Unengaged head ကလေးခေါင်းမဆိုက်သေးခြင်း

၁။ မင်္ဂလာပါဆရာ ကျမအသက် ၂၈ နှစ် အိမ်ထောင်ရှိ,ပထမကိုယ်ဝန်က miscarriage ဖြစ်ဖူးပါတယ် ခုကိုယ်ဝန်ကတော့ ၃၈ ပတ်ရှိပါပြီဆရာ ရိုးရိုးမွေးဖို့လုပ်ထားတာပါဆရာ ဒါပေမယ့် မနေ့က ဆေးခန်းပြတော့ဆရာဝန်မက ကလေးခေါင်း အောက်မစိုက်သေးဘူးလို့ပြောပါတယ်ဆရာ ကလေးကလဲ ထွားတယ်ပြောပါတယ် အဲ့ဒါနဲ့ ဆေးခန်းတပတ် ထပ်ချိန်းထားပါတယ်ရှင့် ဒီကြားထဲဗိုက်နာရင်ရိုးရိုးမွေးကြည့်ပါ ရက်ချိန်းပြည့်လို့ မမွေးသေးရင် ကလေးအခြေနေကြည့်ပြီး ခွဲသင့်ခွဲမယ်ပြောပါတယ် ကျမသိချင်တာက ကလေးက ၈ ပေါင် သို့မဟုတ် ၉ ပေါင်လောက်ရှိနိုင်မယ့်အခြေနေမျိုးဆိုရင် ရိုးရိုးဖွားဖို့ လွယ်မလား ဒါမှမဟုတ် ခွဲလိုက်သင့်သလားလို့သိချင်တာပါဆရာ ကလေးခေါင်းအောက်မစိုက်ရင်ကော ခွဲကိုခွဲရမှာပါလားဆရာ ကျေးဇူးပြုပြီးဖြေကြားပေးပါဦးရှင့် လေးစားစွာဖြင့်

၂။ ဆရာ သမီးဆရာဝန်တယောက်ပါ။ နာမည်ကတော့ profile ထဲကအတိုင်းပါဆရာ။ သမီးတို့ဆေးရုံမှာ G1P0 ကို three fifth above the brim ကို high head ဆိုပြီးခွဲမွေးနေတာကို ကျေးဇူးပြုပြီး post တင်ပေးပါဦးဆရာ။ သမီးတို့က အငယ်မို့လို့ OG ကတမျိုး TMO ကတမျိုးနဲ့ ဘယ်ဟာကိုအမှန်ယူရမလဲမသိတော့လို့ပါ။ ဒါလေးတောင် high head ကို မသိရင် ဆရာဝန်မလုပ်နဲ့လို့ ပြောခံထိနေလို့ပါဆရာ။ သမီးတို့်နယ်မှာ LSCS တွေများနေလွန်းလို့ပါဆရာ။

ဒုတိယမေးခွန်ထဲက ဆေးပညာသုံးအတိုကောက်တွေကတော့ သားဦးကိုယ်ဝန်။ အရင်ကလည်းမပျက်ဖူးသူ၊ သားအိမ်ဝ လက် ၃ လုံးပွင့်၊ ကလေးခေါင်းက တင်ပါးဆုံရိုးကွင်းအဝိုင်းအထက်မှာ၊ OG ကသားဖွါးမီးယပ်အထူးကုဆရာဝန်၊ TMO ဆိုတာ မြို့နယ်ဆရာဝန်၊ high head ဆိုတာ ကလေးဦးခေါင်းမြင့်နေခြင်း။ LSCS ဆိုတာ ဗိုက်ခွဲမွေးဖွါးခြင်းလို့ ဆိုလိုပါတယ်။ ကျွန်တော်က အိုဂျီမဟုတ်ပါ။ ကိုယ်ဝန်ဆောင်ဆေးပညာကို စိတ်ဝင်စားယုံမက ကလေးတွေအများကြီး မွေးပေးခဲ့တယ်။ စာတွေလည်း ဆက်ဖတ်နေပါတယ်။

ကိုယ်ဝန်ဆောင်မှာ ရင့်လာချိန်ရောက်ရင် အထဲကကလေးခေါင်းက အောက်ကျကျလာတယ်။ Lightening လို့ခေါ်တယ်။ သားဦးကိုယ်ဝန်မှာ မမွေးခင် ၃ ပတ်မှာစတယ်။ နောက်ကိုယ်ဝန်တွေမှာတော့ မွေးကာနီးမှသာဖြစ်တယ်။ ကိုယ်ဝန် ၃၉ ပတ်အထိ ကလေးမြင့်နေသေးရင် ဖြစ်စေနိုင်တဲ့ အကြောင်းအချက်တွေ ရှာရပါမယ်။

အဲလိုဖြစ်နေရင် မိခင်လောင်း အသက်ရှူရတာခက်ခဲနေသလား။ အထဲမှာ ကလေးကကြီးကြီးလာနေတယ်။ အသက်ရှူကြွက်သား ဒိုင်ယာဖရမ်ကို တိုးမယ်။ အသက်ရှူတိုင်း ၁ လက္မခွဲ မြင့်-နိမ့်ဖြစ်နေတာ။ အစာလမ်းကိုလည်း သက်ရောက်မယ်။ ကလေး အလေးချိန်က ၆ ပေါင်ကနေ ၉ ပေါင်အထိရှိနေပြီ။ မိခင်လောင်းရဲ့ အစာအိမ်နဲ့ အူတွေကို ဖိနေတယ်။ ဟဒ်ဘန်း ခေါ် ရင်ပူမယ်။ လေတက်မယ်။ အက်စစ်ရည် အထက်ဆန်မယ်။ ဗိုက်အောင့်မယ်။

ကိုယ်ဝန် ၃၉ ပတ်အထိ ကလေးမြင့်နေသေးရင် စမ်းသပ်စစ်ဆေးမှုတွေလုပ်မယ်။ အာလ်ထွာဆောင်းထပ်ရိုက်နိုင်တယ်။ ကလးသိပ်ကြီးနေသလား။ ကလေးအနေအထား။ ၉၇% ကလေးတွေက ခေါင်းကအောက်စိုက်နေတယ်။ ၃% သာ တခြား အနေအထားရှိတယ်။ ကန့်လန့်အနေအထားဆိုရင် ခွဲမွေးရတယ်။ ရေမြွာပေါက်ပြီး ခေါင်းမဆိုက်သေးရင် ခွဲရနိုင်တယ်။ ချက်ကြိုးကျွံတာဖြစ်နိုင်တယ်။ ကိုယ်ဝန် ၃ဝဝ မှာ ၁ ယောက် ဖြစ်နိုင်တယ်။

မေးခွန်းကို နားလည်အောင် စမ်းသပ်ပြီး မှတ်ချက်ရေးတာပါ ထည့်ပါရစေ။
• 0/5 = fully engaged ပဲလ်ဗစ်ဘရင်အထက်မှာ ကလေးခေါင်းစမ်းမရတာကို အပြည့်အဝ ခေါင်းဝင်နေပြီ။
• 1/5 palpable = 4/5 deeply engaged ပဲလ်ဗစ်ဘရင်အထက်မှာ ကလေးခေါင်း လက် ၁ လုံးစာစမ်းရ + လက် ၄ လုံးစာက အတွင်းထဲမှာ။
• 3/5 palpable = 2/5 engaged ပဲလ်ဗစ်ဘရင်အထက်မှာ ကလေးခေါင်း လက် ၃ လုံးစာစမ်းရ + လက် ၂ လုံးစာက အတွင်းထဲမှာ။

ကိုယ်ဝန် ၅ဝ% မှာ ၃၈ ပတ်နဲ့ ၄၂ ပတ်အတွင်း ခေါင်းဝင်ကြတယ်။ Engagement လို့ ခေါ်တယ်။ သားဦးကိုယ်ဝန်မှာ အများစုက ၃၆ ပတ် (၂၅၂ ရက်) နဲ့ ၃၈ (၂၆၆ ရက်) ပတ်မတိုင်မီ ခေါင်းမဝင်ပါ။

ဘာကြောင့် ကလေးခေါင်းက မိခင်အရိုးကွင်းထဲ ဝင်မလာသေးသလဲ
CPD ခေါ် ကလေးခေါင်းက မိခင်အရိုးကွင်းနဲ့ မမျှအောင်ကြီးနေခြင်း၊ အချင်းရှေ့ရောက် ခေါ် အချက်းအောက်ကျခြင်းနဲ့ ဖိုက်ဘရွိုက် ခေါ် မိုင်ယိုးမား ခေါ် သားအိမ်အလုံး ရှိနေခြင်းတွေက သိသာထင်ရှားတဲ့ အကြောင်းခံတွေဖြစ်တယ်။

Baby’s station ခေါ် ကလေးခေါင်းဘယ်စခန်းရောက်နေသလဲ အရေးကြီးတယ်။ မွေးလမ်းကို လက်နဲ့စမ်းမယ်။ သားအိမ်ဝ ဘယ်လောက်ပွင့်နေပြီလဲ စမ်းမယ်။ Ischial spines အစ်ချီရယ်စပိုင်း အရိုးစွန်းနှစ်ခုနဲ့ အထက်-အောက်ကို တိုင်းတာမယ်။ -5 to +5 လို့ရေးမှတ်တယ်။ အမှတ် ၁ မှတ်ဟာ ၁ စင်တီမီတာနဲ့ညီတယ်။ - အနှုတ်ဆိုတာ ခေါင်းမဝင်သေးတာ။ + ဆိုတာ ခေါင်းဝင်တာ။ အစ်ချီရယ်စပိုင်း အရိုးစွန်းနှစ်ခုနဲ့ တတန်းတည်းကို သုညမှတ်။ ခေါင်းအထဲမဝင်သေးတာကို Floating လို့ ခေါ်တယ်။ +4 to +5 station ဆိုရင် ကလေးထွက်လာနေပြီ။

မွေးကာနီး လက္ခဏာ (၅) ခုရှိတယ်။
၁။ Dilation သားအိမ်ဝကျယ်လာခြင်း။
၂။ Effacement သားအိမ်ဝနှုတ်ခမ်းသား ပါးပြီးရှည်လာခြင်း။
၃။ Station ကလေးခေါင်းဘယ်စခန်းရောက်နေသလဲ ။
၎။ Consistency သားအိမ်ဝနှုတ်ခမ်း ပျော့ပြောင်းလာခြင်း။
၅။ Position ကလေးအနေအထား။

Bishop’s score ဘစ်ရှော့ အမှတ်ပေးစနစ်
Score Cervix dilation Cervix effacement Fetal station Cervix position Cervix consistency
0 closed 0% to 30% -3 posterior firm
1 1-2 cm 4% to 50% -2 mid-position moderately firm
2 3-4 cm 60% to 70% -1 anterior soft
3 5+ cm 80% or greater +1 anterior soft

အမှတ် ၃ အောက်နေသေးရင် ရိုးရိုးမမွေးလောက်။ Induction ခေါ် မွေးလာအောင်ကူပေးနည်းလိုပါမယ်။ ၈ မှတ်ရှိရင် အလိုလိုမွေးလာမယ်။ ၁၅ မှတ်အထိအများဆုံးရှိတယ်။

ကိုယ်ဝန်ဆောင်တွေကို ဗိုက်ခွဲမွေးတာမှာ ခုခေတ်မှာ ပိုပိုများလာလာတာ တိုင်းပြည်တိုင်လိုလိုမှာဖြစ်နေတယ်။ ဘာကြောင့် ခွဲမွေးသလဲဆိုတာအကြောင်းတွေက မတူကြပါ။ သားဖွါးမီးယပ်ပညာအရ မဖြစ်မနေခွဲကိုခွဲရမှာရှိတယ်။ မတင်မကျလည်း ရှိတယ်။ လူနာက ခွဲစေချင်လို့လည်းရှိတယ်။ ဆရာဝန်က သု့အမြင်အရဆုံးဖြတ်တာလည်းရှိမယ်။ ဘယ်ရွေးချယ်မှုနဲ့ ဘယ်နည်းကိုရွေးရွေး အဆိုးနဲ့ အကောင်း ချိန်ဆရပါမယ်။

ကျွန်တော် ဘာသာပြန်ဆရာလုပ်နေတဲ့ကျောင်းက မြန်မာပြည်ကကျောင်းသူတယောက်က ပြီးခဲ့တဲ့အပတ်က ပြောပြတယ်။ နောက်ဆုံးကလေးမွေးတော့ သူကရိုးရိုးမွေးချင်တာကို ဆေးရုံကခွဲမွေးပေးသတဲ့။

• C-section linked to stillbirth ဗိုက်ခွဲမွေးခြင်းဟာ ကလေးအသေမွေးတာကိုပိုများစေနိုင် http://doctortintswe.blogspot.com/2015/03/c-section-linked-to-stillbirth.html
• C-section rates vary widely across Europe ဥရောပတိုက်မှာ ဗိုက်ခွဲမွေးနှုန်းကွဲပြားသည် http://doctortintswe.blogspot.com/2015/03/c-section-rates-vary-widely-across.html
• Doctors Urge Patience, And Longer Labor, To Reduce C-Sections http://doctortintswe.blogspot.com/2015/03/doctors-urge-patience-and-longer-labor.html
• LSCS in UK (ယူကေ) မှာ ဗိုက်ခွဲမွေးတာ http://doctortintswe.blogspot.com/2015/04/lscs-in-uk.html
• LSCS ဗိုက်ခွဲပြီး ကလေးမွေးကြတာ များလာစရာရှိ http://doctortintswe.blogspot.com/2017/06/lscs.html
• Normal labor after LSCS ဗိုက်ခွဲမွေးပြီးနောက် ရိုးရိုးမွေးလို့ရသလား http://doctortintswe.blogspot.com/2015/04/vaginal-birth-after-cesarean.html
• Unengaged head ကလေးခေါင်းမဆိုက်သေးခြင်း https://doctortintswe.blogspot.com/2017/06/unengaged-head.html

ဒေါက်တာတင့်ဆွေ
၁၁-၆-၂ဝ၁၇
၂၉-၃-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး