Conference table စားပွဲလည်း အရေးကြီးတယ်

ရှစ်ဦးမြောက်သမတလက်ထက်မှာ အပွင့်ဆိုင်ဆွေးနွေးပွဲသတင်းတွေ တခုပြီးတခုထွက်ခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်က (၄) ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးစပြောခဲ့တယ်။ ပြည်ထောင်စုလွှတ်တော် ဆုံးဖြတ်ချက်က (၆) ပွင့်ဆိုင်တဲ့။ ရန်ကုန်တိုင်း ကရင်ဝန်ကြီးက (၁၂) ပွင့်ဆိုင်တဲ့။ စစ်ကိုင်းတိုင်း ချင်းရေးရာဝန်ကြီးက (၁ဝ) ပွင့်ဆိုင်တဲ့။ သမတလုပ်လိုက်တာက (၄၈) ဦးပါအစည်းအဝေးကြီး။

ဇန္နဝါရီ ၂၅ ရက်နေ့မှာ ဘယ်သူကမှမပြောတဲ့ (၅) နဲ့ (၅) စကားပြောဖြစ်ကြပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် + ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း + ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)  ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ + ဒုတိယဗိုလ်ချုပ်ကြီးမြထွန်းဦး + ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒေါ်အောင်ဆန်းစုကြည် + ဦးဝင်းထိန် + ဦးဝင်းမြင့် + ဒေါက်တာဇော်မြင့်မောင် + ဒေါက်တာတင်မျိုးဝင်း။

လွှတ်တော်မှာ အဆိုပြုခဲ့တာက ၂ဝ၁၄ နိုဝင်္ဘာလကတည်းကဖြစ်လို့ အဲဒီဆွေးနွေးပွဲဖြစ်ဖို့ရာ (၆) လကြာခဲ့တယ်။ စားပွဲအခင်းအကျင်းကြောင့်လားလို့ ကျွန်တော်ကတွေးမိခဲ့တယ်။

ဗီယက်နမ်စစ်ပွဲကာလအတွင်း တောင်ဗီယက်နမ်နဲ့ မြောက်ဗီယက်နမ်တို့ကို တွေ့ဆုံဆွေးနွေးကြဘို့ ၁၉၆၈ နှစ်မှာ အမေရိကန်သမတ ဂျွန်ဆင်ကကြိုးပမ်းခဲ့စဉ်က အသေးအမွှားလေးကအစ နှစ်ဖက်သဘောမတူကြလို့ ဆွေးနွေးပွဲကို တော်တော်နဲ့မစနိုင်ခဲ့ပါ။ တောင်ဗီယက်နမ်က အလံနဲ့ နာမည်ကပ်ရေးတာ၊ ဘယ်သူကစပြောမလည်း၊ ကွန်ဖရင့်ရဲ့ အသွင်အပြင် အနေအထား စတာတွေကို တင်လိုက်တယ်။ အဲတာထဲမှာ စားပွဲပုံစံလည်းပါတယ်။ မြောက်ဗီယက်နမ်က လေးဒေါင့်ပုံစားပွဲကိုသာ ဖြစ်ချင်တယ်။ လေးပွင့်ဆိုင်မှာ NLF ကိုပါ သာတူညီမျှဖြစ်ချင်လို့တဲ့။ အမေရိကန်ကတော့ နှစ်ဖက်တည်းသာပါတဲ့ မျက်နှာချင်းဆိုင်စားပွဲကိုလိုလားတယ်။ ၂-၁-၁၉၆၉ ရောက်မှသာ စားပွဲဝိုင်းသုံးကြဘို့ သဘောတူခဲ့ကြပါတယ်။

ကျွန်တော်တွေးခဲ့တာက အဲလိုအဖြစ်အပျက်ရှိလို့သာပါ။ မြန်မာပြည်မှာတော့ စားပွဲကြောင့် မဟုတ်။ ကုလားထိုင်ကြောင့်။

ဒေါက်တာတင့်ဆွေ
၂၉-၃-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး