ပုကံ ခေါ် ပုဂံ

ဟိုတခါတုန်းက ပုံပြင်တွေထဲမှာ
ရှေးရှေးတုန်းက ရှေးစကားတွေထဲမှာ
လွန်လေပြီးသောအခါ စိတ်ကူးယဉ်ရာဇဝင်တွေထဲမှာ
ပုဂံဟာ အဲတာတွေထဲမှာ မပါ

အခိုင်အမာပုထိုး အုတ်ကျိုး
တန်ခိုးကြီးဘုရား မြို့ဝင်တခါး
အများလေးစား အား
နှစ်တထောင် စကား

ပုဂံနံရံ ကျန်
ဟန် ဈာန်
တကယ်စံ တကယ်မာန်

ဒေါက်တာတင့်ဆွေ
၁၈-၃-၂ဝ၁၈

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး