လမင်းတရာ

Naung Kyaw ကြည်အောင်ရဲ့ ကဗျာပေါင်းချုပ်ထွက်တယ်လို့ ကြားရ သိရကတည်းက လိုချင်နေတာ။ ၁၉၈၈ မတိုင်ခင်တုန်းကဆိုရင် ကျနော်အကြိုက်ဆုံး ကဗျာဆရာလို့ ပြောနိုင်တဲ့ ပြောရမယ့် ကဗျာဆရာပါ။

Tint Swe သတ်ပုံတွေ ပြင်ထားပါသလား။ ကျေးဇူး။

Naung Kyaw ကျနော်က ညနေကမှ ဝယ်လာတော့ အကုန်မဖတ်ရသေးဘူးခင်ဗျ။ ဒီလိုတော့ တွေ့ပါတယ်။

Tint Swe ဟုတ့့်

အချစ်

အဖိုးအိုလျှင့့်
ညောင်ညိုရိပ်အောက်၊ ပုဆိန်မြှောက်ကာ
ထင်းပေါက်ခွဲပြီး၊ ချွေးဖြာစီး၏။

အဖွားအိုက့
ရေချိုတခွက်၊ လက်လှမ်းဆက်သည်
အော့့် သက်ရွယ်ခါးကုန်း၊ သွားကြွေပြုန်းလည်း
ချစ်တုန်းခင်တုန်းပါတကား။     ။

ကြည်အောင် (ငွေတာရီမဂ္ဂဇင်း ၁၉၆၃)

ကျွန်တော်တို့ မန္တလေးဆေးကျောင်းသားဘဝမှာ လမင်းတရာအငြိမ့်ကို သွားသွားကြည့်ကြတယ်။ ကြည်အောင်နောက်မှာ ပေါ်ထွန်းလာကြတဲ့ ကဗျာဆရာတွေခေတ်မှာတော့ လမင်းတစ်ရာလင်းထွန်းလာသတဲ့။ မြန်မာပြည်မှာ လမင်းတရာ သာပါစေသည်း။ လမင်းတစ်ရာ ကွယ်ပါစေသတည်း။ ကြည်အောင်ရဲ့ရေချိုတခွက် သောက်သုံးနိုင်ကြပါစေသတည်း။

ဒေါက်တာတင့်ဆွေ
၁၉-၃-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး