယ်။

အင်ဖက်ကကြီးလို့ မိုးရွာတဲ့အခါ ခေါင်းပေါ်မှာမိုးကြတယ်။ ဆင်းရဲသားတွေတဲခေါင်မိုးမှာလည်း အင်ဖက်နဲ့။

အကာဆူးခက် အင်ဖက်အမိုး ကျူရိုးတိုင်ထူ နေပူကျဲကျဲ ဝက်သိုက်ထဲတွင် အုတ်ခဲခေါင်းအုံး အိုးတလုံးဖျာမရှိ ဘူမိကမ္ဗလာ မြေမွေ့ယာနှင့် ချူချာတော်မူလှသော -

အင်သားကလည်း အကောင်းစားမဟုတ်။ ပရိဘောဂခပ်ညံ့ညံ့သာ လုပ်နိုင်တယ်။ ငယ်ငယ်ကတော့ အဲလိုဟာမျိုးတွေ သုံးရတယ်။ သစ်စက်ကရောင်းတဲ့ အင်သားဖြစ်စတွေကို ဝင်းထံရံလုပ်တယ်။ ထင်းဆိုက်တယ်။ ဖင်ထိုင်ခုံလုပ်တယ်။ လွှဖြတ်ရတာ လွယ်တယ်။ သံရိုက်ရလည်း လွယ်တယ်။ ကြာကြာ အသုံးမခံပါ။

အင်ဥ နုမှကောင်းတယ်။ အင်ဥလတ်လတ်ဆတ်ဆတ် စားရသူတွေ နေကောင်းကြပါစေ။

ဒေါက်တာတင့်ဆွေ
၂၉-၅-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး