ပိုတိကျအောင်ပြောရရင်

ကွန်မင့်ရလို့ ရေးပါတယ်။ ဆရာ မကြိုက်ဆုံးက တ ကို စသတ် တစ်ပဲ တဲ့။

ပိုတိကျအောင်ပြောရရင်
၁။ မူရင်းစာတွေကို သတ်ပုံပြင်ပြီး စာအုပ်ထုတ်ရောင်းစာကြခြင်းဖြစ်ပါတယ်။
၂။ မူရင်းစာတွေကို သတ်ပုံပြင်ပြီး ဒေါင်းလုဒ်စာအုပ် တင်နေကြခြင်းဖြစ်ပါတယ်။
၃။ မူရင်းစာတွေကို သတ်ပုံပြင်ပြီး ကျောင်းစာအုပ်ထဲထည့် သင်နေကြခြင်းဖြစ်ပါတယ်။

ကိုယ်တတ်ရင် ကိုယ့်စာ ကိုယ်ကဗျာမှာ ကိုယ်တတ်တဲ့သတ်ပုံနဲ့ရေးကြတာ သိပ်မပြောလိုပါ။

ပုထုဇနော ဥမ္မတကော

ကွန်မင့်တခုရတယ်။ စာလုံးပေါင်းတွေကို Sensitive သိပ်ဖြစ်လွန်းတာစိတ်ရောဂါတစ်မျိုးလား။

မှားတာကို မှားတယ်လို့ပြောခြင်းသည် ဥမ္မတကော။
မှားတာကို မပြောမခံလိုခြင်းသည် ဥမ္မတကော။
အမှားနဲ့သာနေလိုသော တိုင်းပြည်သည်လည်း ဥမ္မတကောဖြစ်၏။
တတက်စားလည်း ကြက်သွန်၊ တပိဿာစားလည်း ကြက်သွန်တည်း။

ဒေါက်တာတင့်ဆွေ
၂၆-၅-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး