ရေသည်ယောက်ျားဆို

စာမွန်ပေကောင်း ကျောင်းမှာသင်ခဲ့ရသူတယောက်က ကွန်မင့်ရေးပါတယ်။ ဆံထုံးတော်ကြီး တမာသီးနှင့် ခါးစီးဝတ်လဲ ချုပ်စပြဲကို တွယ်အပ်နှင့်တွယ်လူမြင်သမျှ စိတ်ပျက်အောင် လှပါတဲ့ မရေသည် တဲ့။ သတ်ပုံ နည်းနည်းပြင်ပြီး ဖြည့်စွက်လိုက်ပါတယ်။

ရေသည်ယောက်ျားဆို
ဆံထုံးတော်ကြီး၊ တမာသီးနှင့်၊ ခါးစည်းဝတ်လဲ၊ ချုပ်စပြဲကို၊ တဲအပ်နှင့်တွယ်။ လူမြင်သမျှ၊ စိတ်ပျက်အောင် လှပါတဲ့၊ မရေသယ်။   ။ ကုန်သွယ်ရေရောင်း၊ စီးပွားကြောင်းနှင့်၊ လူကောင်း ကိုယ့်မောင်၊ ရုံးလှဆောင်၊ ဝအောင်စား၍၊ ခါးဝတ်တဲ့ပြင်၊ လက်ကပ်-ခြေကပ်၊ ပိုမိုမြတ်လို့၊ အဖတ်တင်၊ အိမ်တွင်အများ၊ သံသေတ္တာနှင့်၊ လုံးစွာထား၊ ငွေသားလေးရွေးရှိပါတယ်။   ။ သည်ပစ္စည်းတွေ၊ လေးရွေးငွေကြောင့်၊ စိတ်သေလက်ချ၊ မအိပ်ရနိုင်ဘူး၊ ညမှုညလူ၊ သူခိုးများ ပူလွန်းလို့၊ ကိုယ်ထူ-ကိုယ်ထ၊ ကင်းဝတ်လှဲ့၍၊ စောင့်ခဲ့ရ၊ ကာလ မနည်းကြာပါပြီ။   ။ ညစာနံနက်၊ စားရရက်မှာတော့၊ မြက်သီးရောရါ၊ မုရင်းဆိုတဲ့၊ ဆန်အိုတာကို၊ ရတနာချဉ်ပေါင်၊ ငါးပိအရှင်း၊ ဆီမဆင်းတဲ့၊ ဟင်းများနောင်နှင့်၊ အာခေါင်ကိုဆွတ်၊ မဝင်မချင်း၊ လည်ချောင်းကိုစင်းပြီးလျှင်၊ အတင်းသာသွတ်ရတယ်။   ။ ခါးဝတ်လဲမှာ၊ မျက်မြင်ပါဘဲ။ ဥစ္စာပြည့်စုံ၊ ဓနဂုဏ်နှင့်၊ ကုံလုံဘိခြင်း၊ မသိမ်ဖျင်းပါဘူး၊ လူဆင်းရဲ မမှတ်ပါနှင့် အမိငယ်။

ဦးပုညရေးသားတဲ့ ရေသည်ပြဇာတ်ထဲက ဖြစ်ပါတယ်။ ကျွန်တော်တို့ဆယ်တန်းမှာ ပြဋ္ဌာန်းတယ်။ ခုခေတ်မှာတော့ ဆံထုံးတော်ကြီး၊ တစ်မာသီးတဲ့။

ဒေါက်တာတင့်ဆွေ
၃၀-၅-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ