Bamboo shoot မျှစ်

ကျွန်တော်က မျှစ်ကို အတော်ကြိုက်ပါတယ်။ ပြည်တွင်းကမျှစ်နဲ့ဝေးနေတာ ၂၈ နှစ်။ ပြည်ပနိုင်ငံရေးလုပ်ရစဉ်က ထိုင်းကို ခဏခဏသွားခဲ့ရတာ အခေါက်တိုင်းမှာ မျှစ်ဝယ်ပြန်ပါတယ်။ မျှစ်စို့ကြီးတွေကို ကျောပိုးအိတ်မှာ နိုင်သလောက်ထည့်ပြီး သယ်လာပါတယ်။ ခတ္တမန္ဒူသွားတိုင်းတော့ မှိုဝယ်လာတယ်။ နယ်စပ်ရောက်တိုင်းလည်း မျှစ်ဝယ်ဖြစ်တာများတယ်။

မာနယ်ပလောခေါ်တဲ့ အတိုက်အခံမှန်သမျှရဲ့ဌာနချုပ်ကိုလည်း ၁၉၉၅ မတိုင်ခင်မှာ သုံးခေါက်ရောက်တယ်။ ဝါးတောထဲက ကျွန်တော်တို့ရုံးမှာ ဗုံးခိုကျင်းရှိတယ်။ ထမင်းစားရင် မျှစ်ဟင်းပါတယ်။

ဒေလီမှာနေစဉ်က ပုလဲကအသိတယောက် နေပြည်တော်မှာ တာဝန်ကျနေတာ၊ ကျွန်တော်အကြိုက်ဆုံးဖြစ်တဲ့ မျှစ်စိမ်းကပို့မရတော့ မျှစ်တွေကို သူကိုယ်တိုင် လှီးစိတ်ပြီး၊ မျှစ်ခြောက်လုပ်ထားသတဲ့။ အဆင်မသင့်ချင်တော့ ကျွန်တော်က နေရာတခုထပ်ပြောင်းရပြန်လို့ လက်ဆောင်က မရောက်နိုင်တော့ပါ။

မျှစ်ဆိုတာ ဝါး။ မုံရွာနဲ့ ပုလဲမှာလည်း မျှစ်ပေါပေါများများရတယ်။ စာထဲမှာသာဖတ်ရတဲ့ တပင်တိုင်ဝါးကို မသိပါ။ တပင်တိုင်မျှစ်လည်း မစားဖူးပါ။ မြန်မာစာအဖွဲ့ကနေ တစ်ပင်တိုင်အလုပ်ခိုင်းထားလို့ အဲသည်မျှစ်ကိုသာစားရရင် မျိုမကျလောက်။

ဒေါက်တာတင်ဆွေ
၃ဝ-၃-၂ဝ၁၅
၃ဝ-၃-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ