DMMA မွေးနေ့

၇ဝ ခုနှစ်မတိုင်မီကတော့ မန်းတက္ကသိုလ်
ခုတော့ ဇာတာစစ်ရင် အို
ဝတ်စားရတာက ကပိုကရို
လူပို သားသမီး မြေးမြစ် တွဲလွဲခို
နဂိုလို မစို
၇ဝ တွင်းချဉ်းနင်းလာတော့ ငယ်ငယ်ကထိန်းချီခဲ့တဲ့ အဖွားကို သတိရပို။

ပုံထဲက မတင်တင် ခေါ် မြမြအေးဟာ မန္တလေးဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်မှာ ပဌမနှစ် ၁၉၆၆ ခုနှစ်တက်စဉ်ကဖြစ်ပါတယ်။ အခုတော့ သားသမီး ၅ ယောက်၊ မြေး ၇ ယောက်နဲ့ မြစ်တယောက်ရှိပါပြီ။

ဒေါက်တာတင့်ဆွေ
၂၂-၃-၂ဝ၁၈

Comments