Vitamins Side Effects ဗီတာမင်များခြင်း

မင်္ဂလာပါဆရာ B2 နဲ့ B12 သောက်သုံးတာများသွားလို့ ဘေးထွက်ဆိုးကျိုးအနေနဲ့ ကြွက်သားတွေလှုပ်တတ်တာ ဖြစ်တတ်ပါသလားဆရာ ဗီတာမင်ဘီတွေ သောက်သုံးပုံ ဘေးထွက်ဆိုးကျိုးလေးသိချင်ပါတယ်ဆရာ စသောက်တာ တနေ့ကို ဘီဝမ်း 50mg B12 35mg ကို တနေ့သုံးကြိမ်သောက်တယ် သောက်တာဆယ်ရက်ကျော်ပြီ တမြန်နေ့ကစ လက်မကြွက်သားတွေလှုပ်လာလို့ ဆေးနဲ့သက်ဆိုင်မှုရှိမရှိသိချင်ပါတယ်ဆရာ

ဗီတာမင်တွေဆိုတာ လူတိုင်းမှာ မရှိမဖြစ်တဲ့အာဟာရဓါတ်ဖြစ်တယ်။ လူတိုင်း နေ့စဉ်သားသောက်နေတာထဲမှာ ပါနေပြီးသားဖြစ်တယ်။ တချို့မှာ နည်းနေကြတယ်။ လိုအပ်ချက်တွေ မတူကြပါ။ အစာအသောက်တွေ မတူကြပါ။ ဆေးဝါးထုတ်လုပ်ရောင်းချခြင်းဟာ မွန်မြတ်တဲ့ အသက်မွေးမှု မှန်ပေမဲ့ ခုခေတ်မှာ စီးပွါးရှာနည်းကောင်းတွေထဲက သတိထားစရာဖြစ်နေပြီ။ ကြော်ငြာကောင်းတွေက ဆွဲဆောင်တယ်။ မလိုပဲ သောက်နေသူတွေက မနည်းလှပါ။ ဗီတာမင်တွေ လိုတာထက်ပိုရင် သတိထားရမယ်။

ဗီတာမင်စီနဲ့ သွပ်ဓါတ်များရင် ပျို့စေမယ်။ ဝမ်းပျက်မယ်။ ဗိုက်နာမယ်။ Selenium ဓါတ်ဆားများရင် ဆံပင်ကျွတ်မယ်။ အစာလမ်းကသိကအောင့်ဖြစ်မယ်။ အားနည်းမယ်။ အာရုံကြောကို နည်းနည်းထိခိုက်မယ်။

ဖြည့်စွက်စာတွေကနေ ဗီတာမင်ဒီ၊ ကယ်လ်စီယမ်နဲ့ ဖေါလစ်အက်စစ်တွေ လိုထက်ပိုထည့်ရောင်းနေကြတယ်။ လူကြီးတယောက်အတွက် တနေ့မှာ ဗီတာမင်ဒီ 4,000 IUs နှလုံးကို ထိခိုက်မယ်။

ကိုယ်ဝန်ဆောင်စမှာ Folic acid ဖေါလစ်အက်စစ်သောက်ခြင်းအားဖြင်း မွေးရာပါကလေးအာရုံကြောင်ဆိုင်ရာချို့ယွင်းချက် 25% ကနေ 50% အထိ နည်းစေတာ မှန်တယ်။ ဒါပေမဲ့ အစားအသောက်ထဲကနေ 1,000 micrograms အထိ ရနေသူတွေက များတယ်။ ဆေးအပို မလိုကြပါ။ အဲတာများသွားရင် Vitamin B12 နည်းတာဖြစ်စေနိုင်တယ်။ အဲတာက အာရုံကြောပျက်စီးစေနိုင်တယ်။

Thiamine (B1) ဗီတာမင် ဘီ (၁)
• အိပ်မပျော်၊
• ရင်တုန်၊
• သွေးဖိအားတက်၊
• ဆေးမတည့်တာဖြစ်၊
• စိတ်တို-ဒေါသထွက်၊

Riboflavin (B2) ဗီတာမင် ဘီ (၂)
• အားယုတ်၊
• သွေးအားနည်း၊
• အန်၊
• သွေးဖိအားကျ၊
• ပျို့၊

Niacin (B3) ဗီတာမင် ဘီ (၃)
• ခေါင်းကိုက်၊
• အရေပြားယား၊
• skin အရေပြားနီမြန်း၊
• ခေါင်းထဲထိုး၊
• ပျို့-အန်၊

Pantothenic Acid (B5) (ပင်တိုသဲနစ်-အက်စစ်)
• ကိုယ်ရောင်၊
• အဆစ်နာ၊
• စိတ်ကျ၊
• ရေဓါတ်နည်း၊
• အားယုတ်၊

Pyridoxine (B6) ဗီတာမင် ဘီ (၆)
• လက်ဖျားထုံ-ကျင်၊
• ကြွက်သားတွေ ပူးတွဲလုပ်ဆောင်တာနည်း၊
• စိတ်အခြေပြောင်း၊
• စိတ်ဓါတ်ကျ၊

Folic Acid (B9) ဗီတာမင် ဘီ (၉)
• ကျောက်ကပ်မကောင်း၊
• အစားပျက်၊
• ဗိုက်ကယ်၊
• ပျို့-အန်၊

Cyanocobalamin (B12) ဗီတာမင် ဘီ (၁၂)
• စိုးရိမ်၊
• လက်ချောင်း-မျက်နှာ ထုံ-ကျင်၊

ဗီတာမင် ဘီ အုပ်စုဆေးကို အောက်ကစာရင်းထဲပါနေသူတွေ ဆရာဝန် မညွှန်ဘဲ မသောက်ပါနဲ့။
• ကိုယ်ဝန်ဆောင်ချိန် နဲ့ ကလေးနို့တိုက်ချိန်၊
• အစာအိမ်ရောဂါ၊ အသဲရောဂါ၊ ဆီးချိုရောဂါ၊ ဂေါက်ရောဂါ ရှိနေသူ၊
• တခြား (ဟာဗယ်) အားဆေးတွေလဲ သောက်နေသူ၊
• ဆေးမတည့်တတ်သူ၊

သတိထားစရာတွေ -
• ဝက်ခြံရှိနေသူတွေ Vitamin B complex နဲ့ Vitamin B12 တွဲမသောက်ပါနဲ့။
• (ကိုလက်စထော) ကျဆေးတွေဖြစ်တဲ့ Zocor, Mevacor, or Crestor သောက်နေရင် Vitamin B3 မသောက်ပါနဲ့။
• (ဘိုင်ပိုလာ-ဒစ်အော်ဒါ) ကြောက်စိတ်နဲ့ စိတ်ကျရောဂါ ရှိနေသူ Inositol နဲ့ Vitamin B complex ကို ဆရာဝန်မညွှန်ဘဲ မသောက်ပါနဲ့။
• Vitamin B3 (Niacin) များရင် ရှားရှားပါးပါး Blurred vision မျက်စိဝေဝါးတာ၊ Nausea ပျို့တာ၊ Vomiting အန်တာ ဖြစ်နိုင်ပြီး၊ Stomach ulcers အစာအိမ်နာကို ဆိုးစေတတ်တယ်။
• Folic acid (ဖေါလစ်-အက်စစ်) များရင် Methotrexate ကင်ဆာဆေးနဲ့ ဓါတ်ပြုနိုင်တယ်။

ဆေးဝယ်ရင် ဆေးကုမ္ပဏီကောင်းကနေ ထုတ်တာ ဝယ်သင့်တယ်။ ကြော်ငြာကောင်းတိုင်း ဆေးပိုမကောင်းတတ်ပါ။ အစားအသောက်အနေအထိုင် မတူကြလို့ တယောက်ချင်းကို ကြည့်ပြောမှသာ မှန်တယ်။

ဒေါက်တာတင့်ဆွေ
၂၂-၅-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး