Invalid Vote တိမ်မည်းညိုရိပ်တွေ

ပယ်မဲအကြောင်း ပြောနေကြတယ်။ ပြောလည်း ပြောသင့်တယ်။

ကျွန်တော်ကတော့ မအံ့သြပါ။ ပြည်ပနိုင်ငံရေး ၂၄ နှစ်အတွင်းမှာ မဲပေးပွဲပေါင်းများစွာကို ကြုံခဲ့ပါတယ်။ ပယ်မဲမရှိခဲ့ မရှိသလောက်လို့ ထင်တယ်။

ဆရာဝန်အရင့်အမာကြီးတွေ သူတို့ချည်းဆုံတွေ့တဲ့အခါ ဆေးကျောင်းသားတွေလို သဘောထားကြတယ်။ အမတ်မင်းတွေလည်း သူတို့ချည်းသာပါတဲ့အခါ ငယ်ကုန်ကြတယ်။ ဒါက အကြောင်းတရားတပါး။

ဝန်ကြီးတွေရော အမတ်တွေပါပါတဲ့ ရွေးကောက်တင်မြှောက်ပွဲတချို့မှာ တင်မြှာက်ရမဲ့ပုဂ္ဂိုလ်အမည်က သေချာနေတဲ့အခါ တမဲနှစ်မဲလောက်က ဘယ်လိုမှ မထင်မှတ်တဲ့သူတဦးကို မဲပေးတတ်ကြတယ်။ ဒါကအကြောင်းတရား နောက်တပါး။ ကိုယ့်နာမည်ကိုယ် မဲမပေးမိသူမျိုးလည်း ကြုံရဖူးတယ်။

လူမှန်သမျှဟာ အလုပ်ထဲမှာ အမြဲကြည်လင်ရွှင်ပြနေကြတာမဟုတ်ပါ။ အရပ်စကားတခုရှိတယ်။ စိတ်တိုနေသူတယောက်ကို တွေ့ရင် အိမ်ကသူ့မိန်းမနဲ့ စကားများလာပုံရတယ်လို့။ အမျိုးသမီးဆိုလည်း သူ့ခင်ပွန်းနဲ့ အဆင်မပြေဖြစ်လာပုံရတယ်လို့။ လွှတ်တော်ထဲမှာ အဲလိုမဖြစ်ပါလို့ ၁ဝဝ% အာမမခံနိုင်။ ဒါကအကြောင်းတရား နောက်တပါး။

တိမ်တောင်သဘွယ်ဆိုတာက နောက်အကြောင်းတရားတပါး။ မဲလည်း မည်းတဲ့အခါ မည်းတယ်။ အမည်းကနေ အဖြူပြောင်းတဲ့ခေတ်ကို ကြုံဖူးတယ်။ မြန်မာပြည်မှာ မိုးကောင်းကင်က အမြဲလိုလိုမည်းနေတယ်။ မိုးတာ့မရွာ။

ဒေါက်တာတင့်ဆွေ
၂၈-၃-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ