Ta Ta တာ့တာ

နှုတ်ဆက်စကား တာ့တာ ဆိုတာ မွေးစားစာလုံးလား မြန်မာအဓိပ္ပါယ်ရှိလား သိချင်ပါတယ်ဗျ ကျေးဇူးပြု၍ ဖြေပေးစေလိုပါတယ်

တာ့တာကို ဘယ်ကနေလာသလဲ လိုက်ရှာရင် အိန္ဒိယကလို့ ဖြေထားတာတွေ တွေ့ပါမယ်။ အရင်းအမြစ်က ဗြိတိသျှ အင်္ဂလိပ်စကားဖြစ်ပါသတဲ့။ ကလေးချော့သီချင်းထဲမှာ ဂွတ်ဘိုင် အစား တာ့တာလို့ သုံးလာတာ ၁၈၂၃ ကတည်းကလို့ ဆိုပါတယ်။

အဲဒီစာလုံးက အီတလီနဲ့ လက်တင်လို ဒက်ဒီတဲ့။

ကျွန်တော်တို့တတွေ မသိပဲပြောဆို ရေးသား သုံးစွဲနေတာတွေ၊ တစိတ်တပိုင်းသာသိတာတွေ၊ မှားနေတာတွေ၊ မနည်းမနောရှိတယ်။ သိချင်စိတ်ရှိတာ ကောင်းတယ်။

ဒေါက်တာတင့်ဆွေ
၂၅-၅-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး